GO Music School

GO Music School

Share

GO, Grace Ornament Music School/ Classical Music/ Online School/ Certificate of Music/ Since 2020

18/04/2026

Cover By : Vivian Htoo (Basic Vocal Class Batch 7)
Song Name : ဒဏ္ဍာရီ
Original Singer : မဒီ
Composer : ဇဏ်ခီ
Video : Thura Aung / BC
Video Edit : Thura Aung
Audio : KZ Kyaw Lin Aung
Mixing : Daniel DM Garpdo
Disclaimer: No copyright infringement intended. All rights belong to their respective owners.
Joy House မှာသင်ကြားပေးခဲ့တဲ့ Basic Vocal Class Batch 7 ကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ဒီတ Batch ရဲ့ Final Project အနေနဲ့ သူတို့ သင်တန်း ၃ လတာ ကာလ အတွင်း လေ့ကျင့်ခဲ့တဲ့ သီချင်းတွေထဲက နေ မဲနှိုက်ပြီး ကျတဲ့ သီချင်းကို Cove Song အနေနဲ့တင်ဆက် ရတာဖြစ်ပါတယ်။
Basic Vocal Class တတ်ပြီးဘာရလဲ မေးနေတဲ့သူများ အတွက်တော့ Vocal Class က ကျောင်းသူ/ကျောင်းသား များက သက်သေပြလိုက်ပါပြီ။
သင်ကြားချိန် ၃ လ ပဲ ရှိပေမယ့် သူတို့ရဲ့ ကြိုးစားမှုလေးတွေက အခုမှ ကြိုးစားမယ့်သူတွေအတွက် အားဆေးတစ်ခွက် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

05/04/2026

✨ Basic Vocal Class @ Joy House ✨

အခု လက်ရှိ Joy House မှာ ဖွင့်လှစ်သင်ကြားနေတဲ့ Basic Vocal Class ရဲ့ သင်ကြားပုံကို မျှဝေပေးလိုက်ပါတယ်ရှင့်။

တချို့တွေက —
“တစ်ပတ် ၂ ရက်ပဲတက်ရတာဆိုတော့ လွယ်မလား?”
“ဘာတွေ ရနိုင်မလဲ?”
ဆိုပြီး စဉ်းစားတတ်ကြပါတယ်။

ဒါပေမယ့် အမှန်တကယ်တော့—
ဒီအတန်းဟာ အချိန်နည်းသလို မထင်ပါနဲ့။

📚 သင်ကြားချိန် (Training Hours)
• တစ်ပတ် – ၃ နာရီ
• တစ်လ – ၁၂ နာရီ
• သင်တန်းကာလ (၃ လ) – စုစုပေါင်း ၃၆ နာရီ

ဒီအချိန်တွေဟာ Classroom Training ဖြစ်ပြီး၊
အရေးကြီးဆုံးကတော့ ကျောင်းသားတွေရဲ့ Practice Process ပါ။

🎧 Daily Practice System
ကျောင်းသားတိုင်းကို နေ့တိုင်း ကိုယ်ဆိုထားတဲ့ song video files ပို့ခိုင်းပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့်—
• Listening Skill တိုးတက်လာခြင်း
• Song Catching Speed မြန်လာခြင်း
• Self-awareness တိုးတက်လာခြင်း
တို့ကို အဓိက train လုပ်ပေးပါတယ်။

🎤 Performance Training
သင်တန်းနောက်ပိုင်းမှာ—
ကျောင်းသားတွေဟာ အခန်းတွင်းမှာ performance တင်ဆက်ရမှာဖြစ်ပြီး
မဲနှိုက်ထားတဲ့ သီချင်း (song) ကို
တကယ့် stage performance တစ်ခုလို ပြင်ဆင်ရမှာဖြစ်ပါတယ်။

🌟 Final Project
နောက်ဆုံးမှာတော့ ကျောင်းသားတွေနဲ့ကိုက်ညီတဲ့
Final Project ကို ရွေးချယ်ပေးပြီး
၃ လတာ သင်ကြားမှုကို ပြည့်စုံစွာ ပြီးဆုံးသွားမှာဖြစ်ပါတယ်။

🛑ဒါကြောင့် Final Project ဟာ လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်🛑

Final Project မှာ —
✔️ပွဲစီစဉ်ရမယ်
✔️Recoding လုပ်ရမယ်
✔️Funding ရှာရမယ်
✔️Fun နဲ့ကိုက်ညီတဲ့ ပွဲကို management လုပ်ရမယ်
✔️Recoding ဝင်ရမယ်



💡 ဒါကြောင့် Basic Class ဆိုတာ လွယ်ကူတဲ့ အတန်းမဟုတ်ပါဘူး။
Basic အဆင့်မှာ သိသင့်သိထိုက်တာတွေကို စနစ်တကျ သင်ကြားပေးထားတာဖြစ်ပါတယ်။

ဒီအတန်းမှ—
✔️ Vocal Skill
✔️ Performance Skill
✔️ Communication Skill
✔️ Music Awareness
တို့ကို တပြိုင်နက်တည်း ဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။



🎯 ဒီသင်တန်းဟာ
တကယ်ပဲ Vocalist life ထဲဝင်နိုင်လား
ဒါမှမဟုတ် Instrumentalist ပဲလား
ဒါမှမဟုတ် လုံးဝ Musician မဟုတ်ဘူးလား ဆိုတာကို ခွဲခြားသိမြင်လာနိုင်ဖို့ သင်ကြားပေးနေတဲ့ အတန်း ဖြစ်လို့ တကယ်ပဲ ကိုယ့်ကိုယ့်ကိုရှာဖွေနေသူများ
အတွက် အထူးသင့်တော်ပါတယ်။

📩 အသေးစိတ် စုံစမ်းလိုပါက အောက်မှာဖော်ပြထားတဲ့ link မှာ ဆက်သွယ်နိုင်ပါတယ်ရှင့်။

https://www.facebook.com/share/p/1EL2WR772a/?mibextid=wwXIfr

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Insein Road, Myanmar, Burma (Myanmar)
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00