Update Express Printing Shop

Update Express Printing Shop

Share

Printing Services

Photos from Update Express Printing Shop's post 18/04/2025

🙏🙏🙏နှစ်သစ်ကူး
ပဌာန်းရာပြည့် ပူဇော်ပွဲနှင့်အောင်ပွဲအလှု🙏🙏🙏

ဤအလှူသည် UPDATE နှင့် UPDATE ကို
ယုံကြည်စွာအလုပ်အပ်နှံသော
၈ နေ့နံ ၇ ရက်သားသမီးရဲ့ အလှူပဲဖြစ်ပါတယ်🙏

🙏🙏🙏 ဤကုသိုလ်ကောင်းမှု၏
အတားအဆီးမဲ့ အတိုင်းအဆမဲ့ အကန့်အသတ်မဲ့ကုသိုလ်ကံအရှိန်အဟုန်ကြောင့် UPDATE နဲ့တကွ
UPDATE ကို ယုံကြည်စွာအလုပ်အပ်နှံသော
၈ နေ့နံ ၇ ရက်သားသမီးအပေါင်း
ရန်သူမျိုးငါးပါးဘေး ကပ်ကြီးသုံးပါးဘေး
သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ
ကင်းဝေးပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး
အလုပ်အကိုင်များ အဆင်ပြေပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်🙏

၂၀၂၄ခုနှစ် တစ်နှစ်ပတ်လုံး အဆက်မပြတ်
အလုပ်အပ်နှံပေးကြပါသော
မိတ်ကောင်းမိတ်ဟောင်း မိတ်ကောင်းမိတ်သစ်များနဲ့စဥ်ဆက်မပြတ်အားပေးကြသော Customers များအားလုံးလည်း စီးပွားလာဘ်လာဘများ
အတားအဆီးမဲ့ အတိုင်းအဆမဲ့ အကန့်အသတ်မဲ့
ဆက်လက်ကြီးပွားတိုးတက်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်ရှင့်🙏

28/03/2025

💥 Pls Take 💥
ငလျင်လှုပ်ပြီးနောက် ခေါင်းမူးဝေဒနာ ဆက်ခံစားနေရလျှင် (Post earthquake dizziness syndrome)

ငလျင်လှုပ်ပြီး နာရီ အနည်းငယ်ကြာ ခေါင်းမူး ခေါင်းမကြည် ပျို့အန် ရင်တုန် ခံစားရတတ်ပါတယ်

ရုတ်တရက်မြေမျက်နှာပြင်လှုပ်ရှားမှုကြောင့် inner ear 👂လို့ခေါ်တဲ့ နားအတွင်း ရွေလျားမှုကိုသိနိုင်တဲ့ အာရုံကြောစနစ် ဟန်ချက်ပျက်သွားပြီးငလျင်ရပ်သွားပြီးလဲ ဆက်ပြီး မူးတာ အန်တာ ချာချာလည်တာတွေဖြစ်နေတတ်သေးတာပါ

ငလျင်ကြောင့် စိတ်ပူတာ စိုးရိမ်စိတ်ဖြစ်ပေါ်တာတွေကလဲ ပိုမူးစေတတ်ပါတယ်

ငလျင်လှုပ်ပြီးနောက် ခေါင်းဆက်မူးနေသေးရင် ဒီအချက်တွေအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါတယ်

- ခဏငြိမ်အောင် လှဲလျောင်းအနားယူပေးပါ
- ရေအေး , royal D , pocari sweat လို အေးတာလေးတွေ သောက်ပြီးရေဓာတ်ရအောင်နေပါ
- စိတ်အရမ်းလှုပ်ရှားနေရင် စိတ်ငြိမ်အောင် အသက်ရှုလေ့ကျင့်ခန်း (meditation) လုပ်ပါ
- Over the counter drugs တွေဖြစ်တဲ့ ကားမူးပြေဆေး ခေါင်းမူးပြေဆေး cinnarizine(Stugeon) သို့မဟုတ် betahistine (Merislon) လိုမျိုး အမူးပြေဆေးများကိုသောက်လို့ရပါတယ်ရှင်

ဒေါက်တာရတနာ
28.3.2025

Dr Yadanar page မှ orginal post များကို လွတ်လပ်စွာရှဲ နိုင်ပါသည်..မိမိ wall တွင် တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသည်းခံပါရှင်

Messager မှာ page admin ကသာ reply လုပ်တာဖြစ်တဲ့ အတွက် မိမိတို့ရဲ့ personal ကျန်းမာရေးကိစ္စများ သီးသန့်ဆွေးနွေးလိုပါက cb ကနေ page admin မှ တဆင့် online consultation booking ရယူနိုင်ပါတယ်
Crd

Want your establishment to be the top-listed Bar/pub in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Bldg 5, Room 4, GF, Hlaing Yadanar Housing, Hlaing Township
Yangon