Healthy Prince
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy Prince, Beauty, cosmetic & personal care, Yangon.
27/02/2023
ကရဝေးရွက်
-ကရဝေးရွက်ကို bay leaf သို့မဟုတ် laurel leaf လို့ခေါ်ကြပါတယ်။
-ကရဝေးရွက်အပင်ဟာ အမြဲစိမ်းပင်တစ်မျိုးဖြစ်ပြီး သူရဲ့မူရင်းဒေသကတော့ မြေထဲပင်လယ်ဒေသ ဖြစ်ပါတယ်။
-သူ့ရဲ့အရွက်ကို ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအနေနဲ့ ရှေးကတည်းကပင် သုံးစွဲလာကြတဲ့အပြင် ယခုထိတိုင် သုံးစွဲလျက်ရှိကြပါတယ်။
-ကရဝေးရွက် ဟင်းပွဲများထဲ ထည့်ချက်သည့်အခါ အနံ့အရသာများ ပိုမိုကောင်းမွန်စေတာကြောင့် ယခုအခါတွင် အမှုန့်အနေနဲ့သော်လည်းကောင်း၊ ဆီထုတ်၍သော်လည်းကောင်း အမျိုးမျိုးသုံးစွဲလျက်ရှိကြပါတယ်။
-သူ့အရွက်တွင် ဆေးဖက်ဝင်ဒြပ်ပေါင်းများဖြစ်သော polyphenols သက်စောင့်ဓာတ်များပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်လျော်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။
ကရဝေးရွက်ကို အသုံးပြုခြင်းဖြင့်
-သွေးထဲမှ သကြားဓာတ်များကို ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
-သွေးထဲမှ မကောင်းသော အဆီဓာတ်များကို လျော့ချပေးနိုင်သောကြောင့် နှလုံးရောဂါများမှ ကာကွယ်ပေးပါတယ်။
-အအေးမိတုပ်ကွေးများကို သက်သာစေပါတယ်။
-အရောင်ကျစေသော အာနိသင်များပါဝင်နေတာကြောင့် အနာကျက်မြန်စေပါတယ်။
-သက်စောင့်ဓာတ်များကြောင့် ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှာပေးပြီး ကင်ဆာရောဂါများမဖြစ်အောင် ကာကွယ်ပေးပါတယ်။
သတိပြုရန်-အရွက်ကို ဟင်းပွဲများထဲ ထည့်ချက်ပြီးနောက် အရွက်ကို ဖယ်ရှားသင့်ပါတယ်။ အရွက်ကို အစာအိမ်က ခြေဖျက်ရန်ခက်ခဲတာကြောင့်ဖြစ်ပါတယ်။
06/02/2023
အလှတရားတွေ Maximum ဖြစ်စေမယ့်
Ladymax Series
💙ဝက်ခြံလိမ်း Gel ☁️အသားကြည် Cream
🌸အသားတင်း Cream 💚အသားလှ Cream
💛ရင်သားလှ Cream
အရေပြား ပြဿနာတွေနှင့် အလှအပအတွက်
အမျိုးအစားစုံရှိလို့ လိုတာကို ရွေးချယ်လိုက်တော့နော်။
ဝက်ခြံ၊ အဆီဖု၊ အဆီပြန်တာနဲ့ ချွေးပေါက်ကျယ်တာတွေအတွက်
💙 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑨𝒏𝒕𝒊-𝑨𝒄𝒏𝒆 𝑮𝒆𝒍 💙 (ဝက်ခြံလိမ်းဂျယ်)
ခရမ်းချယ်ရီပွင့်၊ မာလကာပွင့်၊ ဖန်ခါးသီး၊ ရှားစောင်းလက်ပတ်၊ မုန်လာဥနီ တို့ရဲ့ အဆီအနှစ်ကနေ ထုတ်လုပ်ထားပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် နှိမ်နင်းပေးနိုင်ပါတယ်။ အဆီပြန်၊ ချွေးပေါက်ကျယ်တာတွေကိုလည်း သက်သာစေပြီး သဘာဝအတိုင်းချောမွတ်လှပ ဝက်ခြံကင်းစေပါတယ်။
========================
တင်းတိတ်၊ မှည့်ခြောက်၊ အမဲစက် နှင့် ဝက်ခြံအမာရွတ်ဟောင်းတွေအတွက်
☁️ 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑫𝒆𝒑𝒊𝒈𝒎𝒆𝒏𝒕𝒂𝒕𝒊𝒐𝒏 𝑪𝒓𝒆𝒂𝒎 ☁️ (အသားကြည်ခရမ်)
ရှားစောင်းလက်ပတ်၊ ထောပတ်သီး၊ နာနတ်သီး၊ နွယ်ချို အဆီအနှစ်တို့ကနေ ထုတ်လုပ်ထားပြီး တင်းတိတ်၊ မှည့်ခြောက်၊ ဝက်ခြံအမာရွတ်ဟောင်းများကို သိသိသာသာလျော့နည်းစေပြီး အသားအရေကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေပါတယ်။
==========================
အရေးအကြောင်းကင်းကင်းနဲ့ တင်းရင်းလှပစေဖို့အတွက်
🌸 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑨𝒏𝒕𝒊-𝒘𝒓𝒊𝒏𝒌𝒍𝒆 𝑪𝒓𝒆𝒂𝒎 🌸 (အသားတင်းခရမ်)
အသားအရေတင်းရင်းစေရန်အတွက် အစွမ်းထက်ဆုံး ပေါက်ဥအဆီအနှစ်မှ ထုတ်လုပ်ထားလို့ အရေပြားက Collagen နဲ့ Elastin Tissue တွေကို တီုးပွားစေပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေကို သက်သာစေပြီး အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်ပါတယ်။
=========================
သဘာဝအတိုင်း စိုပြေဝင်းမွတ်နေတဲ့ အသားအရေအတွက်
💚 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑨𝒏𝒕𝒊𝒐𝒙𝒊𝒅𝒂𝒏𝒕 𝑪𝒓𝒆𝒂𝒎 💚 (အသားလှခရမ်)
CoQ10, Vitamin E, ကမ္ဘာဦးပင် နှင့် ဗြုံးမွှေးပင် အဆီအနှစ်တို့က နေ ထုတ်လုပ်ထားပြီး အသားအရေ ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အရေပြားကို သွေးလှည့်ပတ်မှုကောင်းစေပြီး ရေဓါတ်နဲ့ အာဟာရဓါတ်တွေကို ဖြည့်ပေးတာကြောင့် စိုပြည်ဝင်းမွတ်စေပါတယ်။
နေလောင်ထားတဲ့အသားအရေ နှင့် Sensitive Skin အတွက်လည်း သင့်တော်ပါတယ်။
========================
ရင်သားပြည့်ဖြိုးအလှတိုးစေဖို့အတွက်ကတော့
💛 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑩𝒓𝒆𝒂𝒔𝒕 𝑩𝒆𝒂𝒖𝒕𝒚 𝑪𝒓𝒆𝒂𝒎💛 (ရင်သားလှခရမ်)
ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ပေါက်ဥအဆီအနှစ်ကနေ ထုတ်လုပ်ထားတာကြောင့် ရင်သားဖွံ့ဖြိုးလှပဖို့ လိုအပ်တဲ့ Fatty Tissue တွေနှင့် Ligament တွေကို တိုးပွားစပါတယ်။ ရင်သားပျော့၊ ရင်သားတွဲတဲ့သူတွေ တင်းရင်းကြံ့ခိုင်စေဖို့နဲ့ ရင်သားသေးတဲ့သူတွေ ဖွံ့ဖြိုးကြီးထွားဖို့ လိမ်းပေးနိုင်ပါတယ်။
========================
စျေးနှုန်း ~ 40 g တစ်ဗူး - ၉,၀၀၀ ကျပ်
⭐️အိမ်အရောက်ဝန်ဆောင်မှုစနစ်ဖြင့် online မှလဲ မှာယူနိုင်ပါသည် ⭐️
