Nova Digital

Nova Digital

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nova Digital, Yangon.

Photos from Lin's post 13/04/2025

ကျွန်တော်တို့ "ငလျင်ဘေးသင့်အလှူ" ဆိုတဲ့ champaign လေးက ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။📬

ရရှိထားတဲ့ အလှူငွေamountများအားလုံးကို စစ်ကိုင်းမှ ငလျင်ဘေးသင့် ပြည်သူများထံသို့ နေ့စဉ်လိုအပ်သော basic supply များအတွက် 700,000 ကျော် နှင့် ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုအခြေအနေကြောင့် လက်ရှိလိုအပ်နေပါသော မိုးကာများအတွက် ငွေကျပ် 300,000တိတိနှင့် mobile toilet အတွက် 900,000 ကျပ်တိတိကို လှုဒါန်းပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ကျွန်တော်တို့အတူတူပူးပေါင်းပြီး လှူဒါန်းလိုက်တဲ့ငွေတွေကတကယ်လိုအပ်နေတဲ့ပြည်သူတွေထံရောက်ပြီး ကောင်းကောင်းအသုံးပြုနေကြပါပြီ။ ထပ်ပြီး ယုံကြည်စိတ်ချစွာနဲ့ပါ၀င်လှူဒါန်းပေးခဲ့သော တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🖇

"Your donation can make a real difference."

Photos from Lin's post 01/04/2025

ငလျင်ဘေးသင့် အလှူ❗️

📢မကြာလေးခင်က လှုပ်ခတ်သွားတဲ့ မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့တဲ့အတွက်ကြောင့် များစွာကြေကွဲ၀မ်းနည်းရပါတယ်။

📍ဒါကြောင့် ပြန်လည်ထူထောင်ရေးနဲ့ အဓိကလိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေအတွက် လှူဒါန်းချင်တယ်၊ စိတ်ချရတဲ့ နေရာလဲမတွေ့ဘူးဆိုရင် ကျွန်တော့်တို့ teamမှာ ယုံကြည်စိတ်ချစွာ လာလှုဒါန်းလို့ရပါတယ်။

တကယ်လိုအပ်မှုရှိနေတဲ့ ဒေသတွေကို စိတ်ချရတဲ့ sourcesတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီးလှူပေးသွားမှာဖြစ်တာမို့ ကိုယ်လှူလိုက်တဲ့ငွေတွေ အကျိုးမရှိတဲ့နေရာတွေဆီရောက်မှာလည်းစိတ်ပူစရာမလိုပါဘူး။

ကျွန်တော်နဲ့ ကျွန်တော်တို့သူငယ်ချင်းတွေကိုယ်တိုင်လဲတနိုင်တပိုင် ကိုယ်တတ်နိုင်သလောက်ပါ၀င်ကူညီပေးတာဖြစ်လို့ အခုဖတ်နေတဲ့လူကြီးမင်းတို့လည်း 1000/2000ကျပ်ကစပြီး မိမိစွမ်းနိုင်သလောက် အနည်းအများမဆို ပါ၀င်ပံ့ပို့ပေးနိုင်ပါတယ်။📢

အကယ်၍ လှူဒါန်းချင်တယ်ဆိုရင်တော့ -
Kpay
09779689223 (Khant Htut Zin)
ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ငွေလွှဲပြီးတဲ့အခါမှာလည်း လှုဒါန်းသူရဲ့ နာမည်နှင့်တကွ ပြေစာကို screenshot ရိုက်ပြီး Page messenger ဒါမှမဟုတ် Telegram account - သို့ပို့ထားပေးပါ‌ဗျ။💌

ကျွန်တော်တို့ဘက်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့အနေနဲ့ certificate လေးလည်းထုတ်ပေးမှာဖြစ်လို့ အခုပဲ လာရောက်လှူဒါန်းဖို့ နှိုးဆော်လိုက်ရပါတယ်။🗣🗣

"Your donation can make a real difference. Donate now to help those in need."

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon