Speedmark Logistics Limited
SPEEDMARK LOGISTICS LIMITED မှ ကြိုဆိုပါတယ်
လူကြီးမင်းတို့ လိုအပ်တဲ့ Logistics Service ကို ယုံကြည်စွာအပ်နိုင်ပါတယ်
03/01/2024
လေယာဉ်မှူးများ ရာသီတုပ်ကွေး မိနေကြသဖြင့် ကသေးပစိဖိတ် ခရီးစဉ် ၃၀ ကျော် ဖျက်သိမ်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဟောင်ကောင် အထင်ကရ လေကြောင်းလိုင်း Cathay Pacific သည် လေယာဉ်မှူးများ ရာသီတုပ်ကွေး မိနေကြသဖြင့် ခရီးစဉ် ၃၄ ခု ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ဖျက်သိမ်းလိုက်သော လေကြောင်းခရီးစဉ်များတွင် ရှန်ဟိုင်း၊ ပေကျင်း၊ တိုင်ပေ၊ ဒူဘိုင်း၊ ဒေလီ နှင့် ဒါကာ ခရီးစဉ်များ ပါဝင်သည်။
ကသေး ပစိဖိတ်သည် ခရစ်စမတ် အားလပ်ရက်များအတွင်း လန်ဒန်နှင့် အမ်စတာဒမ် ခရီးရှည် ခရီးစဉ်များ အပါအဝင် ခရီးစဉ်များ အနည်းဆုံး ၁၆ ခု ဖျက်သိမ်းခဲ့သည်။
နှစ်သစ်ကူးကာလအတွင်း နောက်ထပ် ၂၈ ခု ရုပ်သိမ်းခဲ့သည်။
ရာသီတုပ်ကွေး ဖျားနာနေကြသဖြင့် တာဝန်မှ ပျက်ကွက်သည့် လေယာဉ်မှူးများ ပိုများလာသောကြောင့် ဒီဇင်ဘာလလယ်မှစပြီး ခရီးသည်တင် လေယာဉ်ခရီးစဉ် အရေအတွက် အနည်းငယ်ကို လျှော့ချထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လျှော့ချလိုက်သည့် ပမာဏသည် ခရီးစဉ်များ စုစုပေါင်း၏ ၁% အောက်တွင်သာ ရှိသည်ဟု ကုမ္ပဏီမှ ပြောကြားသည်။ ကုန်တင်လေယာဉ်ခရီးစဉ်များ ပုံမှန် ပျံသန်းလျက်ရှိသည်။
ကသေး ပစိဖိတ်တွင် ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်တွင် လေယာဉ်မှူး ၃၈၈၅ ဦး ထားရှိခဲ့ပြီး ယခုအခါ ၂၅၃၂ ဦး ခန့်ထားပါသည်။
Source vnexpress
03/01/2024
တိုကျို ဟာနဲ့ဒါ့လေဆိပ်တွင် ဂျပန်လေကြောင်းလိုင်း လေယာဉ်တစီး မီးလောင်မှု ဖြစ်ပွား
https://www.logisticsguide.com.mm/en/industry-news/transportation/227779
👆👆👆 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ
28/12/2023
Thanks for the gift you sent.
We Speedmark wish you peace of mind, good health and business growth more and more in the new year.
Happy Christmas and Happy new year 2024.
22/12/2023
https://youtu.be/jwc00itpgRg?si=sVWnrXjqOysoCky3
Speedmark South-East Asia Corporate Video Speedmark South-East Asia Corporate VideoSouth-East Asia Corporate Website: Https://www.speedmark.com.sgEmail us @ [email protected] !
19/12/2023
ပင်လယ်နီ ရှောင်ကွင်းကြရသဖြင့် ကုန်ကျစရိတ် မြင့်တက်၊ အချိန် ၂ ပတ် ပိုကြာ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ပင်လယ်နီတွင် ဟူသီလက်နက်ကိုင်တို့က ပင်လယ်ကုန်သွယ်ရေကြောင်း သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်နေသဖြင့် ပင်လယ်နီရေကြောင်းလမ်း မသုံးရန် AP Moller-Maersk, MSC, CMA CGM, Hapag-Lloyd, Evergreen အစရှိသည့် ကွန်တိန်နာ သင်္ဘောလိုင်းကြီးများက ဆုံးဖြတ်ထားကြသည်။
ရေနံကုမ္ပဏီကြီး BP က ပင်လယ်နီကိုဖြတ်ပြီး ရေနံတင်ပို့မှုအားလုံးကို ယာယီရပ်ထားကြောင်း ကြေညာခဲ့သည်။
ထိုင်ဝမ်ကွန်တိန်နာသင်္ဘောလိုင်း Evergreen Line က ၎င်း၏ ကွန်တိန်နာသင်္ဘောများကို ပင်လယ်နီ ဖြတ်သန်းသည့် ခရီးစဉ်များကို နောက်ထပ်နို့တစ် မကြေညာသေးသရွေ့ ဆိုင်းငံ့ထားရန် ညွှန်ကြားထားသည်။
အာရှနှင့် မြေထဲပင်လယ်၊ ဥရောပ သို့မဟုတ် အမေရိကန်၏ အရှေ့ဘက်ကမ်းရိုးတန်းကြား ပြေးဆွဲသည့် ခရီးစဉ်များအတွက် ခရီးတာပိုရှည်သည့် Good Hope Cape ကို ပတ်၍ သွားရန် ညွှန်ကြားထားကြောင်း Evergreen Line မှ ပြောကြားခဲ့သည်။
စူးအက်တူးမြောင်း ဖြတ်လမ်းအစား အာဖရိက တောင်ဘက် အစွန်း Good Hope Cape ကို ပတ်၍ ဥရောပနှင့်အာရှအကြား ရေလမ်းကြောင်းသည် ပို့ဆောင်ရမည့်နေရာပေါ်မူတည်၍ နှစ်ပတ်-သုံးပတ်ပိုကြာမည်ဖြစ်သည်ဟု ကျွမ်းကျင်သူတို့က ပြောကြားကြသည်။
ခရီးတာပိုရှည်၊ အချိန်ပိုကြာသဖြင့် ကွန်တိန်နာပို့ဆောင်ခများသည် ၃၀% မြင့်တက်မည်။ အာမခံ ကုန်ကျစရိတ်များလည်း မြင့်တက်မည်။
Source economictimes
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11051
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |