Shwe Ou

Shwe Ou

Share

Wholesale & Retail

Photos from Shwe Ou's post 02/02/2021

မဂ်လာအပေါင်းနဲ့ပြည့်စုံပါစေ။
💟💟💟💟💟💟💟💟💟

ဝိဇ္ဇာကျော်ဆေးနဲ့ ပတ်သတ်ပီး မိမိကိုယ်တွေ့ အကြောင်းလေး ပြောပြချင်လို့ပါ။ 👇👇👇

ကျွန်မ 29.1.2021 ရက်နေ့ကအလုပ်တစ်ခုအတွက်နဲ့ ရွှေပြည်သာဘက်ကိုသွားပါတယ် ။ အဲ့ဒါ ပုံထဲမှာမြင်တဲဲ့ ဆိုက်ကယ် လေးကို စီးပီးသွားမှဖြစ်မှာမို့ တစ်ခါမှမစီးဖူးတာရော ခါတိုင်းစီးနေကျ ဆိုက်ကယ်ကယ်ရီ ပုံစံမျိုးမဟုတ်ပဲ တက်ရတာ အဆင်မပြေတဲ့ကြားထဲက ဆိုက်ကယ်ကို ညာခြေလှမ်းပီး ခွကျော်တက်လိုက်တာ ဆိုက်ကယ်ရဲ့ လူထိုင်စီးပီးလက်ကိုင်ရတဲ့ အနောက်က ကော့နေတဲ့ ကွင်းနဲ့ ညာဘက် ခြေမျက်စေ့ အတွင်းဘက်က အရိုးကိုသွားရိုက်မိပါတယ် ဖြစ်ဖြစ်ချင်း အရမ်းနာသွားပေမယ့် ရှေ့ဆက်ရမယ့်ခရီးက ရှိနေတော့ ဆိုက်ကယ်စီးပီး တောက်လျောက်သွားခဲ့ပါတယ်။စိတ်ထဲမှာတော့ နာတာသိပေမယ့်အလုပ်က ရှိနေတော့ နာနာနဲ့ပဲ အိမ်ပြန်ခဲ့ပါတယ်။ ညဘက်အိမ်ရောက်တော့ညာခြေထောက် က ရောင်နေပီးလမ်းကောင်းကောင်းမလျှောက်နိင်တော့ပါဘူး။ ခြေထောက်ကိုဆေးကြောပီး အဲ့ဒီညက ဝိဇ္ဇာကျော်ဆေးကိုလိမ်းခဲ့ပါတယ်။ စိတ်ကူးထဲမှာ ကျွန်မ မနက်ကျရင် လမ်းမလျှောက်နိင်တော့လို့ အလုပ်တွေနားရမယ်လို့ထင်ခဲ့တယ် ။ နောက်နေ့မနက်ကျတော့ အံသြစရာကောင်းလောက်အောင် အရောင်ကျပီး လမ်းလျှောက်နိင်ခဲ့တယ် နာတာတော့ကျန်ပါသေးတယ်။ အဲ့ဒါနဲ့ ဆေးကိုဆက်လိမ်းတာ နှစ်ကြိမ်မြောက်လိမ်းအပီးမှာ အတော်လေးသက်သာလာပါတယ်။ ဒီအဖြစ်အပျက်ကတော့ ကျွန်မကိုယ်တွေ့ပါပဲ။

ဝိဇ္ဇာကျော်ဆေးရဲ့ ကိုယ်စားလှယ် ဆေးရောင်းသူတစ်ဦးဖြစ်တဲ့ ကျွန်မ မုသားမပါပဲ အမှန်အတိုင်းတင်ပြထားခြင်းဖြစ်ပါတယ်။ 🌠🌠🌠

ခုနှစ်ရက်သားသမီးများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ။ အနာရောဂါကင်းဝေးကြပါစေ။ 🌹🌹🌹🌹🌹

ကိုယ်စားလှယ်
မရွှေဥ - 09767950016
- 09661985050

31/01/2021

သာယာလှပတဲ့ တနဂ်နွေနေ့လေးမှာ ချစ်မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ လို့ ရွှေဥ မှ ဆုမွန်​ ပြုပါတယ်။

Happy Sunday. 💖💖💖

Good Morning to you all 💞💞💞💞💞

Photos from Shwe Ou's post 28/01/2021

မြေပဲဆီအကြောင်း
==============

မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာ၀ဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပါ၀င်ပါတယ်။

အရောင်
======
မြေပဲဆီရဲ့အရောင်က အရမ်း မနုမရင့်တဲ့ အဝါရောင် ဖြစ်ပါတယ်။

(ကြိတ်ခွဲမှုပုံစံမတူတာကြောင့် ပဲဆီအမျိုးအစားကိုလိုက်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။)

