ATC Services - Myanmar

ATC Services - Myanmar

Share

After Sales Services, Technical Training

10/04/2026

နွေရာသီမှာ မီးစက်တစ်လုံးကို အချိန်ကြာမြင့်စွာ မောင်းနှင်တဲ့အခါမှာ Heat တက်ပြီး အပူလွန်ကဲတာ ဟာ အတွင်းပိုင်းအင်ဂျင်ကို အကြီးအကျယ် ပျက်စီးစေနိုင်တဲ့အပြင် လုပ်ငန်းလည်ပတ်မှုကိုလည်း ရုတ်တရက် ရပ်တန့်သွားစေနိုင်ပါတယ်နော်။
ဒါကြောင့် ATC Services Myanmar ကနေ မီးစက်အသုံးပြုသူတိုင်း သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

- အအေးပေးစနစ် (Cooling System) အတွက် လိုအပ်တဲ့ ရေ သို့မဟုတ် Coolant ရှိမရှိကို မီးစက်မနှိုးခင်မှာ အမြဲစစ်ဆေးပေးရပါမယ်။
- Radiator အုံထဲမှာ ဖုန်တွေ၊ အညစ်အကြေးတွေ ပိတ်ဆို့နေရင် လေဝင်လေထွက်မကောင်းဘဲ အလွယ်တကူ Heat တက်နိုင်လို့ ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။
- Fan Belt တင်းအားကို စစ်ဆေးပါ - ပန်ကာကြိုး ချောင်နေရင် အအေးပေးစနစ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့လို့ တင်းအားမှန်မမှန်ကို သေချာကြည့်ပေးပါ။
- မီးစက်ကို လေဝင်လေထွက် ကောင်းမွန်ပြီး အပူပြန်ထွက်နိုင်တဲ့ နေရာမျိုးမှာသာ ထားရှိအသုံးပြုသင့်ပါတယ်။

ဒီလို အချက်လေးတွေကို ဂရုစိုက်ပေးခြင်းအားဖြင့် သင့်မီးစက်ရဲ့ သက်တမ်းကို ပိုမိုရှည်ကြာစေမှာပါနော်။ တကယ်လို့ မီးစက်မှာ ပုံမှန်မဟုတ်တဲ့ အသံတွေနဲ့ Heat တက်တဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီဆိုရင်တော့ အချိန်တိုအတွင်း ကျွမ်းကျင်စွာ ပြုပြင်ဖြေရှင်းပေးနိုင်တဲ့ ATC Myanmar ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်။

24/03/2026

ပြည်တွင်းရှိ လုပ်ငန်းပေါင်းများစွာက အားထားရတဲ့ ATC Services ဟာဆိုရင် မီးစက်ပြုပြင်ထိန်းသိမ်းရေးအတွက် စနစ်တကျရှိတဲ့ ဝန်ဆောင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု နဲ့ customer များ စိတ်တိုင်းကျဆောင်ရွက်ပေးနိုင်မှုကြောင့် ယနေ့အချိန်ထိ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။

ATC Services အနေနဲ့ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကူးသန်းရောင်းဝယ်ရေး အစရှိတဲ့ လုပ်ငန်းပေါင်းစုံကို ဝန်ဆောင်မှုပေးနေပါတယ်။ တိကျသေချာတဲ့ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုပြီး လူကြီးမင်းတို့ရဲ့ မီးစက်တွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများကို အဖြေရှာပေးနိုင်ခြင်း၊ ထိရောက်တဲ့ အကြံပြုချက်များ ပေးနိုင်ခြင်းနဲ့ အခြားလိုအပ်တဲ့ နောက်ဆက်တွဲ ဝန်ဆောင်မှုများအထိပေးနိုင်ခြင်းတာကြောင့် စီးပွားရေးလုပ်ငန်းများရဲ့ ရေရှည်လက်တွဲဖော်အဖြစ် ဆက်လက်တည်ရှိနေတာပါ။

၂၄ နာရီ ဆက်သွယ်နိုင်တဲ့ Hotline ရှိတာကြောင့် အချိန်မရွေးဆက်သွယ်ပြီး Appointment လုပ်နိုင်သလို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာလည်း အမြန်ဆုံး လာရောက်ပြင်ဆင်နိုင်တာကြောင့် မီးစက်နဲ့ ပတ်သက်တဲ့ ပြဿနာအဝဝအတွက်ဆိုရင် ATC Services ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Address

No. 99, Min Gyi Mahar Min Gaung St. Yangon-Pathein Road, Hlaingtharyar
Yangon