MYINT MYAT KABAR Engineering Group Construction
မြင့်မြတ်ကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီမှကြိုဆိုပါတယ် မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ ရုံးသို့ လာရောက် ဆွေးနွေးတိုင် ပင်နိုင်ပါတယ်
06/03/2026
" မြန်မာ့ရိုးရာ အိမ်ဆောက်လ နှင့် အိမ်ဆောက်ရက်
၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း"
#မြင့်မြတ်ကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီမှကြိုဆိုပါတယ် ▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"အိမ်ဆောက် လ ရွေးနည်း"
*************************
"လင်္ကာ"
~~~~~
လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။
ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ။ လို့ဆိုပါတယ်။
တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။
ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။
ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။
နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။
ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။
တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။
တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက"။လို့ဆိုပါတယ်။
~~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"အိမ်ဆောက် ရက် ရွေးနည်း"
***************************
တနင်္ဂနွေ နေ့မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတက်သည်၊စိတ်သောကရောက်တက်သည်။
တနင်္လာ နေ့မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။
အင်္ဂါ နေ့မှာအိမ်ဆောက်လျှင်ပျက်စီးတက်သည်။
ဗုဒ္ဓဟူး နေ့မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။
ကြာသပတေး နေ့မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။
သောကြာ နေ့မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။
စနေ နေ့မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။
ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုပေမည်။
~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"ကြိုးကိုင်ပန္နက်ချနေ့သားရွေးနည်း"
**********************************
တနင်္ဂနွေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ကြာသပတေးသားနှင့်သောကြာသားကို ကြိုးကိုင်စေပါ၊စနေသားကိုပန္နက်နှက်စေပါ။
တနင်္လာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက သောကြာသားနှင့်စနေသားကို ကြိုးကိုင်စေပါ၊တနင်္ဂနွေသားကိုပန္နက်နှက်စေပါ။
အင်္ဂါသားသမီးတို့အိမ်ဆောက်မည်ဆိုပါက စနေသားနှင့်တနင်္ဂနွေသားကို ကြိုးကိုင်စေပါ၊တနင်္လာသားကိုပန္နက်နှက်စေပါ။
ဗုဒ္ဓဟူးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္ဂနွေသားနှင့်တနင်္လာသားကို ကြိုးကိုင်စေပါ၊အင်္ဂါသားကိုပန္နက်နှက်စေပါ။
ကြာသပတေးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္လာသားနှင့်အင်္ဂါသားကို ကြိုးကိုင်စေပါ၊ဗုဒ္ဓဟူးသားကိုပန္နက်နှက်စေပါ။
သောကြာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက အင်္ဂါသားနှင့်ဗုဒ္ဓဟူးသားကို ကြိုးကိုင်စေပါ၊ကြာသပတေးသားကိုပန္နက်နှက်စေပါ။
စနေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ဗုဒ္ဓဟူးသားနှင့်ကြာသပတေးသားကို ကြိုးကိုင်စေပါ၊သောကြာသားကိုပန္နက်နှက်စေပါ။
အထက်ပါနေ့သားသမီးအလိုက် ကြိုးကိုင်ပန္နက် နှက်ပါက စည်းစိမ်ချမ်းသာရခြင်း၊အနာရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊မျက်နှာပွင့်လန်းခြင်းစသည့်ကောင်းကျိုးချမ်းသာများရရှိပါမည်။
~~
မိမိတို့အိုးအိမ်တိုက်တာများဆောက်လုပ်ရာတွင် လ နှင့်ရက်များ သေချာစီစစ်ရွေးချယ်၍ဆောက်လုပ်နေထိုင်ခြင်းဖြင့် စီးပွားဥစ္စာများဖြစ်ထွန်းပြီး အနာရောဂါကင်း၍သက်ရှည်ကျမ်းမာစွာမိသားစုများအေးချမ်းစွာနေထိုင် နိင်ကြပါစေ 09446139155/09955210553
#မြင့်မြက်ကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီ
15/02/2026
အင်ဂျင်နီယာတွေ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ Seismic Force Resisting System ဆိုတာက အိမ်ရှင်တွေအတွက်တော့ မမြင်ရတဲ့ သက်တော်စောင့်ကြီးပါပဲဗျ၊ အိမ်တစ်လုံးကို အပြင်ပန်း အလှတွေနဲ့ မွမ်းမံထားတာထက် အတွင်းက ဒီစနစ်ကြီး ခိုင်မာနေဖို့က ပိုပြီး အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ အသိဆုံးပါ၊ ဒီစနစ်က ဘာနဲ့တူလဲဆိုတော့ လူတစ်ယောက်ရဲ့ ခါးရိုးဆစ်လိုပါပဲ၊ မတ်တပ်ရပ်နေတဲ့အချိန်မှာ ပုံမှန် အလေးချိန်ကို ထမ်းထားရုံတင်မကဘဲ ဘေးကနေ တစ်ယောက်ယောက်က လာတွန်းလိုက်ရင် ယိုင်မသွားအောင်၊ လဲမကျသွားအောင် ပြန်ပြီး အားပြုထိန်းထားပေးတဲ့ သဘောတရားမျိုးပါပဲ၊ ငလျင်လှုပ်တယ်ဆိုတာက အဆောက်အအုံကို အောက်ကနေ ကိုင်လှုပ်လိုက်သလို ဘေးတိုက်အားတွေ (Lateral Forces) သက်ရောက်လာတာမို့လို့ ကျွန်တော်တို့ အဆောက်အအုံတွေက ဒေါင်လိုက်ဝန်ကို ထမ်းနိုင်ရုံနဲ့ မရဘဲ ဒီလို ဘေးတိုက်ရမ်းခါမှုတွေကိုပါ ကြံ့ကြံ့ခံနိုင်ဖို့ ဒီစနစ်ကို ထည့်သွင်း စဉ်းစားရတာပေါ့။
လက်တွေ့မှာတော့ ဒီ Seismic Force Resisting System ဆိုတာက အစိတ်အပိုင်း တစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး၊ အမိုးကနေ အောက်ခြေ ဖောင်ဒေးရှင်းအထိ တစ်ဆက်တစ်စပ်တည်း ချိတ်ဆက်ထားတဲ့ "လမ်းကြောင်း" တစ်ခုလို့ မြင်ကြည့်ရင် ပိုမှန်မယ်ဗျ၊ ငလျင်လှုပ်လိုက်တဲ့အခါ အဆောက်အအုံရဲ့ အမိုးတွေ၊ ကြမ်းခင်း (Diaphragm) တွေကနေတဆင့် အလျားလိုက်အားတွေ စီးဆင်းလာမယ်၊ အဲဒီအားတွေကို ကျွန်တော်တို့ ဖန်တီးထားတဲ့ Shear Wall (ခါးပန်းနံရံ) တွေ၊ ဒါမှမဟုတ် Moment Resisting Frame လို့ခေါ်တဲ့ တိုင်နဲ့ ရက်မတွေကနေတဆင့် ဖမ်းယူပြီး အောက်ခြေ ဖောင်ဒေးရှင်းဆီကို ဘေးကင်းကင်းနဲ့ ပို့ဆောင်ပေးလိုက်တာပါ၊ ဒါကြောင့် အိမ်တစ်လုံးမှာ ဒီစနစ် ကောင်းကောင်း အလုပ်လုပ်ပြီဆိုရင် ငလျင် ဘယ်လောက်လှုပ်လှုပ် အိမ်က "ကခ" လို ကွေးသွားရင် ကွေးသွားမယ်၊ အက်ရင် အက်သွားမယ်၊ ဒါပေမဲ့ "ဖုန်း" ခနဲ ပြိုကျမသွားအောင် သူက တာဝန်ယူပေးထားတာပေါ့။
ကျွန်တော်တို့ အခု ဆောက်နေတဲ့ ရန်ကုန် မန္တလေးဘားအံမော်လမြိုင်ဘက်က အိမ်တွေမှာဆိုရင် အများအားဖြင့် Reinforced Concrete (RC) Frame တွေကို သုံးကြတယ်လေ၊ ဒါဟာလည်း ဒီစနစ်ရဲ့ အစိတ်အပိုင်းပါပဲ၊ တိုင်နဲ့ ရက်မ ဆုံတဲ့နေရာ (Joint) တွေကို သံချောင်းတွေ စိတ်စိတ်ထည့်တယ်၊ ကွန်ကရစ်ကို သေချာ လောင်းတယ်ဆိုတာက ဒီ Frame ကြီးတစ်ခုလုံးကို ငလျင်ဒဏ်ခံနိုင်တဲ့ (Ductile) ဖြစ်အောင် လုပ်နေတာပါ၊ အားလုံးက စည်းချက်ညီညီ လှုပ်ရှားပေးနိုင်မှ ငလျင်ရဲ့ အားကို လျော့ပါးသွားအောင် (Dissipate Energy) လုပ်နိုင်မှာကိုး၊ ဒါကို ကြည့်ရင် ကျွန်တော်တို့ အင်ဂျင်နီယာတွေရဲ့ စေတနာကို မြင်နိုင်ပါတယ်၊ ကျွန်တော်တို့က သဘာဝဘေးအန္တရာယ်ကို တားဆီးလို့ မရပေမဲ့ အဲဒီအန္တရာယ် ကြုံလာရင်တောင် အိမ်ရှင်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အထိအခိုက် အနည်းဆုံးဖြစ်အောင် ဒီစနစ်နဲ့ ကာကွယ်ပေးထားတာပါ။
ဒီတော့ အိမ်ရှင်တွေအနေနဲ့ ကိုယ့်အိမ်မှာ တိုင်တွေ ကြီးနေလို့၊ နံရံတွေ ထူနေလို့ ကြည့်ရဆိုးတယ် မထင်စေချင်ပါဘူး၊ အဲဒါတွေက အလှသက်သက် မဟုတ်ဘဲ အရေးကြုံရင် အားကိုးရမယ့် Seismic Force Resisting System ကြီးရဲ့ ကြွက်သားတွေပါပဲ၊ ဆောက်လုပ်ရေးသမှား တစ်ယောက်အနေနဲ့ ဒီလို စနစ်မျိုးကို သေချာ တွက်ချက်ပြီး ထည့်သွင်း ဆောက်လုပ်ပေးရတာက ကုသိုလ်လည်းရသလို ပီတိလည်း ဖြစ်ရတယ်ဗျ၊ ညဘက် အိမ်ရှင်တွေ အိပ်ပျော်နေတဲ့အချိန် ငလျင်လှုပ်ခဲ့ရင်တောင် "ငါဆောက်ပေးထားတဲ့ အိမ်ကတော့ ဘာမှမဖြစ်ဘူး" ဆိုတဲ့ ယုံကြည်ချက်နဲ့ စိတ်ချလက်ချ အိပ်နိုင်တာက ဒီစနစ်ကြောင့်ပါပဲဗျာ။
#မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ
လူကြီးမင်း တို့ကို ဝန်ဆောင်မှုကောင်းတွေပေးအပ်ဖို့၊
ကျနော် တို့ အချိန်ပြည့် ရှိနေပါတယ်⏱⏱⏱.....။
👇👇👇👇👇👇👇👇👇👇👇👇👇
☎(09446139155)
#ရန်ကုန်
#မန္တလေး
#ဘားအံ
#မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ
#မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ
မိုးရာသီရောက်မှ အိမ်စဆောက်ဖို့ မစဥ်းစားကြနဲ့နော်
ကိုယ့်ရဲ့ မြေကွက်အခြေနေ၊ ရပ်ကွက် နဲ့ လမ်းအခြေနေက မိုးရွာတဲ့အခါ ရေအရမ်းဝပ်တဲ့နေရာဆိုရင် ဖောင်ဒေးရှင်းမှာ အချိန်တွေကြန့်ကြာတက်ပါတယ်။ အိမ်ရှင်အနေနဲ့လည်း အချိန်တွေကြန့်ကြာသလို ၊ ကန်ထရိုက်တာ အနေနဲ့လည်း စရိတ်စက ထောင်းနိုင်ပါတယ်။ ရန်ကုန်မြေ တော်တော်များများက ရေအရမ်းထွက်ပါတယ်။ တူးထားတဲ့ မြေတွေ ခဏခဏ ပြိုတက်ပါတယ်။ အဲ့လို အခက်ခဲတွေက တစ်ခု ၊ မိုးက မနားတမ်းရွာ ၊ ဝယ်ထားတဲ့မြေကွက်က ရေဝပ်(အနိမ့်ပိုင်း) ဆိုလို့ကတော့ လုပ်ငန်းခွင်အရမ်းကြာပါတယ်။ အိမ်ရှင်လောပြီး လူအင်အားတိုးလည်း ထိုင်ငိုရမဲ့ အခြေနေမျိုးပါ။ ဒါ့ကြောင့် မိုးရာသီမှာ အိမ်စဆောက်တယ်၊ ဖောင်ဒေးရှင်းနဲ့ တိုးပြီဆိုရင် လုပ်ငန်းခွင် ကြန့်ကြာပြီလို့သာမှတ်ပါ။ အဲ့လိုမဟုတ်ဘဲ အကြမ်းထည်ပြီးတာနဲ့ မိုးရာသီကြုံရင် ကံကောင်းပြီလို့သာ မှတ်ပါ။ အမိုးစလပ်က ရေယိုနေလား ၊ ရေဆိုင်းတွေက ရေဆင်းရဲ့လားဆိုတာ ရေထိုးစစ်စရာမလိုဘဲ အဖြေပေါ်ပါတယ်။ အဲ့ခါကျ ပြင်စရာရှိတာပြင်တော့ အချိန်တွေစောင့်စရာ မလိုတော့ဘူးပေါ့ ။
"အရည်အသွေးပြည့်ဝ၊ စိတ်တိုင်းကျ
မြင့်မြတ်ကမ္ဘာနဲ့ လက်တွဲကြ"
#မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ
လူကြီးမင်း တို့ကို ဝန်ဆောင်မှုကောင်းတွေပေးအပ်ဖို့၊
ကျနော် တို့ အချိန်ပြည့် ရှိနေပါတယ်⏱⏱⏱.....။
👇👇👇👇👇👇👇👇👇👇👇👇👇
☎(09446139155)
#ရန်ကုန်
#မန္တလေး
#ဘားအံ
#မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ
☘️
05/02/2026
အဆောက်အဦတစ်လုံးကို
PAE - 1 Sq-Ft စျေးနူန်းနဲ့ စျေးမေးပြီး
ကုန်ကျစရိတ် တွက်လို့ရလား
ဒီနေ့မှာတော့ PAE 1 Sqft စျေနူန်းနဲ့ တွက်လို့
မရဖူးဆိုတာကို ရှင်းပြမှာပါ
တချို့ကန်ထရိုက်တွေက
Foundation အတွက် 0.5
တစ်ထပ်အတွက် 1
အမိုးSlab ဆိုရင် 0.3
တစ်ထပ်တိုက် အမိုးSlab ဆောက်မယ်ဆိုရင်...
အဆောက်အဦရဲ့ အကျယ်အဝန်းနှင့် (1.8)ကို
မြှောက်ပေးရမှာ ဖြစ်ပါတယ်
1 Sqft - 110000 ဆိုရင်
25-40 ပေအတွက်
25x40x1.8x110000 = 1980 သိန်း ဖြစ်ပါတယ်
အဆောက်အဦတစ်လုံးကို
တချို့ကန်ထရိုက်က
Foundation အပါ တစ်ထပ်ကို (+1)
အမိုးSlab ဆိုရင် (+0.3)
25-40 ပေအတွက်
25x40×1.3x110000 = 1430 သိန်း ဖြစ်ပါတယ်
ယခု တွက်နည်း နှစ်ခုမှာတင်
ယူဆပုံ မတူတဲ့အတွက်
သိန်း(550) ကွာခြားပါတယ်
ငွေ သိန်းငါးရာဆိုတာ တန်ဖိုးနဲ တစ်ထပ်အိမ် ကောင်းကောင်းရပါတယ်
ပြောပြချင်တာက...
အဆောက်အဦတစ်လုံး တည်ဆောက်မယ်ဆိုတဲ့အခါ
ဘယ်လောက်အကျယ်အဝန်း ဆောက်မှာလဲ
PAE စျေးနူန်းထက်
Total ကုန်ကျစရိတ်ကို မေးပါ
ဘယ်လိုပစွည်းတွေ ပါဝင်မှာလဲ
ဘယ်လို တည်ဆောက်ပေးမှာလဲ
အချိန် ဘယ်လောက်ကြာမှာလဲ
ဒါတွေကို မေးကို မေးရပါ့မယ်
PAE စျေးနူန်း လိုက်မေးနေတာက
အဆောက်အဦရဲ့ တကယ့်အမှန်ကုန်ကျစရိတ်ကို
မရနိူင်ပါဖူး
(0.1)ကွာရင်ကို ငွေသိန်းချီကွာသွားတာပါ
အဲဒီလိုလူအများစုက...
PAE စျေးနူန်းမေးပြီး တကယ့်စျေးအမှန်ကို မရနိူင်ပါ
တချို့က PAE Rate ကို လျှော့ထားပြီး
(+0.5)/(+0.3)တွေ ထပ်ပေါင်းပါတယ်
ဒါကြောင့်...
ကျွန်တော်ပြောလေ့ရှိတာက...
တကယ့်စုစုပေါင်းကုန်ကျစရိတ်နှင့်
တန်ရာတန်ရာ ပစွည်းရရမယ်ဆိုတာပါပဲ
ပတ်ကားဆောက်ချင်ရင် ပတ်ကားစျေးပေးရပါ့မယ်
တန်ဖိုးသင့်ဆောက်မယ်ဆိုရင် တန်ဖိုးသင့်စျေးပေးရပါ့မယ်
တန်ဖိုးနဲဆိုရင် တန်ဖိုးနဲစျေးပေးရပါ့မယ်
ကိုယ်တက်နိူင်တဲ့ ကုန်ကျစရိတ်နဲ့ပဲ ရရှိမှာ ဖြစ်ပါတယ်
ဘာလို့လဲ...
သင့်အိမ်ကို ဘယ်သူမှ အလကားမဆောက်ပေးပါဖူး
သူ့အတွက် ဘာမှ မကျန်ပဲ မဆောက်ပေးပါဖူး
ကျွန်တော် ပြောတာ ယုံပါ
ကျွန်တော်လဲ ကျွန်တော့်အတွက် မကျန်ရင်
အဲဒီအလုပ် မလုပ်ပါဖူး
ဒါပေမဲ့...
လက်ခံလိုက်တဲ့ အလုပ်တိုင်းအပေါ်တော့
တာဝန်ယူမှု့ တာဝန်ခံမှူ့နှင့် အကောင်းဆုံးဖြစ်အောင်
စေတနာထား ဆောင်ရွက်ပေးပါတယ်
အဆောက်အဦအတွက်ဆိုရင် "
#မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကို"ကို သတိရလိုက်ပါ
ယခုစာလေးကလဲ
အိမ်ဆောက်ချင်သူများ ဗဟုသုတရအောင်
တင်ပေးလိုက်ပါတယ်ဗျ
လူကြီးမင်းတို့ အိမ်ဆောက်တဲ့အခါမှာလဲ
တက်နိူင်တဲ့ကုန်ကျစရိတ်နဲ့ ရရှိနိူင်မဲ့ အကျယ်အဝန်း၊အသုံးပြုမဲ့ပစွည်းများ၊ငွေပေးချေမှု့ကအစ
မြေတိုင်းစစ်ဆေးခြင်းကနေ အဆောက်အဦပြီးစီးသည်အထိ တာဝန်ယူ အာမခံဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောက်လုပ်ပေးနေပါသည်
လေ့လာလိုသူများအနေဖြင့်လဲ..
နီးစပ်ရာအဆောက်အဦများကို လေ့လာနိူင်ပါတယ်ဗျ
အားပေးသူတိုင်းအား ကျေးဇူးတင်ရှိပါသည်
#မြင့်မြတ်ကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ
09446139155
Click here to claim your Sponsored Listing.