အရသာ
======
အရသာကတော့ အရမ်းပြင်းထန်ခြင်းမရှိဘဲ နှစ်လိုဖွယ်ကောင်းပြီး ဆိမ့်တဲ့အရသာ ဖြစ်ပါတယ်။

အနံ့
===
မြေပဲဆီရဲ့ အနံ့ကတော့ သဘာဝမြေပဲအနံ့မဟုတ်ပါဘူး။

မြေပဲဆီရဲ့ထူးခြားချက်များ
====================
မြေပဲဆီက Smoking Point မြင့်တာကြောင့် အကြော်ခံ၊ အချက်ခံပါတယ်။ Smoking Point ဆိုတာ ဆီတွေကို အပူပေးတဲ့အခါ ပြင်းထန်တဲ့အပူချိန်ကြောင့် ဆီမှာပါ၀င်တဲ့ဓာတ်တွေ ပြိုကွဲပျက်စီးပြီး ပြောင်းလဲသွားတဲ့အမှတ် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Smoking Point မြင့်တဲ့ဆီတွေက အကောင်းဆုံးလို့ သတ်မှတ်ကြတာပါ။

မြေပဲဆီက Cloud Point နိမ့်တာကြောင့် သာမာန်အခန်းအပူချိန်မှာ မအေးခဲနိုင်ပါဘူး။ Cloud Point ဆိုတာ အပူချိန် အရမ်းလျော့ကျတဲ့အခါ ဆီတွေ အေးခဲသွားတဲ့အမှတ်ကို ခေါ်တာဖြစ်ပါတယ်။ Cloud Point နိမ့်တဲ့ဆီတွေက ပြည့်၀ဆီပါ၀င်မှု နည်းပါတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်။ စားသုံးဖို့သင့်တော်တယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

မြေပဲဆီမှာ ကိုလက်စထရောမပါ၀င်ပါဘူး။ အဲ့ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဆီအမျိုးအစား ဖြစ်တဲ့အပြင် Antioxidant ပါ၀င်တာကြောင့် ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်နိုင်တာလိုမျိုး အစွမ်းသတ္တိတွေ ရှိပါတယ်။

မြေပဲဆီကို စားသုံးဆီအဖြစ်သာမကဘဲ ဆေးဝါးများဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

မြေပဲဆီအမျိုးအစားများ

================

🥜 Refined Peanut Oil
🥜 Gourmet Peanut Oil
🥜 Cold Pressed Peanut
🥜 Roasted Peanut Oil
🥜 Peanut Oil Blends

နိုင်ငံတကာမှာတော့ မြေပဲကြိတ်ခွဲနည်းကို အမျိုးအစားခွဲခြားသတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာတော့ ဆုံဆီ/နှင့် စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်သောဆီဆိုပြီး ၂ မျိုးပဲ ရှိပါတယ်။

ဆုံဆီက သဘာ၀ အနံ့အရသာနဲ့ပြည့်စုံသော်လည်း

ရေဓာတ်ပါ၀င်မှုများတာ၊ Aflatoxin လိုမျိုး မှိုဓာတ်ပါ၀င်နိုင်ချေမြင့်တာ၊ ကြာရှည်မခံတာတွေ ဖြစ်တတ်ပါတယ်။

စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်တဲ့ဆီကတော့ …

FDA စံနှုန်းများအတိုင်း လိုက်နာပြီး နည်းစနစ်တကျထုတ်လုပ်ထားမယ်ဆိုရင် မှိုဓာတ်ပါ၀င်မှု မရှိဘဲ ကြာရှည်လည်း သိုလှောင်သိမ်းဆည်းထားနိုင်ပြီး ပဲဆီမှာ ပါ၀င်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ ရရှိနိုင်မှာဖြစ်ပါတယ်။

မြေပဲဆီမှာ ပါ၀င်သော အာဟာရဓာတ်များ
===============================

မြေပဲဆီမှာ သစ်သီးတွေလိုမျိုး Vitamin A,C,D တွေ မပါ၀င်ပေမယ့်

⭐Vitamin – E
⭐Potassium
⭐Carbohydrates
⭐Portein
⭐Sodium
⭐Omega 3, 6 အစရှိတဲ့

အကျိုးပြု အာဟာရဓာတ်တွေ ပါ၀င်ပါတယ်။

မြေပဲဆီကို ပုံမှန်မမာဏသာ ရေရှည်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အ၀လွန်ခြင်းကို ကာကွယ်ပါတယ်။

အခုဖော်ပြခဲ့တာက ….

မြေပဲဆီရဲ့ အခြေခံအကြောင်းအရာတြွေဖစ်ပြီး …
မြေပဲဆီကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကိုလည်း ...

မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း Page ရဲ့Post တွေမှာ ဆက်ပြီးဝေမျှ ပေးမှာ ဖြစ်ပါတယ်။

🗨 လုပ်ငန်းရှင်တွေ၊ စားသုံးသူတွေ၊ စာဖတ်သူတွေအားလုံး ပျော်ရွှင်ကျန်းမာတဲ့ဘ၀ကို ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ယခု Post ကို လွတ်လပ်စွာ ပြန်လည်မျှဝေနိုင်ပါတယ်။

#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
#ကျန်းမာစေသောဆီ
#မြေပဲဆီ

Photos from Shwe Ou's post 28/01/2021

🔺 မြေပဲဆီ စစ်စစ် နှင့် ဆားအုန်းဆီ ရောထားသောဆီကို
🔺 ရေခဲသေတ္တာထဲ ထည့်ခဲ၍ စမ်းသပ်ခြင်း

မိမိစားသုံးနေတဲ့ ဆီတွေဟာ

မြေပဲဆီ စစ် မစစ် သိချင်ရင်
( သို့မဟုတ် )
ဟင်းသီးဟင်းရွက်ဆီလား, ဆားအုန်းဆီလား သိချင်ရင်

ရေခဲသေတ္တာ ခဲခန်းထဲတွင် တစ်ညထား၍ ခဲလိုက်ပါ။

နောက်နေ့မနက်မှာ ဗူးလေးကို ညှစ်ကြည့်ပါ။

ဂျယ်လီကဲ့သို့ ပျော့ပျော့လေးဆိုရင် မြေပဲဆီ။
ရေခဲချောင်းလို ခဲတောက်နေရင် ဆားအုန်းဆီ။

မြေပဲဆီဗူးသည် ဂျယ်လီကဲ့သို့ ပျော့သောကြောင့်
ပန်းကန်ထဲသို့ လွယ်ကူစွာ ညှစ်ထုတ်၍ ရသည်။

ဆားအုန်းဆီသည် ခဲတောက်နေသဖြင့်
ပန်းကန်ထဲသို့ ညှစ်ထုတ်၍ မရပါ။
ဗူးကို ဓါးနဲ့ ခွဲထုတ်မှ ရေခဲချောင်းသဖွယ်
ဆီခဲကြီး ကျလာလေသည်။
ထိုဆီခဲကြီးကို အရည်ပျော်သည်အထိ စောင့်ကြည့်ပါ။
အမြှုပ်ဖြူဖြူများ ဖြစ်နေလိမ့်မည်။

ဂျယ်လီကဲ့သို့ ဖြစ်နေသော မြေပဲဆီ စစ်စစ်အား
လက်လေးနဲ့ ဆွဲချေလိုက်ပါ။
မြေပဲဆီသာ ပြန်ဖြစ်သွားသည်။
အမြုပ်များ မကျန်ခဲ့ပါချေ။

ကဲ အားလုံးပဲ
စျေးသက်သာသော ရောဆီများနှင့်
ဟင်းသီးဟင်းရွက်ဆီ အမည်ခံ ဆားအုန်းဆီများကို
ရှောင်ရှားနိုင်ကြပါစေ။

ပစ္စည်း အရည်အသွေးကိုသာ ကြည့်ပါ။
ကျန်းမာရေးရှု့ထောင့် တစ်ခုတည်းကိုသာ ကြည့်ပါ။
ပိုက်ဆံအရေအတွက်ကို မကြည့်ပါနှင့်။

❌ ဆားအုန်းဆီ ဆိုးကျိုးများမှ လွတ်ကင်းနိုင်ကြပါစေ။

စီးပွားရေးသမားများလည်း မိမိကြိုက်စျေးယူပါ။
မြေပဲဆီဟုပြောပြီး ဆားအုန်းဆီရော၍
အရောင်, အနံ့ ထည့်၌ စျေးသက်သာစွာဖြင့်
လိမ်ညာ၍ မရောင်းပါနှင့်။

💖မိမိ၏ မိဘကို အန္တရာယ်ဖြစ်စေမယ့်
💖အစာအဆိပ်တွေ မကျွေးသကဲ့သို့
💖စားသုံးသူများကိုလည်း မိမိ၏ မိဘကဲ့သို့
💖ချစ်ခင်ကြင်နာနိုင်ကြပါစေ။

