Witt Hmone

Witt Hmone

Share

Relationship / အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ အမြဲတင်ပေးသွားမှာမို့ Page လေးကို Follow လုပ်ထားနော် 🌸

25/04/2026

"သင်္ဘောသားမိန်းမ မို့ဖောက်ပြားပါသတဲ့လား။"

ဒီစကားလုံးမျိုးတွေဟာ မြန်မာကားဆန်ဆန် ခဏခဏပြောနေတတ်ကြပါတယ်

ကျွန်မ ပတ်ဝန်းကျင်မှာရှိတဲ့ သင်္ဘောသားအမျိုးသမီး အများစုကတော့ အမျိုးသားမရှိတဲ့ အချိန် ဖောက်ပြားတယ်ဆိုတာ ဘာမှန်းမသိအောင်ကို

⚓ယောက်ျားအလုပ် မိန်းမအလုပ် တာဝန် ၂ ဆ လုပ်နေကြသူတွေ

⚓ဘုရားစင်ရှေ့မှာ စိုးရိမ်ပူပန်မှုများစွာနဲ့ နေ့စဉ် ဆုတောင်း မေတ္တာပို့နေကြရသူတွေ

⚓အဆက်အသွယ်ရမယ့် အချိန်လေးကို မျက်ရည်တွေနဲ့ ဖြေသိမ့်ရင်း မျှော်လင့်လွမ်းဆွတ်ရသူတွေ

⚓လိုင်းရမယ့် အချိန် မသိမှာစိုးလို့ အင်တာနက် အမြဲဖွင့် ဖုန်းတစ်ကိုင်ကိုင်နဲ့ ညတောင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲပဲ စောင့်နေကြရသူတွေ

⚓အခက်အခဲတွေ မပြောပြရက်ပဲ စိတ်ညစ်စရာဆိုလည်း ၂ ဆ စိတ်ညစ်နေကြရသူတွေ

⚓ပြန်လာမယ့် နေ့သာ မျှော်လင့်ပြီး ဖြစ်ချင်တာမှန်သမျှ မျိုသိမ့်ထားရတဲ့သူတွေ

⚓ပြန်လာလို့ တွေ့ခွင့်ရတဲ့ခဏတောင် ထပ်ဝေးရဦးမယ့်အသိနဲ့ အမြဲအားငယ်ဝမ်းနည်းရသူတွေ

⚓ချွေးသွေးရင်းထားတဲ့ ဒေါ်လာမပြောနဲ့ မြန်မာငွေတောင် မလိုအပ်ပဲ မသုံးမစွဲရက်သူတွေပါ

ဒီလို ဇနီးမယား၊ ချစ်သူတွေ ကျမ ပတ်ဝန်းကျင်မှာတော့ အများကြီး ရှိနေကြတယ်။

ဒါတွေဟာလည်း ကိုယ်တိုင်မခံစားဖူးပဲ နားလည်ကြဖို့တော့ တကယ်မလွယ်ကူဘူး ပြောရမယ်။

တကယ်က
သင်္ဘောသားမိန်းမမို့ ဖောက်ပြားတာမဟုတ်ဘူး။
ဖောက်ပြားတတ်တဲ့ မိန်းမကို ယူမိထားလို့နဲ့ပဲဆိုင်တယ်။
ဒါဟာ တစ်ဦးတစ်ယောက်ရဲ့ စာရိတ္တ ကိုယ်ကျင့်တရားပဲ။

အကျင့်သိက္ခာကို တန်ဖိုးထားလေးစားတဲ့ ယောက်ျား၊ မိန်းမတွေ၏ သစ္စာတရားဆိုတာ ကိုယ့်ချစ်သူကို ချစ်လို့ တကူးတက သစ္စာရှိပေးနေရတာမျိုး မဟုတ်ပဲ လုပ်ယူထားစရာ မလိုအောင်ကို ဗီဇတစ်ခုအနေနဲ့ ကပ်ပါလာပြီးသားပါ။

စာရိတ္တချို့ယွင်း ဖောက်ပြားတယ်ဆိုတာ ယောက်ျားဖြစ်နေလို့ မဟုတ် မိန်းမဖြစ်နေလို့မဟုတ်သလို သူ့ရာထူး သူ့အလုပ် သူ့မျိုးရိုးနဲ့လည်း မသက်ဆိုင်ပဲ တစ်ဦးတစ်ယောက်သော စိတ်ဓာတ်နဲ့သာ သက်ဆိုင်တာမို့

သင်တို့ အပြောအဆိုတွေဟာ
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တဲ့ အနေအထားတွေ မရောက်အောင်
သတိလေးတော့ ပြုနိုင်ကြပါစေလို့ 🙂

ဒီစာလေးက လွန်ခဲ့တဲ့ နှစ်တွေက တွေ့မိတဲ့စာလေးပါ (နှစ်တွေ အတော်ကြာနေလို့ မှတ်တောင် မမှတ်မိတော့ပါဘူး)
မူရင်းရေးသားသူကို လေးစားစွာနဲ့ Credit ပေးပါတယ်ရှင်🙏

05/06/2024

Run away from old farts.

Who is she?

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon