The Reviewer
အလှအပရေးရာတွေsharingလုပ်ကြမယ်
💕Lancome La vie est belle ရဲ့အနံ့နဲ့ထပ်တူနီးပါးကျတဲ့
Bath & Body Luminious EDP Perfume💕
Lancome LVEB ရဲ့ကိုအနံ့ sampleလေးစမ်းဘူးလို့
တူတဲ့အနံ့လေးရှာနေရင် B& B perfume ကလုံး၀ကွက်တိကို တူတာနော် ကိုယ်တောင် အနံ့ရရချင်း အရမ်းamazing ဖြစ်သွားတယ် ကွက်တိပါလားဆိုပြီး
အစကတည်းက Lancomeကိုကြိုက်လို့
ဒီ B&Bလေးလည်း အရမ်းကြိုက်ပါတယ်
အနံ့က Strong ဖြစ်လို့ Fresh ဖြစ်တာကြိုက်ရင်တော့ကြိုက်မှာမဟုတ်ပါဘူး
Bath & body ka 80%off sale နဲ့ရလိုက်တာဆိုတော့
မြန်မာငွေ ၈သောင်းကျော်နဲ့ရလိုက်တာ အရမ်းကိုတန်သွားတယ်
ပုံမှန်စျေးအတိုင်းဝယ်မယ်ဆိုရင်တော့ Lancomeကိုဝယ်ဖို့recommendလုပ်ပါတယ်ရှင်
04/10/2023
3CE Hazy Lip Clay Review #
နှုတ်ခမ်းနီဆို3CEကို ပထမကြိုက်တယ်
အခြားနှုတိခမ်းနီကုန်အောင်မဆိုးဖြစ်ဘူး3CEတော့ဖင်ကပ်တဲ့ထိခြစ်ပြီးဆိုးတယ်
အခုနောက်ဆုံးထွက်တဲ့ Hazy Lip Clayကလည်း အရမ်းကောင်းသောပဲ 3CEက3CEပါပဲ
လိုချင်တာတော့ လေးရောင်လောက်ရှိတယ်အဲ့ထဲကမှရွေးလိုက်တာကCommon Strangerနဲ့ Hipamine.
အရောင်တွေကအကုန်လှနေတော့ တော်တော်ရွေးရတယ် အကုန်လိုချင်နေတော့
Hipamineကအနီဘက်သွားတဲ့ အညိုလေး
Common Strangerကလိမ္မော်ဘက်သွားတယ် ဒါပေမယ့် အရမ်းလိမ္မော်ကြီးဟုတ်ဘူး
နှစ်ခုလုံးကအသားညိုတဲ့သူလေးတွေနဲ့ရောလိုက်တယ်နော်
အစကcommon strangerကိုပိုလှမယ်ထင်ထားတာ
နှစ်ခုလုံးဆိုးလည်းကြည့်ရော Hipamineကအပြင်မှာတော်တော်လေးကိုလှတာပါ
အရောင်ထွက်ကတော့နှုတ်ခမ်းပေါ်မူတည်ပြီးကွဲမှာဆိုတော့ ကိုယ့်နှုတိခမ်းဆိုညိုတဲ့ထဲပါတယ် hipamineလည်းဆိုးလိုက်ရောအညိုဘက်ရောက်သွားတယ် အဲ့အရောင်လေးကိုပိုသဘောကျသွားတယ်🥰
Matteမဟုတ်ဘဲနဲ့နှုတ်ခမ်းပေါ်တင်လိုက်ရင်ဖူးးဖူးလေးနဲ့ အနံ့လေးကလည်းကွတ်ကီးနဲ့လေးပါစားချင်စရာလေး
နှုတ်ခမ်းအရမ်းခြောက်တဲ့သူကlipbalmလေးခံဆိုးနော်
အပြင်ဘူးခွံလေးနဲ့အရောင်တွေကအနီးစပ်ဆုံးတူတာမလို့ ဘူးခွံလေးကြည့်ပြီး မှန်းဝယ်လို့ရတယ်
အပြင်အရောင်လေးသိရအောင်လက်မှာစမ်းထားတာဘာFilterမှာ မထည့်ထားဘူးရှင့်
Hello
ဒီနေ့ZEN : The medic SPAရဲ့Aromatic Experience လေး sharingလေးလုပ်ပေးပါရစေနော်💕
Aromatherapyဆိုတာကအရိုးရှင်းဆုံးအဓိပ္ပါယ်လေးကတော့ရနံ့ကုထုံးပါ
Essential Oilတွေ အသုံးပြုပြီးခန္ဓာကိုယ်ကိုနှိပ်နှယ်တာဟာကျန်းမာရေးအတွက်လည်းကောင်းစေတယ်စိတ်ပိုင်းဆိုင်ရာမှာလည်းအများကြီးအထောက်ကူဖြစ်စေပါတယ်
ကဲအာ့ဆိုသဲရဲ့အတွေ့အကြုံလေးတွေSharingလုပ်ပေးပါမယ်နော်
1️⃣ပထမဆုံးအနေနဲ့ ကိုယ်သုံးမယ့်Scrubအမျိုးအစားရွေးပေးရပါတယ်
ရွေးစရာကတော့Strawberry,Coffee ,Tamarindဆိုပြီးရှိတာ Tamarindလေးရွေးဖြစ်ခဲ့ပါတယ်
ပြီးတာနဲ့Consulting လုပ်ဖို့doctorမမက Aromatherapy အကြောင်းရှင်းပြလတ်တလောခံစားနေရတဲ့စိတ်အခြေနေတွေမေးပြီးကိုယ်ကြိုက်တဲ့အနံ့လေးတွေရွေးပြီးEssential Oil လေးတစ်ခုဖော်စပ်ပေးပါတယ်
သိချင်တာတွေလည်းအများကြီးမေးလို့ရပါတယ်
2️⃣ဒုတိယအဆင့်ကတော့ခြေထောက်တွေကိုဆားရည်နဲ့
ရေနွေးစိမ်ပါတယ်။တစ်နေကုန်အထိုင်များပြီးအညောင်းမိတာမလို့ဒီအဆင့်လေးမှာလူကပေါ့ပါးသွားတယ်
ပြီးရင်တော့Scrubတစ်ကိုယ်လုံးကိုလုပ်ပါတယ်
အချိန်ကတော့မိနစ်၃၀လောက်ကြာပါတယ်
3️⃣ပြီးတော့Steamလုပ်ပေးပါတယ်၁၅မိနစ်လောက်ဘဲထိုင်နိုင်တယ် ချွေးတွေထွက်အပူအပုပ်တွေပါထွက်သွားသလိုခံစားရတယ် တစ်ကိုယ်လုံးပေါ့ပါးသွားတာပဲ
အပူခန်းထဲကထွက်လာတာဆိုတော့ခဏနားပြီး
သံပုရာလေးတိုက်တာခေါင်းကိုကြည်ထွက်သွားတာပဲ
4️⃣ချွေးတိတ်ပြီဆိုတော့ရေမိုးချိုးပြီးတာနဲ့ Oil messageလေးစလုပ်ပါတယ်
အချိန်က၁နာရီလောက်ကြာပါတယ်လုပ်နေတဲ့အချိန်မှာ ဘယ်လောက်တောင်ကောင်းလဲဆို အိပ်ပါပျော်သွားတယ်
အားလုံးပြီးသွားတဲ့အချိန်မှာတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းပြီး တော်တော်လေးကိုစိတ်relaxဖြစ်ခဲ့ပါတယ်
ဒီPackageလေးကအချိန်ကတော့၂နာရီခွဲလောက်တော့ကြာပါတယ်
ဝန်ဆောင်မှုပေးတဲ့ညီမလေးတွေကစေတနာပါ သဘောကောင်း 100%Recommandပေးပါတယ်✅✅
သဲရဲ့ Reviewလေးကိုအချိန်ယူပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ရှင့်
Disclaimer:No Sponser Post❌❌❌
Click here to claim your Sponsored Listing.