ဝိသမလောဘမှ ရှောင်ကြဉ်နိုင်ကြပါစေ။

_________________________________________________

🔺 မှတ်ချက် 🔺
မြေပဲဆီ ၆၀% , ဆားအုန်းဆီ ၄၀ % ရောထားသော
အမည်ခံ ၆၀ % မြေပဲဆီသည်
ဆားအုန်းဆီ စစ်စစ်ကဲ့သို့
အရမ်းကြီးတော့ ခဲတောက်မသွားပါ။

သို့သော်လည်း
၆၀ % မြေပဲဆီ နှင့်
၁၀၀ % မြေပဲဆီ စစ်စစ်ကို ယှဉ်စားကြည့်ပါက
အရသာ ကွာခြားလှသည်။

❌အမည်ခံ ၆၀ % မြေပဲဆီသည်
❌အများကြီးစားရင် ချောင်းဆိုးသည်။
❌အရသာ စူးရှသည်။
❌စားပြီးနောက် လျှာပေါ်၌ ချွဲသည်။
❌ ပအားသည်။

🔺 ၁၀၀ % မြေပဲဆီကား
🔺အများကြီးစားရင်လည်း ချောင်းမဆိုးပါ။
🔺အရသာ မစူးရှပါ။
🔺စားပြီးနောက် လျှာပေါ်၌ မချွဲပါ။
🔺မြေပဲလှော် , မြေပဲကြော် စားသကဲ့သို့
🔺 လျှာပေါ်၌ ကြမ်း၍သာ ကျန်ခဲ့လေသည်။

​photo and information credit to google & original upload

Photos from Shwe Ou's post 28/01/2021

ချစ်ခင်လေးစားရပါသော ချစ်မိတ်ဆွေ အပေါင်းတို့ မဂ်လာပါ💠💠💠💠💠

မြန်မာတို့ရဲ့ နှလုံးသားမှာ အစဥ်စိုးမိုးထားတဲ့ မြေပဲဆီ လေးနဲ့ မိတ်ဆက်ပေးပါရစေ။

💚“ရွှေဥ မြန်မာ့ရိုးရာ မြေပဲဆုံဆီစစ်စစ်”💚

ဓါတုပစ္စည်းကင်းစင်တဲ့ မြန်မာ့ရိုးရာ သစ်သားဆုံနဲ့ကြိတ်တဲ့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ မြေပဲဆုံဆီစစ်စစ်လေးဖြစ်ပါတယ်။

ရွှေဥမြေပဲဆုံဆီသန့်ကို အရည်အသွေးအကောင်းဆုံးမြေပဲလုံးဆန်သန့်များကို သဘာဝသစ်သားဆုံအသုံးပြုပြီး ကြိတ်ယူထားခြင်းဖြစ်ပါတယ်

ရွှေဥမြေပဲဆုံဆီရဲ့ ထူးခြားချက်တွေကတော့

💖 မြေပဲရနံ့မွှေးပျံ့နေပါတယ်။

💖 ဆီသားပြစ်ပြီး ဆီအရောင်မှာ သဘာဝအတိုင်း ရွှေဝါရောင် တောက်ပနေပါတယ်။

💖 ​မြန်မာ့ရိုးရာစစ်စစ် သစ်သားဆုံနဲ့ကြိတ်ထားတာဖြစ်လို့ အနယ်ထိုင်ပါတယ်။
စသည့် မြေပဲဆုံဆီစစ်စစ်ရဲ့ လက္ခဏာတွေ အပြည့်အဝပါရှိပါတယ်။

🥜 ရွှေဥ မြန်မာ့ရိုးရာ မြေပဲဆုံဆီစစ်စစ် 🥜

၁ပိဿာ ၁၀၀၀၀/-ကျပ်
၃ပိဿာ ၂၉၀၀၀/-ကျပ်
၅ပိဿာ ၄၈၀၀၀/-ကျပ်

၁ပိဿာ၊ ၃ပိဿာ၊ ၅ပိဿာ ဗူးများဝယ်ယူရရှိနိုင်ပါတယ်။

၅ပိဿာနှင့်အထက်ကို ရန်ကုန်မြို့တွင်း delivery free ပို့ဆောင်ပေးမှာ ဖြစ်ပြီး နယ်orderများကားဂိတ်ပို့ဆောင်ပေးမှာဖြစ်ပါတယယ်

ပစ္စည်းအရည်အသွေးစိတ်တိုင်းကျစေရမည် “ရွှေဥဆုံဆီ”
“Quality product for your health”

ဖုန်း📱📱09767950016, 09661985050 တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်..

အားလုံး ဘေးဘယာများကွာဝေးပြီး ကျန်းမာချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေ 🙏🙏🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon