To My Dear
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from To My Dear, Social Media Agency, Yangon.
18/10/2025
အဖေ ခေါ်ခွင့်မရခဲ့သူကို ရှာချင်လို့ပါ
ဘာပြသနာမှမလုပ်ပါဘူး
အခု ဘယ်လိုအခြေနေ ရှိနေလဲ ဘာလုပ်နေလဲ
သက်ရှိထင်ရှား ရှိနေသေးလား သိချင်လို့ပါ
အမေတို့က ကျွန်တော်တို့အမွှာညီကို အသက် 5နှစ်အရွယ်တည်းက ကွဲသွားတာပါ
ကျွန်တော် က သားအကြီး
ထက်နန္ဒပါ
သူက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် အောင်သပြေ စဉ့်ဟယ်အိမ်က ထွက်သွားတာပါ
ကျွန်တော်တို့အမေနာမည်က
ဒေါ်ခင်ခင်ထွေးပါ
နာမည်က
ဦးမင်းမင်းလတ်ပါ
အဖိုးကဦးတင်ဦး
အဖွားကဒေါ်ခင်ဝင်းကြည် ပါ
ကျွန်တော်မှတ်မိသလောက် အဖိုးက ဆေးတပ်ကထင်တယ်
မကွေးတိုင်း မလွန်မှာ စစ်တပ်တစ်ခုရှိတယ် အဲ့မှာလအနည်းငယ်လိုက်နေဖူးတယ်
2000ခုနှစ်လောက်ကဖစ်မယ်ထင်တယ်
သိရှိသူများ ပြောပြပေးပါ
သူကိုယ်တိုင်တွေ့ရင်လဲအဆက်သွယ်ရချင်လို့ပါ
(TMD1258)
#ရင်ဖွင့်ရာ
#ဖူးစာ
16/10/2025
အရမ်းခင်ခဲ့ရတဲ့ သူငယ်ချင်းလေးတွေကို ပြန်ရှာချင်လို့ပါ…
အောက်ကပုံတွေမှာ အသဲပုံ🩵 ပြထားတဲ့ သူငယ်ချင်း ၃ယောက်ကို အဓိက ရှာချင်တာပါ။ ဘုန်းပြည့်ကျော်၊ ယုယုလှိုင်၊ ယွန်းသက်ပိုင်တို့ပါ။ ခုဆို သူတို့အသက် ၄၀ ဝင်ပါပြီ။ မဲဆောက်မှာ တစ်ရုံထဲ အလုပ်လုပ်ခဲ့ကြသူတွေပါ။ ဇာတိက ပဲခူးတိုင်းထဲကပါ။ ပုံထဲက ကျန်တဲ့တခြားသူတွေနဲ့လည်း အဆက်အသွယ်လုပ်လို့ ရမယ်ဆိုရင်လည်း အဆက်အသွယ် လိုချင်ပါတယ်။
ကွဲသွားတာ နှစ်20လောက် ရှိပါပြီ။ အရင်ထဲက သူတို့တွေကို လိုက်ရှာနေခဲ့တာ ကြာပါပြီ။ အရမ်းခင်ခဲ့ကြတဲ့သူတွေပါ။ ငယ်သူငယ်ချင်းထက်ကို ပိုပါတယ်။ အခုလိုက်ရှာနေတဲ့ ကျွန်မရဲ့နာမည်ကတော့ အိမွန်ပါ။
ကြီးလာတော့ အထီးကျန်လာတဲ့အချိန်မှာ ငယ်ငယ်က အရမ်းခင်ခဲ့ရတဲ့ သူငယ်ချင်းလေးတွေနဲ့ ပြန်တွေ့ချင်မိလို့ပါ။ အဓိကကတော့ သူတို့ထဲက ဘယ်သူပဲ ဆက်သွယ်လာလာ ရပါတယ်။ ဒီ Post လေးကိုလည်း ကူ share ပေးကြပါဦးရှင်။ သူတို့နဲ့ အရမ်းပြန်တွေ့ချင်မိနေလို့ပါ။
သူတို့ပဲဖြစ်ဖြစ် သူတို့ကိုသိတဲ့သူများ ရှိရင်ပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ဒီ Page လေးကနေတဆင့် ဆက်သွယ်ပေးပါဦးနော်…
(TMD1252)
#ရင်ဖွင့်ရာ
#ဖူးစာ
15/10/2025
နှစ် ၂၀ ကျော်လောက် ဝေးကွာသွားသော သား၂ယောက်အား ပြန်လည်ရှာဖွေခြင်း…
ရှာချင်တဲ့ သားအကြီးရဲ့နာမည်က ဝင်းနောင်ဦး၊
သားအငယ်ရဲ့နာမည်က ကျော်ဇေယျဦးပါ…
ကျွန်မရဲ့အမည်က ဒေါ်အုံးရီ (ခ) အေးအေးစိုးပါ။
လက်ရှိနေထိုင်ရာအရပ်က ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်မှာပါ။
အမျိုးသားဖြစ်တဲ့ တပ်ကြပ်ကြီး (ဦးသောင်းဦး) က တော့ ကွယ်လွန်သွားပါပြီ။
1990 ခုနှစ်တုန်းကတော့ ဘိတ်အနောက် ကျွန်းစုမြို့နယ် (၃)ရပ်ကွက်ရဲစခန်းတွင် နေထိုင်ခဲ့သူပါ။
ကျွန်မရဲ့ အမေနဲ့အမကြီးတို့ နေထိုင်တဲ့ မိုးမိတ်မြို့ကို ရောက်လာခဲ့တာကတော့ 2004 ခုနှစ်မှာပါ။
သားအကြီးက အဲ့တုန်းက အသက် ၂၄ နှစ် ရှိပါပြီ (ကော့သောင်းဖက်ကို ထွက်ခွါသွားပြီး အဆက်အသွယ် မရတော့တာပါ)။
သားအငယ်က အဲ့တုန်းက ၂၂ နှစ်အရွယ်နဲ့ ပထမ်ကမ်းရေလယ် ဦးကျားမောင် (ငါးပုစွန်ကုမ္ပဏီလုပ်ငန်း) တွင် လုပ်ကိုင်နေခဲ့တာပါ။
ကျွန်မအသက် အခု (၆၈)နှစ် ရှိပါပြီ။
ခုချိန်မှာ ကျန်းမာရေးလည်း အရင်လို သိပ်မကောင်းတော့တာမို့လို့ ကျွန်မ အသက်ရှင်နေစဉ်လေးမှာ အနှစ်၂၀ ကျော် ဝေးကွာသွားတဲ့ သား၂ယောက်ကို ပြန်ပြီး တွေ့ချင်မိပါသေးတယ်။ သား၂ယောက်က အခုဆို အသက် ၄၅ နဲ့ ၄၃ ဝန်းကျင်လောက် ရှိပါပြီ။ အောက်ကပုံကတော့ ကျွန်မရဲ့ပုံပါ။
သူတို့ပဲဖြစ်ဖြစ် သူတို့ကိုသိတဲ့သူများ ရှိရင်ပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ဒီ Page လေးကနေတဆင့် ဆက်သွယ်ပေးပါဦးနော်…
ဒီ Post လေးကို ကူ share ပေးပြီး ကျွန်မရဲ့ သား၂ယောက်အား ဝိုင်းဝန်းကူညီ ရှာဖွေပေးကြပါဦးလို့လည်း အကုန်လုံးကို အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ် 🙏🏻🙏🏻
(TMD1249)
#ရင်ဖွင့်ရာ
#ဖူးစာ
Click here to claim your Sponsored Listing.