Knowledge Sharing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge Sharing, Yangon.
07/01/2023
ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် အဓိကကျရူံးစေတဲ့ အကြောင်းတရား များဟာ အောက်ပါအတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
၁။ #ချီတုံချတုံဖြစ်ခြင်း ( ၁၃ % )
ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊
ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့လူများ တစ်ပုံကြီးပါ။
မှားမှာကြောက်လို့၊ ဆုံးရူံးမှာကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်၊ ဘယ်အရာမဆို ၁၀၀ % သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေးဟာ
အဲဒီ့နေရာမှာ မရှိတော့ပါဘူး။
၂။ #အချိန်ဆွဲခြင်း ( ၁၉%)
လုပ်မယ်၊ လုပ်မယ်၊ မနက်ဖြန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖြန် ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။
ခဏနေမှလုပ်မယ်၊ မနက်ဖြန်မှလုပ်မယ်၊ နောက်တစ်ပတ်မှစလိုက်မယ် ဆိုတဲ့အကျင့်မျိုးဟာ လူတစ်ယောက်
ကျရူံးစေတဲ့ အဓိကအကြောင်းအရာထဲမှာ ပါပါတယ်။
၃။ #ကောက်ရိုးမီးအကျင့်ရှိခြင်း ( ၈%)
ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊
စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။
သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်ဆိုပြီး ဝိတ်ချတယ်၊
အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်၊ ချလေ ဝလေ ဖြစ်သွားတယ်။
လုပ်ငန်းတစ်ခု စလုပ်တယ်၊အစတော့ အားတက်တရော စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်၊ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။
၄။ #သူများငြင်းဆိုမှု့ကိုကြောက်ရွှံ့ခြင်း ( ၇%)
ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာကြောက်လို့ ရည်းစားစကား မပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အရေးတွေလည်း ဒီလိုပါပဲ၊ ကိုယ်စတောင် မစရသေးဘူး သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။
၅။ #မိမိကိုယ်မိမိဘောင်ခတ်ခြင်း ( ၆% )
ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်၊ လုပ်ကိုင်ဖို့ အခွင့်အရေးလည်းရှိတယ်၊ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ဂုဏ်ကိုငဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်၊ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်၊ဟိုအလုပ်မလုပ်နိုင်ဘူးဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး ဘာကြောင့်ဆိုပြီး ကိုယ့်ကိုကိုယ် ဘောင်ခတ်ထားတာ အများကြီးရှိပါတယ်။
၆။ #အဖြစ်မှန်ကိုရင်မဆိုင်လိုခြင်း ( ၇%)
လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ၊ စိတ်ကူးယဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်၊ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင် အားထုတ်နေတတ်တယ်၊ အချိန်ရှိတိုင်း ထီပေါက်နေချင်တယ်၊ နေ့ချင်း ညချင်း ချမ်းသာချင်နေကြတယ်။
ရ။ #ဆင်ခြေများလွန်းခြင်း ( ၂၂ % )
ဆင်ခြေများလွန်းခြင်း၊အကြောင်းပြချက်များလွန်းခြင်း ဟာဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ၊ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက်အပြည့်အစုံ အမြဲရှိနေတတ်တယ် လုပ်ဖေါ်ကိုင်ဘက်ကြောင့် အလုပ်ရှင်ကြောင့် ခေတ်စနစ်ကြောင့် မိဘများကြောင့် သူငယ်ချင်းကြောင့် အစိုးရကြောင့် သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်၊ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။
၈။ #သင်ယူရန်ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်၊ အားထုတ်ရပါတယ်၊ ဦးနောက်သုံးရပါတယ်။သူတို့ဟာ ဘာပဲလုပ်လုပ်ဘယ်မှာပဲလုပ်လုပ် အလုပ်ကို ပြီးအောင်လုပ်နိုင်တယ်၊
၀တ်ကျေတန်းကျေ လုပ်ပါတယ်၊ အပြစ်တင် လွတ်အောင် လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာ သူတို့မသိကြပါ၊ သိလည်း မလုပ်လိုကြပါ၊ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်း ဆော့နေကြပါတယ်၊ လ္ဘက်ရည်ဆိုင် ထိုင်ကြပါတယ် စကားပြောနေကြပါတယ်။
အဲဒီ့အချက်များဟာ လူတစ်ယောက်ကို ကျရှုံးစေတဲ့ အဓိက အကြောင်းအရာများဘဲ ဖြစ်ပါတယ်။
:
09/02/2022
ရက်ပိုင်းအတွင်း အသားဖြူချင်သူတွေ သတိပြု ဆင်ခြင်ရမယ့်အချက်တချို
====================
====================
အသားညိုသူတွေ တောင် ဖြူဝင်းလှပလာတဲ့ အခုအချိန်မှာ အလှပြုပြင်နည်းလမ်းတွေ၊ နည်းပညာတွေ၊ ထုတ်ကုန်ပစ္စည်းတွေ အမျိုးမျိုးရှိလာပါပြီ။ အသားဖြူဆေးတွေ၊ bleaching products တွေ အများကြီး ဈေးကွက်မှာပျံ့နှံ့နေပြီး အသုံးပြုသူလည်း များလာပါတယ်။ ဒါပေမဲ့ တချို့တွေမှာ အရည်အသွေးနဲ့ ဘေးဥပဒ်ကင်းရှင်းမှုအတွက် အာမခံချက် မရှိတာတွေကြောင့် အသားအရေတွေပျက်စီးတာ၊ အရေပြား ထိလွယ်ရှလွယ်တုံ့ပြန်မှု လွန်ကဲကုန်တာနဲ့ ကုသလို့ မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေအထိတောင် ဖြစ်တတ်ပါတယ်။
တကယ်တမ်းက နည်းပေါင်းစုံ စမ်းလုပ်ကြည့်လို့ အရေပြားထိ ခိုက်ရတာထက် skin care ကောင်းကောင်းလေးသုံးပြီး အသားအရေကို အားဖြည့်၊ သန့်စင်ပေးဖို့ အာရုံ စိုက်မယ်ဆိုရင် အသားဖြူဆေးဆိုတာ မလိုလောက်တော့ပါဘူး။
အလှတရားဟာ ဖြူစင်ကျန်းမာတဲ့ အသားအရေမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ နေ့စဉ် skin care အသုံးပြုပုံတွေမှာ အောက်ပါအမှားတွေကို မလုပ်မိဖို့ သတိထားဆင်ခြင်ဖို့ လိုအပ်မှာပါ။
ပြဒါးပါတဲ့ ကုန်ပစ္စည်းတွေသုံးတာ
သည်လို ပြဒါးပါဝင်တဲ့ ကုန်ပစ္စည်းတွေက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။
ရေဓာတ်ထိန်းသိမ်းမှု မလုပ်ခြင်း
ရေဓာတ်မထိန်းသိမ်းဘဲနဲ့ သုံးမယ်ဆိုရင် အသားဖြူစေတဲ့ ဘယ် အလှကုန်ပစ္စည်းကမှ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အသားအရေ ကျန်းမာလှပစေဖို့ ရေအလုံအလောက် သောက်ပါ။
ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ အသားဖြူဆေးတွေ အသုံးပြုခြင်း
အသားဖြူစေမယ့် ဆေးတွေ၊ ခရင်မ်တွေသုံးရင် အာမခံချက်ရှိတဲ့ အမျိုးအစားကိုသာ ထည့်စဉ်းစားပါ။ ပါဝင်မှုစာရင်းကို label မှာသေချာကြည့်ရှုပါ။ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာပါ။
exfoliation မလုပ်ခြင်း
အရေပြားဆဲလ်သေဖယ်ရှားတဲ့ exfoliation ကို မလုပ်ဘဲနဲ့ တော့ သင့်ရဲ့အသားဖြူရေး ရည်မှန်းချက်က ရလဒ်ကောင်းကောင်းထွက်မှာ မဟုတ်ပါဘူး။ ဆဲလ်သေ ဖယ်ရှားရင် အသားအရေကို သဘာဝအတိုင်း လင်းလက်လာစေနိုင်လို့ပဲ ဖြစ်ပါတယ်။
နေလောင်ခံ ခရင်မ်မသုံးခြင်း
sunscreen မသုံးဘဲ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်မှုက မပြည့်စုံနိုင်ပါဘူး။ နေလောင် ဒဏ်ကို မကာကွယ် နိုင်တာကြောင့် အသားဘယ်လို ဖြူနိုင်ပါ့မလဲ။
ကိုယ်သုံးတဲ့ပစ္စည်းရဲ့ ပါဝင်ပစ္စည်းတွေကို မသိရှိခြင်း
Label ကိုဖတ်မကြည့်ဘဲ သုံးနေတာက အသားအရေအ တွက် စွန့်စားလွန်းရာ ကျပါလိမ့်မယ်။ ကိုယ်နဲ့မတည့်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဆိုးကျိုးပေးနိုင် တဲ့ ပစ္စည်းတွေကိုသုံးမိတဲ့ အခါဖြစ်လာမယ့်အကျိုးဆက်က မကောင်းပါဘူး။
အရင်မစမ်းသပ်ဘဲ အသုံးပြုခြင်း
လက်မှာအရင်မစမ်းသပ်ကြည့် ဘဲ ဘယ်လိမ်းဆေးခရင်မ်ကိုမှ တစ်ကိုယ်လုံး မလိမ်းပစ်ပါနဲ့၊ ကိုယ်မသုံးဖူးသေးတဲ့ ဘယ် skin care ကိုမှ မျက်နှာမှာ ချက်ချင်း တန်းမသုံးပါနဲ့၊ လူသိနည်းတဲ့ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေ မခိုင်မာတဲ့ ပစ္စည်းတွေဆို ပိုဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်တည့်မတည့် အရင်စမ်းသပ် ကြည့်ပြီးမှ သုံးပါ။
facial wipes တွေ သုံးလွန်းခြင်း
မျက်နှာသုတ်တဲ့ wet tissue တွေ၊ facial wipes တွေက အသားအရေထိန်းသိမ်းမှုအတွက် အ ထောက်အကူမပေးနိုင်ဘူးဆိုတာ သတိရပါ။ ခရီးသွားရင်း၊ လမ်းသွားရင်း အရေးပေါ်သာ မျက်နှာသန့် စင်ရေးအတွက်အသုံးဝင်ပေမဲ့ အများစုက အရေပြားအပေါ်ယံ အ လွှာနုလေးတွေကို ပျက်စီးစေပြီး အသားအရေ ကြမ်းတမ်းစေပါတယ်။
မိတ်ကပ်ထူထူလိမ်းခြင်း
တချို့က ထင်ကြပါတယ်။ မိတ်ကပ်များများလိမ်းရင် ပိုလှလိမ့် မယ်၊ မျက်နှာ ပိုဖြူလ်ိမ့်မယ်လို့။ ဒါပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက်ပါ။ အောက်ခံမိတ်ကပ်နဲ့ အ သားဖြူခရင်မ် အသားအရေနဲ့ ထိတွေ့မှုများလွန်းရင် အသားဖြူဝင်း လာမယ့်အစား ထိခိုက်ပျက်စီးမှု ပိုများစေပါတယ်။
သန့်စင်ရေးလုပ်တာ များလွန်းခြင်း
တချို့လူတွေက ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။ မကြာခဏ ရေချိုး၊ ချေးတွန်းပွတ်တိုက်လွန်းတာ၊ သန့်စင်တာ၊ မျက်နှာ ခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေလုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့ အသားအရေ ရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ် ပြာတွေကို လိုတာထက် ပိုမသုံးသင့်ပါဘူး။ cleanser သုံးတာများ လွန်းရင် အသားအရေပျက်စီးစေနိုင်ပါတယ်။
မကြာခဏ ဆဲလ်သေ ဖယ်ရှားခြင်း
Exfoliation လုပ်တာက အသားအရေအတွက် ကောင်းပါတယ်။ ဒါပေမဲ့ သိပ်များလွန်းရင်လည်း ကောင်းကျိုးမပေးနိုင်တော့ပါဘူး။ ဘယ်အရာကိုမဆို တန်ဆေး လွန်ဘေးဆိုတာလေး သတိချပ်စေချင်ပါတယ်။ တစ်ခုရှိတာက တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူ တွေအတွက် Exfoliation လုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။
အသားဖြူရင်ပြီးရောဆိုပြီး အရည်အသွေး မပြည့်တာတွေ၊ စိတ်မချရတာတွေ သွားသုံးမိရင် ဆိုးကျိုးတွေ အများနဲ့ ကြုံရနိုင်ပါ တယ်။ ရက်တိုအတွင်း ဘယ်လိုဖြူမယ်၊ ဘယ်လိုလှမယ်ဆိုတဲ့ မက်လုံးတွေကြောင့် အရေပြားဆေးခန်းကို ဆက်တိုက်မသွားရစေဖို့ သတိပေးလိုက်ပါတယ်နော်။
[www.boldsky.com ]
Author:
ယွန်းစန္ဒီ
---
ရက်ပိုင်းအတွင်း အသားဖြူချင်သူတွေ သတိပြု ဆင်ခြင်ရမယ့်အချက်တချို
https://www.kumudranews.com/news-36806
==========
ရက်ပိုင်းအတွင်း အသားဖြူချင်သူတွေ သတိပြု ဆင်ခြင်ရမယ့်အချက်တချို
====================
====================
အသားညိုသူတွေ တောင် ဖြူဝင်းလှပလာတဲ့ အခုအချိန်မှာ အလှပြုပြင်နည်းလမ်းတွေ၊ နည်းပညာတွေ၊ ထုတ်ကုန်ပစ္စည်းတွေ အမျိုးမျိုးရှိလာပါပြီ။ အသားဖြူဆေးတွေ၊ bleaching products တွေ အများကြီး ဈေးကွက်မှာပျံ့နှံ့နေပြီး အသုံးပြုသူလည်း များလာပါတယ်။ ဒါပေမဲ့ တချို့တွေမှာ အရည်အသွေးနဲ့ ဘေးဥပဒ်ကင်းရှင်းမှုအတွက် အာမခံချက် မရှိတာတွေကြောင့် အသားအရေတွေပျက်စီးတာ၊ အရေပြား ထိလွယ်ရှလွယ်တုံ့ပြန်မှု လွန်ကဲကုန်တာနဲ့ ကုသလို့ မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေအထိတောင် ဖြစ်တတ်ပါတယ်။
တကယ်တမ်းက နည်းပေါင်းစုံ စမ်းလုပ်ကြည့်လို့ အရေပြားထိ ခိုက်ရတာထက် skin care ကောင်းကောင်းလေးသုံးပြီး အသားအရေကို အားဖြည့်၊ သန့်စင်ပေးဖို့ အာရုံ စိုက်မယ်ဆိုရင် အသားဖြူဆေးဆိုတာ မလိုလောက်တော့ပါဘူး။
အလှတရားဟာ ဖြူစင်ကျန်းမာတဲ့ အသားအရေမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ နေ့စဉ် skin care အသုံးပြုပုံတွေမှာ အောက်ပါအမှားတွေကို မလုပ်မိဖို့ သတိထားဆင်ခြင်ဖို့ လိုအပ်မှာပါ။
ပြဒါးပါတဲ့ ကုန်ပစ္စည်းတွေသုံးတာ
သည်လို ပြဒါးပါဝင်တဲ့ ကုန်ပစ္စည်းတွေက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။
ရေဓာတ်ထိန်းသိမ်းမှု မလုပ်ခြင်း
ရေဓာတ်မထိန်းသိမ်းဘဲနဲ့ သုံးမယ်ဆိုရင် အသားဖြူစေတဲ့ ဘယ် အလှကုန်ပစ္စည်းကမှ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အသားအရေ ကျန်းမာလှပစေဖို့ ရေအလုံအလောက် သောက်ပါ။
ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ အသားဖြူဆေးတွေ အသုံးပြုခြင်း
အသားဖြူစေမယ့် ဆေးတွေ၊ ခရင်မ်တွေသုံးရင် အာမခံချက်ရှိတဲ့ အမျိုးအစားကိုသာ ထည့်စဉ်းစားပါ။ ပါဝင်မှုစာရင်းကို label မှာသေချာကြည့်ရှုပါ။ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာပါ။
exfoliation မလုပ်ခြင်း
အရေပြားဆဲလ်သေဖယ်ရှားတဲ့ exfoliation ကို မလုပ်ဘဲနဲ့ တော့ သင့်ရဲ့အသားဖြူရေး ရည်မှန်းချက်က ရလဒ်ကောင်းကောင်းထွက်မှာ မဟုတ်ပါဘူး။ ဆဲလ်သေ ဖယ်ရှားရင် အသားအရေကို သဘာဝအတိုင်း လင်းလက်လာစေနိုင်လို့ပဲ ဖြစ်ပါတယ်။
နေလောင်ခံ ခရင်မ်မသုံးခြင်း
sunscreen မသုံးဘဲ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်မှုက မပြည့်စုံနိုင်ပါဘူး။ နေလောင် ဒဏ်ကို မကာကွယ် နိုင်တာကြောင့် အသားဘယ်လို ဖြူနိုင်ပါ့မလဲ။
ကိုယ်သုံးတဲ့ပစ္စည်းရဲ့ ပါဝင်ပစ္စည်းတွေကို မသိရှိခြင်း
Label ကိုဖတ်မကြည့်ဘဲ သုံးနေတာက အသားအရေအ တွက် စွန့်စားလွန်းရာ ကျပါလိမ့်မယ်။ ကိုယ်နဲ့မတည့်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဆိုးကျိုးပေးနိုင် တဲ့ ပစ္စည်းတွေကိုသုံးမိတဲ့ အခါဖြစ်လာမယ့်အကျိုးဆက်က မကောင်းပါဘူး။
အရင်မစမ်းသပ်ဘဲ အသုံးပြုခြင်း
လက်မှာအရင်မစမ်းသပ်ကြည့် ဘဲ ဘယ်လိမ်းဆေးခရင်မ်ကိုမှ တစ်ကိုယ်လုံး မလိမ်းပစ်ပါနဲ့၊ ကိုယ်မသုံးဖူးသေးတဲ့ ဘယ် skin care ကိုမှ မျက်နှာမှာ ချက်ချင်း တန်းမသုံးပါနဲ့၊ လူသိနည်းတဲ့ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေ မခိုင်မာတဲ့ ပစ္စည်းတွေဆို ပိုဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်တည့်မတည့် အရင်စမ်းသပ် ကြည့်ပြီးမှ သုံးပါ။
facial wipes တွေ သုံးလွန်းခြင်း
မျက်နှာသုတ်တဲ့ wet tissue တွေ၊ facial wipes တွေက အသားအရေထိန်းသိမ်းမှုအတွက် အ ထောက်အကူမပေးနိုင်ဘူးဆိုတာ သတိရပါ။ ခရီးသွားရင်း၊ လမ်းသွားရင်း အရေးပေါ်သာ မျက်နှာသန့် စင်ရေးအတွက်အသုံးဝင်ပေမဲ့ အများစုက အရေပြားအပေါ်ယံ အ လွှာနုလေးတွေကို ပျက်စီးစေပြီး အသားအရေ ကြမ်းတမ်းစေပါတယ်။
မိတ်ကပ်ထူထူလိမ်းခြင်း
တချို့က ထင်ကြပါတယ်။ မိတ်ကပ်များများလိမ်းရင် ပိုလှလိမ့် မယ်၊ မျက်နှာ ပိုဖြူလိ်မ့်မယ်လို့။ ဒါပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက်ပါ။ အောက်ခံမိတ်ကပ်နဲ့ အ သားဖြူခရင်မ် အသားအရေနဲ့ ထိတွေ့မှုများလွန်းရင် အသားဖြူဝင်း လာမယ့်အစား ထိခိုက်ပျက်စီးမှု ပိုများစေပါတယ်။
သန့်စင်ရေးလုပ်တာ များလွန်းခြင်း
တချို့လူတွေက ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။ မကြာခဏ ရေချိုး၊ ချေးတွန်းပွတ်တိုက်လွန်းတာ၊ သန့်စင်တာ၊ မျက်နှာ ခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေလုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့ အသားအရေ ရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ် ပြာတွေကို လိုတာထက် ပိုမသုံးသင့်ပါဘူး။ cleanser သုံးတာများ လွန်းရင် အသားအရေပျက်စီးစေနိုင်ပါတယ်။
မကြာခဏ ဆဲလ်သေ ဖယ်ရှားခြင်း
Exfoliation လုပ်တာက အသားအရေအတွက် ကောင်းပါတယ်။ ဒါပေမဲ့ သိပ်များလွန်းရင်လည်း ကောင်းကျိုးမပေးနိုင်တော့ပါဘူး။ ဘယ်အရာကိုမဆို တန်ဆေး လွန်ဘေးဆိုတာလေး သတိချပ်စေချင်ပါတယ်။ တစ်ခုရှိတာက တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူ တွေအတွက် Exfoliation လုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။
အသားဖြူရင်ပြီးရောဆိုပြီး အရည်အသွေး မပြည့်တာတွေ၊ စိတ်မချရတာတွေ သွားသုံးမိရင် ဆိုးကျိုးတွေ အများနဲ့ ကြုံရနိုင်ပါ တယ်။ ရက်တိုအတွင်း ဘယ်လိုဖြူမယ်၊ ဘယ်လိုလှမယ်ဆိုတဲ့ မက်လုံးတွေကြောင့် အရေပြားဆေးခန်းကို ဆက်တိုက်မသွားရစေဖို့ သတိပေးလိုက်ပါတယ်နော်။
[www.boldsky.com ]
Author:
ယွန်းစန္ဒီ
==========
Kumudra Health
07/02/2022
ဗိုက်ပူခါးတုတ်မဖြစ်စေဖို့ ရှောင်ရမယ့် အစားအစာ (၇) မျိုး
==================
ဗိုက်ပူခါးတုတ်တာမျိုး ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ ကိုယ်လက်လေးလံပြီး မအီမသာဖြစ်လို့ ကျန်းမာရေးအရ ဘယ်သူမှလည်း မဝချင်ကြပါဘူး။ အဲဒီလိုမဝချင်ဘူးဆိုရင်တော့ ကျန်းမာရေးနဲ့ညီညအတ်တဲ့အစားအစောတွ စားပေးဖို့လိုပါတယ်။ သင့်ကို ဗိုက်ပူခါးတုန်စေတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။
၁။ နို့နဲ့ နို့ထွက်ပစ္စည်း
နို့နဲ့ နို့ထွက်ပစ္စည်းတွေ များများစားတာကို ရှောင်ပေးသင့်ပါတယ်။ အစာချေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်ပေါ်စေနိုင်ပါတယ်။ နွားနို့အစား တခြားအသီးအရွက်က ရတဲ့နို့ ဥပမာ ပဲနို့ တို့ကိုပြောင်းသောက်ပေးပါ။
၂။ ပြုပြင်ထားတဲ့ နှံစားသီးနှံတွေ
ပြုပြင်ထားတဲ့ နှံစားသီးနှံတွေမှာ အဟာရဓာတ်ပါဝင်မှုနည်းပါတယ်။ အမျှင်ဓာတ်ပါဝင်မှုနည်းလို့ အစာချေစနစ်ကို အခက်အခဲဖြစ်စေနိုင်ပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပေါင်မုန့်၊ ပီဇာစတဲ့ နှံစားသီးနှံနဲ့ လုပ်ထားတဲ့အစားအစာတွေကို များများစားသုံးခြင်းကို ရှောင်ပေးပါ။
၃။ အသီးအရွက်စိမ်းတွေ
အသီးအရွက်စိမ်းတွေကို များများစားတာဟာလည်း သင့်ကို ဗိုက်ပူစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲစားပါ။ ပြုတ်စားတာမျိုးလုပ်ပါ။
၄။ ပြုပြင်ထားတဲ့အသားတုတွေ
ပြုပြင်ထားတဲ့ အသားတုတွေကိုလည်း ကန့်သတ်ပြီစားပေးသင့်ပါတယ်။ အခုလို အမြန်စားအစားအစာတွေဟာ သင့်ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ အဲဒီအစား ကြက်သားကို စားပါ။
၅။ အကြော်စာတွေ
အကြော်စာတွေဟာ သင့်ကို ဗိုက်ပူခါးတုတ်စေတဲ့ အဓိကအစားအစာဖြစ်ပါတယ်။ ကိုယ်လက်စထရောပါမာဏကို တက်စေပြီး အစာချေစနစ်ကိုနှေးကွေးစေလို့ သင့်ကို ဗိုက်ပူခါးတုတ်စေပါတယ်။
၆။ ဟင်းအနှစ်များ
အစားအစာကို အရသာရှိအောင်ထည့်တဲ့ ဟင်းအနှစ်တွေ၊ ဆော့လ်တွေကို များများစားသုံးခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ အဲဒီအစားအစာတွေဟာ သင့်ကို ပိုပြီး ဗိုက်ပူခါးတုတ်စေပါတယ်။
၇။ ပဲအမျိုးမျိုး
ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာဖြစ်ပြီး အရသာရှိပေမယ့် အများအပြားစားသုံးမယ်ဆိုရင် မကောင်းပါဘူး။ ပဲတွေမှာ Polysaccharide ဆိုတဲ့ဓာတ်တမျိုးပါဝင်ပြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်လို့ ဗိုက်ပူလာစေနိုင်ပါတယ်။
===========
MyFood Myanmar
Click here to claim your Sponsored Listing.