မြန်မာပြည်အတွင်း မြို့အနှံအပြား / ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery Service ( Sat & Sun)
ဆေးများမှာယူလိုပါ 09780055107 or page chat box မှာ မှာယူနိုင်ပါတယ်ရှင်
20/01/2023
သဘာဝ ဗီတာမင်စီက ဘာတွေအားသာချက်ရှိလဲ🤔
☑သဘာဝကရတာဖြစ်လို့ ခန္ဓာကိုယ်က စုပ်ယူမှုပိုကောင်းတယ်။ ဒါကြောင့် ဗီတာမင်စီရဲ့ အကျိုးအာနိသင်တွေ ပိုရတယ်။
☑သဘာဝကရတဲ့ ဗီတာမင်စီကြောင့် အစာအိမ်ထိခိုက်တာနှင့် ကျောက်ကပ်မှာကျောက်တည်စေတာမျိုးတွေလည်း မရှိဘူး။
သဘာဝ ဗီတာမင် စီ (Vitamin C) ကို ဘယ်ကရမလဲ❓
FAME မှာ အော်ဂဲနစ် ဆီးဖြူသီးက ထုတ်လုပ်ထားတဲ့
💛Nature-C (သဘာဝ စီ)💛 ရှိပါတယ်။
ဘာအတွက် သောက်သုံးလို့ရလဲဆိုရင်👇👇👇
☑️ကိုယ်ခံအားကောင်းဖို့
☑️အသားအရေ ပျက်စီးတာတွေ ကာကွယ်ပြီး ကြည်လင်လှပတင်းရင်းဖို့
☑️အလှအပအတွက် သောက်နေတဲ့ Supplement တွေရဲ့ အာနိသင်ပိုကောင်းဖို့
☑️အနာကျက်မြန်ဖို့
☑️သွေးကြောတွေ ခိုင်ခံ့ကျန်းမာဖို့
☑️သွားနှင့် သွားဖုံးတွေ ကျန်းမာဖို့
☑️သွေးအားနည်းတဲ့သူတွေမှာ သံဓါတ်စုပ်ယူမှုကောင်းဖို့
☑️ရောဂါအခြေအနေတစ်ခုခုကြောင့် လိုအပ်နေတဲ့ ဗီတာမင်စီတွေ ဖြည့်စွက်ဖို့ သောက်သုံးပေးနိုင်ပါတယ်။
ကလေး၊ လူကြီး မရွေး နေ့စဉ်ပုံမှန်သောက်သုံး နိုင်ပါတယ်ရှင် 👍
စျေးနှုန်း ~ တစ်ဘူး (အလုံး ၆၀) - ၆,၀၀၀ ကျပ်
⭐️အိမ်အရောက်ဝန်ဆောင်မှုစနစ်ဖြင့် online မှလဲ မှာယူနိုင်ပါသည် ⭐️
မြန်မာပြည်အတွင်း မြို့အနှံအပြား / ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery Service ( Sat & Sun)
ဆေးများမှာယူလိုပါ 09421163012 or chat box
ဆေးအကြောင်း မေးချင်ရင် Telegram 👇👇👇...
https://t.me/joinchat/hJiiC7BsqFYzMTA1
မှာဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါတယ်ရှင်…
09/11/2022
ဆေးလိပ်သောက်သူတွေမှာ ဆေးလိပ်ဖြတ်ပြီးတဲ့ အချိန်ကစပြီး ၇၂ နာရီကျော်တာနဲ့ ရရှိတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အဲ့ဒီထဲက ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြောရရင်
1⃣ နှလုံးနဲ့သွေးကြောတွေ ကျန်းမာရေးကတော့ သိသိသာသာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ နှလုံးခုန်တာတွေ မြန်နေရာကနေ၊ ပုံမှန်မဖြစ်တာကနေ ပုံမှန်ပြန်ဖြစ်လာပါမယ်။ သွေးကြောလေးတွေ ကျဉ်းနေတာတွေ တဖြည်းဖြည်း ပြန်ကျယ်လာလို့ သွေးလှည့်ပတ်မှုတွေ ပိုကောင်းလာပါမယ်။ ခြေဖျားလက်ဖျားတွေ သွေးပိုလျှောက်လာလို့ အရင်ကလို မဲညစ်မနေဘဲ နီလာပါမယ်။ သွေးတိုးရှိတဲ့သူတွေ သွေးပေါင်ချိန်ကျလာပါမယ်။
2⃣ အဆုတ်ရဲ့ အလုပ်လုပ်တာတွေ ပိုကောင်းလာပါမယ်။ အသက်ရှူရတာ ပိုချောင်လာမယ်၊ ချောင်းဆိုးတာတွေလည်း သက်သာသွားပါမယ်။ အဆုတ်ထဲကို မကြာခဏပိုးဝင်ပြီး လေပြွန်ရောင်တာတွေ၊ နမိုးနီးယားဖြစ်တာတွေ လျော့လာပါမယ်။ ပိုပြီးအမောခံနိုင်လာပါမယ်။
3⃣ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပိုရလာလို့ မူးဝေတာတွေ၊ ခေါင်းမကြည်မလင် ဖြစ်နေတာတွေ ကောင်းလာပါမယ်။ မှတ်ဉာဏ်တွေ ပိုပြီးတိုးတက်ကောင်းမွန်လာပါမယ်။ သတိမေ့တာတွေ လျော့လာပါမယ်။
4⃣ အမောခံပြီး သက်လုံပိုကောင်းပါမယ်။ အားကစားလုပ်ရင်၊ လမ်းလျှောက်ရင် ခါတိုင်းထက် ပိုကောင်းလာပါမယ်။ သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လျော့နည်းလာလို့ ဟေမိုဂလိုဗင်ဟာ အောက်ဆီဂျင်ကို ပိုသယ်လာနိုင်လို့ နေလို့ပိုကောင်းလာပါမယ်။
5⃣ အနံ့အသက်တွေ ပိုကောင်းပါမယ်။ ခန္ဓာကိုယ်ကနေ ရှူထုတ်လိုက်တဲ့လေထဲမှာ မကောင်းတဲ့ ဆေးလိပ်နံ့တွေ ကင်းစင်သလို၊ ချွေးထဲမှာလဲ ဆေးလိပ်ရဲ့မကောင်းတဲ့အနံ့တွေ ကင်းစင်လာလို့ ခန္ဓာကိုယ်မှာ ဆေးလိပ်နံ့တွေ တဖြည်းဖြည်း လျော့နည်းလာပါမယ်။ မိမိနဲ့ ထိတွေ့ဆက်ဆံတဲ့ မိတ်ဆွေတွေရဲ့ ပိုမိုနှစ်သက်လက်ခံမှုကို ရရှိစေမှာ ဖြစ်ပါတယ်။
6⃣ ဆေးလိပ်သောက်ရင်ဖြစ်တဲ့ သွားတွေဝါနေတာ၊ အရေပြားတွေ မွဲခြောက်ခြောက်ဖြစ်တာ၊ ပါးရေတွန့်တာ မြန်တာတွေ၊ ဆံပင်တွေကြွပ်ဆတ်တာ၊ လက်သည်းခြေသည်းတွေ မလှတာတွေကနေ တဖြည်းဖြည်း ပြန်ကောင်းလာပြီး ပိုမိုချောမောလှပစေမှာ ဖြစ်ပါတယ်။ အသားအရေတွေလည်း ပိုမိုစိုပြေလာပြီး ကြည့်လို့ပိုကောင်းစေပါတယ်။
7⃣ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်တဲ့ရောဂါဆိုးတွေဖြစ်တဲ့ လေဖြတ်တာ၊ ခြေလက်ထုံကျင်ပြီး သွေးမလျှောက်ဖြစ်တာ၊ ဟော်မုန်းတွေ ပုံမှန်မဖြစ်တာ၊ ပန်းသေပန်းညှိုးရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။
8⃣ ခန္ဓာကိုယ်ခုခံအားစနစ်ကို ဆေးလိပ်သောက်စဉ်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာလို့ မကြာခဏဖျားနာတာ၊ တရှောင်ရှောင်ဖြစ်တာတွေ ကောင်းလာပါမယ်။ အော်တိုအင်မြူးရောဂါတွေ ဖြစ်ဖို့ အလားအလာလည်း နည်းသွားပါတယ်။ ဖရီးရယ်ဒီကယ်တွေ လျော့နည်းလာလို့ ခုခံအားစနစ်ကို ဖျက်ဆီးခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။
9⃣ နောက်ဆုံးအနေနဲ့ ဆေးလိပ်သောက်စဉ်ကထက်ပိုပြီး အသက်ရှည် နုပျို ကျန်းမာလာလို့ သက်တမ်း ပိုပြီးနေရမှာ ဖြစ်ပါတယ်။ သက်တမ်းစေ့နေရဖို့ အထောက်အကူပြုပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |