Technortal

Technortal

Share

"We give Quality Education at an Affordable Price"

Photos from Technortal's post 09/03/2026

Myanmar မှာ Android Phone သုံးတဲ့သူ ဘယ်နှစ်ရာခိုင်နှုန်းရှိလဲ သိလား။ 90% ကျော်တယ်။

ဒါပေမယ့် ဒီ 90% အတွက် App ဆောက်ပေးနိုင်တဲ့ Myanmar Developer ဘယ်နှစ်ယောက်ရှိလဲ ဆိုတော့ လက်ချိုးရေလို့ရတယ်။
Web Developer တွေက တော်တော်များတယ်။ Competition ပြင်းတယ်။Android ဘက်ကျတော့ demand ရှိတယ်၊ supply နည်းတယ်။ ဒီ gap ကို မြင်တဲ့သူက အရင်ဝင်တဲ့သူ ဖြစ်လာမယ်။

ဒါပေမယ့် Android Development ဆိုတာ YouTube Tutorial ကြည့်ပြီး တတ်နိုင်တဲ့ level မဟုတ်ဘူး။ Kotlin ရဲ့ Foundation ကနေ OOP, Functional Programming ကို solid ဖြစ်အောင် နားလည်ရမယ်။ Android Framework ရဲ့ Layout, UI, Data Handling ကိုင်တွယ်တတ်ရမယ်။ Networking, Architecture Pattern, Reactive Programming အထိ ရောက်မှ — production-level app ဆောက်ပြီလို့ ပြောလို့ရတာ။

ဒါကို self-study နဲ့ ၁ နှစ်ကြာအောင် လုပ်မလား — ဒါမှမဟုတ် လမ်းကြောင်းမှန်နဲ့ ၃ လ အတွင်း ရောက်မလား။ ရွေးချယ်ခွင့်က သင့်မှာရှိတယ်။

🧑‍🏫 Instructor: Sir. Zay Phyo Senior Android Developer @ Codigo Senior Android Developer @ Binary_Lab 3+ Years Teaching Experience

ဆရာက classroom ထဲမှာ theory ပဲ ပြောတဲ့သူ မဟုတ်ဘူး။ နေ့တိုင်း Kotlin နဲ့ production app ရေးနေတဲ့သူ။ သူ daily encounter ဖြစ်နေတဲ့ real-world problem တွေကနေ သင်ပေးမှာ ဖြစ်တယ်။

ဘာတွေ သင်ယူမလဲ
🚀 Kotlin Programming Fundamentals — Foundations, Core Syntax, Data Structures, OOP, Functional Programming
🚀 Android Framework — Layouts, UI Design (XML), Core Components, Advanced UI & Data Handling
🚀 Data Persistence, Networking & Architecture — Database, API Integration, Async Programming, Reactive Programming, Architecture Patterns

⚠️ ဒီသင်တန်းက "Kotlin ဆိုတာ ဘာလဲ" level ကနေ "Android App ဆောက်တတ်တယ်" level ကို ၃ လ အတွင်း ပို့ပေးဖို့ ဖွဲ့ထားတာ ဖြစ်တယ်။ Serious ဖြစ်တဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။

📅 စတင်မည့်ရက် — March 23
⏱ သင်တန်းကာလ — 3 Months
🕖 အချိန် — 7:00 PM – 9:00 PM (Online)
💰 ကုန်ကျစရိတ် — 330,000 MMK
👥 Batch-based ဖြစ်တဲ့အတွက် seat ကန့်သတ်ထားပါတယ်

🛡 GUARANTEE: သင်တန်း ဆုံးအောင်တက်ပြီး assignment တွေ အကုန်လုပ်ခဲ့ပေမယ့် Android App build မပြီးခဲ့ရင် — next batch free ပြန်တက်ခွင့်ပေးပါမယ်။

ကောင်းရင် Android Developer lane ထဲ ဝင်သွားမယ်။ မကောင်းရင် ထပ်သင်ပေးမယ်။ Risk မရှိဘူး။

04/03/2026

🚀 ကွန်ပျူတာ ရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ပေးနေတဲ့ AI တစ်ခု ရှိလာပြီ

ChatGPT ထွက်လာတုန်းက — "AI က စာရေးပေးတယ်, မေးခွန်းဖြေပေးတယ်" ဆိုပြီး အံ့သြခဲ့ကြတယ်။

ခု 2026 မှာ — AI က ကိုယ့်အီးမေးလ် ဖတ်ပြီး reply ပြန်ပေးတယ်, calendar စီစဉ်ပေးတယ်, flight check-in လုပ်ပေးတယ်, code ရေးပေးတယ်, website ဆောက်ပေးတယ်။

ဒါ sci-fi ဇာတ်လမ်းထဲကမှာ တကယ့်လက်တွေ့ဘဝကို ရောက်လာတယ်။ ဒိ Concept ကို ယူဆောင်လာပေးတာက OpenClaw ဆိုတဲ့ နည်းပညာပါ။

OpenClaw ဆိုတာ ဘာလဲ ❓
ရိုးရိုးရှင်းရှင်း ပြောရရင် ကွန်ပျူတာ တစ်လုံးရှေ့မှာ ထိုင်ပြီး အလုပ်လုပ်တတ်တဲ့ AI assistant တစ်ခု။ WhatsApp, Telegram, Discord ကနေ message ပို့လိုက်ရုံနဲ့ သူ လုပ်ပေးတယ်။

ChatGPT က "ဒီလို လုပ်ပါ" လို့ ပြောပြတယ်။ OpenClaw က ကိုယ့်အစား တကယ် လုပ်ပေးတယ်။

ဥပမာ — 📧 "ငါ့ inbox ထဲက အရေးကြီးတဲ့ email တွေပဲ ပြပေး၊ ကျန်တာ reply ပြန်ပေး" 📅 "ဒီသီတင်းပတ် ငါ့ schedule ဘာတွေ ရှိလဲ အကျဉ်းချုပ် ပြောပြပေး" 💻 "ဒီ website ကို ပြင်ပေး" — ပြီးတော့ သူ တကယ် code ရေးပြီး ပြင်ပေးတယ်။

ပြီးတော့ open source ဖြစ်တယ် ဘယ်သူမဆို အခမဲ့ သုံးလို့ရတယ်, ကိုယ့် computer ပေါ်မှာ run တာ, data ဘယ်ကိုမှ မထွက်သွားဘူး။ ဒါပေမယ့် API Security တွေကိုတော့ သေချာလည်း ဂရုစိုက်ဖို့လိုမယ်။

GitHub မှာ ရက်ပိုင်းအတွင်း star 60,000+ ရခဲ့တယ်ဆိုရင် ဘယ်လောက် impact ကြီးလဲ ခန့်မှန်းကြည့်ပါ။

ဒါ ဘာကို ပြောင်းလိုက်လဲ ❓

အရင်က AI ဆိုတာ မေးရင် ဖြေတယ်။ ကိုယ်က prompt ရိုက်ရတယ်, AI က output ပေးတယ်, ကိုယ်က ပြန်ယူပြီး ကိုယ်တိုင် implement လုပ်ရတယ်။

ခု AI ဆိုတာ ခိုင်းရင် လုပ်တယ်။ ကိုယ်က ရည်ရွယ်ချက် ပြောလိုက်ရုံပဲ, AI က planning ကနေ ex*****on အထိ ကိုယ့်အစား လုပ်ပေးတယ်။
ဒီ shift ကြီးက "AI ကို tool အဖြစ် သုံးတယ်" ကနေ "AI က ကိုယ့် teammate ဖြစ်လာတယ်" ဆိုတဲ့ ခေတ်ကို ရောက်လာပြီ ဆိုတာ ပြနေတယ်။

ဒါဆို ကျွန်တော်တို့တို့ ဘာလုပ်သင့်လဲ ❓

ဒီ technology ကို ကြောက်စရာ မလိုဘူး — ဒါပေမယ့် နားမလည်ဘဲ နေလို့ မရတော့ဘူး။ AI ခေတ်မှာ Programming အခြေခံ ရှိတဲ့သူက AI ကို tool အဖြစ် သုံးပြီး 10 ဆ မြန်မြန် အလုပ်လုပ်နိုင်မယ် ။ Programming မတတ်တဲ့သူက AI ထွက်ပေးတာ မှန်လား မှားလား စစ်မရဘူး System architecture နားလည်တဲ့သူက OpenClaw လို tool ကို ကိုယ့် business အတွက် customize လုပ်နိုင်မယ်။ နားမလည်တဲ့သူက "ဟိုလူတွေ ဘာနဲ့ ဒီလောက် မြန်နေတာလဲ" ဆိုပြီး ဝေးကနေ ကြည့်ရမယ်။

Technology က ရပ်မနေဘူး။ ရပ်နေတာ ကျွန်တော်တို့ပဲ ဖြစ်နေရင် — ပြဿနာ ဖြစ်ပြီ။

OpenClaw အကြောင်း ထပ်လေ့လာချင်ရင် နောက်ပိုင်း Technortal မှာ Free Webinar တစ်ခုလုပ်ပေးပါမယ်။

Technortal မှာ AI ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် programming အခြေခံကနေ real project build အထိ သင်ပေးနေပါတယ်။

Photos from Technortal's post 01/03/2026

C # တတ်တယ်ဆိုပြီး Interview မှာ "Real Project ပြ" လို့ပြောတာနဲ့ ဘာမှမပြနိုင်ဖူးဆိုရင် ဒီ post ဖတ်ပါ။

Myanmar developer လောကမှာ pattern တစ်ခု ရှိတယ်။
Tutorial ကြည့်တယ် → Hello World ရေးတယ် → Certificate ရတယ် → Resume ထဲ "C # တတ်သည်" ထည့်တယ် → Interview မှာ ပေါက်ကွဲတယ်။

ဘာကြောင့်လဲ ❓

Company တွေက "ဘာ language တတ်လဲ" မေးတာမဟုတ်ဘူး။ သူတို့မေးတာက "Banking system build ဖူးသလား။ API ချိတ်ဖူးသလား။ Production code ရေးဖူးသလား။ ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့ tutorial တစ်သောင်းကြည့်လို့ မရဘူး။ Project တကယ် build ဖူးဖို့ပဲ လိုတယ်။

ဒီ C # Batch မှာတော့ Slide ဖတ်မှာ မဟုတ်ဘူး။ Theory ပဲ ပြောမှာ မဟုတ်ဘူး။ Module တိုင်းမှာ Project တစ်ခုစီ ထုတ်မယ်။ Console App ထုတ်မယ်။ Windows Forms App ထုတ်မယ်။ Web API ဆောက်မယ်။ MVC Web Application ဆောက်မယ်။ SQL Server နဲ့ ချိတ်မယ်။
သင်တန်းဆင်းတဲ့နေ့မှာ Portfolio မှာ ထည့်ဖို့ Project အများကြီး သင့်မှာ ရှိနေမယ်။ Interview မှာ laptop ဖွင့်ပြ။ GitHub link ပေး။ Code ရှင်းပြ။ ဒါပါပဲ။​

ဘာတွေ သင်ယူမလဲ ❓

✦ Introduction to Programming with C # — programming ဘာမှမသိသေးတဲ့ level ကနေ solid foundation တည်ဆောက်မယ်
✦ Console Application Development — .NET + Microsoft SQL Server နဲ့ real data handle လုပ်တတ်အောင်
✦ Windows Forms Application Development — Desktop application ဆောက်တတ်အောင်
✦ ASP.NET Core Web API — Enterprise company တွေ တကယ်သုံးနေတဲ့ API architecture ကို ကိုင်တတ်အောင်
✦ ASP.NET Core Web MVC — Full web application end-to-end build တတ်အောင်
✦ AI Model တွေကို Leverage လုပ်ပြိး Development Process ကို ဘယ်လို Boost လုပ်မလဲဆိုတာတွေကော ပါဝင်မှာပါ။​

Microsoft Ecosystem — ဒါက Myanmar မှာရော နိုင်ငံတကာမှာပါ Enterprise level industry တွေရဲ့ backbone ။ ဒါတတ်ရင် job market မှာ option တွေ ပိုများပါတယ်။

🧑‍🏫 Instructor: ကိုဆန်းလင်းထွန်း
Software Engineering မှာ တစ်ဆယ်နှစ်ကျော် experience ရှိတဲ့သူ။ လက်ရှိ ACE Data Systems မှာ Banking & Finance Department ထဲ Software Engineer အနေနဲ့ တကယ် industry မှာ ရှိနေတဲ့သူ။ Team Lead အဖြစ် junior တွေကို ဆောင်ရွက်နေတဲ့သူ။
Theory ချည်းပဲ သိတဲ့ instructor မဟုတ်ဘူး — Production code တကယ်ရေးနေတဲ့ industry insider တစ်ယောက်ကနေ တိုက်ရိုက် သင်ယူလိုက်တာ။

⚠️ ဒီ batch ရဲ့ Rule တွေကို ကြိုတင်ပြောထားချင်တယ်—
ဒီသင်တန်းက လူတိုင်းအတွက် မဟုတ်ဘူး။ Certificate သာ လိုချင်တဲ့သူ → မလာပါနဲ့။ Passive ကြည့်ချင်တဲ့သူ → မလာပါနဲ့။ "ကြည့်ရင်း သင်မယ်" plan ရှိတဲ့သူ → မလာပါနဲ့။​

🚀 Serious ဖြစ်တဲ့သူတွေအတွက်ပါ။​
✅ အတန်းတိုင်း တိတိကျကျ တက်ရမယ်
✅ Module တိုင်းမှာ project ထုတ်ရမယ်
✅ Instructor ညွှန်ကြားသမျှ implement လုပ်ရမယ်
✅ Code ကို ကိုယ်တိုင် ရုန်းကန်ဖို့ ဆန္ဒရှိရမယ်
Serious ဖြစ်တဲ့သူကိုပဲ ဒီ seat ပေးမယ်။ ဒါ filter မဟုတ်ဘူး — quality control ပဲ။

⚡ OFFER:
📅 စတင်မည့်ရက် — March 9 (Monday)
⏱ သင်တန်းကာလ — 2 Months
📆 သင်တန်းနေ့ — Monday & Tuesday
🕗 အချိန် — 8:00 PM – 10:00 PM
💻 Platform — Zoom (Recording ပါရမယ်)
💰 ကုန်ကျစရိတ် — 330,000 MMK

🛡 GUARANTEE:
တက်ရမယ့် class မှန်မှန်တက်ပြီး instructor ညွှန်ကြားသမျှ လုပ်ဆောင်ခဲ့ပြီးရင် Project တွေ မထွက်ဘူးဆိုရင် ပိုက်ဆံ အပြည့်အစုံ ပြန်အမ်းမယ်။ ကောင်းရင် career အသစ် ရမယ်။ မကောင်းဘူးဆိုရင် ပိုက်ဆံပြန်ရမယ်။ Risk သင့်ဆီမှာ တစ်ခုမှ မရှိဘူး။

Seat အရေအတွက် သတ်မှတ်ထားတယ်။ First come first served မဟုတ်ဘူး — Serious လူကိုပဲ ရွေးပါမယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

TimeCity, Kamayut Township
Yangon