Blessing Hnin Pwint
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Blessing Hnin Pwint, Blogger, PHAW KAN PADAYHAR St;, INN SEIN TOWW SHIP, Yangon.
19/02/2025
''ဇနီး၏သဘောထားသည်
သူမ၏ခင်ပွန်းအပေါ်တွင်မူတည်တယ်''
ယောင်္ကျားတစ်ယောက်အနေနဲ့ မင်းမိန်းမကို
မင်းလိုချင်တဲ့ပုံစံအတိုင်း ပြုမူစေချင်ရင်
မင်းမိန်းမကို မင်းလိုချင်တဲ့ပုံစံသလို ဆက်ဆံပါ။
ခင်ပွန်းသည်က ဇနီးသည်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြီး
မကြာခဏ ဒေါသထွက်ရင် ဇနီးသည်ကလည်း
ရိုင်းရိုင်းစိုင်းစိုင်း ဒေါသထွက်လိမ့်မယ်။
ခင်ပွန်းသည်က ဇနီးကို တန်ဖိုးမထားရင်
ဇနီးသည်ကလည်း ခင်ပွန်းသည်ကို
တန်ဖိုးထားမှာ မဟုတ်ဘူး။
ခင်ပွန်းသည်က ဇနီးကို အိမ်ဖော်လို ဆက်ဆံရင်
ဇနီးသည်ကလည်း ခင်ပွန်းကို လေးစားမှာ မဟုတ်ပါဘူး။
ဇနီးသည်က အိမ်မှာလုပ်နေတဲ့အလုပ်ကို
ခင်ပွန်းသည်က မချီးကျူးပေးရင် ဇနီးသည်ကလည်း
ခင်ပွန်းကို ချီးကျူးတတ်မှာ မဟုတ်ဘူး။
သို့သော် ဆန့်ကျင်ဘက်အနေနှင့်၊
ခင်ပွန်းသည်က သူမကို စိတ်ရှည်သည်းခံပြီး
မေတ္တာဖြင့် ဆက်ဆံရင် ဇနီးသည်ကလည်း
ခင်ပွန်းသည်အပေါ် စိတ်ရှည်ပြီး
ချစ်တတ်လာလိမ့်မည်ဖြစ်သည်။
ခင်ပွန်းသည်က ဇနီးကို နားလည်သဘောပေါက်ရင်
ဇနီးသည်ကလည်း နားလည်ပေးလိမ့်မယ်။
ခင်ပွန်းသည်က ဇနီးသည်ကို ဘုရင်မအဖြစ် ဆက်ဆံရင်
သူမသည် ဘုရင်မဖြစ်မှာဖြစ်ပြီး
သင့်အိမ်သည် ဘုရင်နန်းတော်ဖြစ်လိမ့်မည်။
ယောင်္ကျားများ၊ သင့်ဇနီးကို ဘာသာတရားက
သွန်သင်သည့်အတိုင်း ဆက်ဆံပါ၊
သင့်ဇနီးသည် သင့်သားသမီးများ၏ မိခင်ဖြစ်သောကြောင့်
မင်းရဲ့ဇနီးကို သင်ပေးတဲ့အရာကို မင်းဇနီးက
မင်းရဲ့သားသမီးတွေကို ပြန်သင်ပေးလိမ့်မယ်။
မင်းမိန်းမက မင်းနံရိုးဆိုပဲဆိုတာ သတိထားပါ။
နံရိုးတွေက ကောက်နေတာ၊
ဖြောင့်အောင် တွန်းရင် ကျိုးလိမ့်မယ်၊
ဒါပေမယ့် လွှတ်ထားရင် ပိုကောက်လိမ့်မယ်။
ဒါကြောင့် သင့်ဇနီးကို ညင်သာစွာ ဆက်ဆံပါ။
အဘယ်ကြောင့်ဆိုသော် .....
ဇနီးသည်သည် ခင်ပွန်း၏ အရိပ်အယောင်ပင် ဖြစ်သည်။
#လေးစားစွာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
#မေတ္တာများစွာဖြင့်
18/01/2025
မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုရင်ချစ်နေရုံနဲ့မပြီးဘူး ၊
ဘဝ တစ်လျှောက်လုံး လုံလုံ လောက်လောက် ဖြည့်စည်းပေးဖို့ ကြိုးစားရတယ်
တင့်တင့်တယ်တယ် ထားနိုင်ဖို့လိုသေးတယ် ။
ချစ်ရုံနဲ့ ပိုင်ဆိုင်ခွင့် မရသေးဘူး ချစ်ပြီးရင်...မြဲမြဲဆွဲဆုပ်ထားရမယ်စာနာသနားရမယ်...ကြင်နာပေးရမယ် ။
လုံလုံလောက်လောက် ပြည့်စုံပြီး..
စိတ်ချမ်းသာအောင် ထားနိုင်ပြီးဆိုမှသာ
ထိမ်းမြား လက်ထပ်ခြင်းကို သွားရတယ် ။
မင်းတို့လက်ထပ်ခဲ့တဲ့ အမျိုးသမီးဟာ
သူ့အိမ်မှာသူက...ဘုရင်မပဲ...
ကိုယ်အိမ်ရောက်မှ...ကျွန်တစ်ယောက် မဖြစ်စေနဲ့
မိဘလောက်နီးနီး နွေးထွေးပေးရတယ်...။
လူမှုရေး..ကျန်းမာရေး
အဝတ်အစား အသုံးအဆောင်က အစ…
မျက်နှာမငယ်အောင် ထားရတယ် ။
ချစ်တယ်ဆိုတာပါးစပ်နဲ့လူတိုင်း ချစ်တက်ပါတယ်
ထိမ်မြားပြီးမှ..ကျွန်ဖြစ်နေတဲ့မိန်းမတွေကို...
စာနာသနားတက်တဲ့ ယောက်ျားတစ်ယောက်အဖြစ်
ရှိနေဖို့လိုတာပါ...။
အချစ်ဆိုတာ ပါးစပ်ကလာတာမဟုတ်ဘူး ၊ နှလုံးသား...နစ်နေတဲ့ နှလုံးသားက လာတာ
မပြည့်စုံတဲ့ဘဝကိုနှစ်ယောက်အတူ
ကြိုးစားလို့ရတာ မှန်တယ်...။
အပေါင်းအသင်း မိသားစုကြားမှာ
မင်းအမျိုးသမီး မျက်နှာမငယ်ဖို့က
မင်းမှာတာဝန် အပြည့်ရှိတယ်....။
မင်းကိုယ်မင်း လူညံ့ပါလို့ အထင်မခံနိုင်ရင်တော့...
မင်းချစ်တဲ့အမျိုးသမီးအပေါ်
ချစ်တာထက်ပိုတာတွေ....
ဖြည့်ဆည်းပေးနိုင်ရလိမ့်မယ်...။
crd
18/12/2024
#ပီလောပီနံဥ စားပါက #သတိပြုရန်
လွန်ခဲ့တဲ့ (၃)ရက်က သူငယ်ချင်းတယောက်နဲ့ စိုက်ပျိုးရေးခြံက အပြန်
ပီလောပီနံဥတွေ လက်ဆောင်ပေးလိုက်တယ်။
အိမ်ရောက်တော့ ပြုတ်စားတယ်။ ပြောရရင် သိပ်စားမကောင်းတော့ များလည်းများနေတာနဲ့ စားမကုန်ဘူးဖြစ်သွားတယ်။ ဘာလုပ်ရင်ကောင်းမလည်းစဥ်းစားရင်း Google ခေါက်လိုက်တော့။ မြန်မာတွေပြောနေကျ စကားသွားသတိရတယ် ပီလောပီနံ ကို ပဲကြားလှော်နဲ့ တွဲ မစားရဘူးတို့ ၊ သကြားနဲ့ ဆို ေ.သတယ်တို့ စသည်ဖြင့်ပေါ့။ တကယ်တမ်းက အဲ့တာတွေက ဘာအကိုးအကား အထောက်ထားမှ မတွေ့ရဘူး။
ကျွန်တော် သွားတွေ့မိတာက ပီလောပီနံဥ (ကလောဥ) က အဆိပ်ပြင်းတဲ့ အကြောင်းသွားတွေ့တယ်။
ဆိုတော့ ဘယ်လို အဆိပ်ပြင်းသလည်းဆိုရင်..
ပီလောပီနံဥမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုတာရှိတယ်။
အခါးဆိုတာတော့ ပြုပ်စားရင်တောင် ခါးသက်သက်နဲ့ ၊ အချိုဆိုတာကတော့ ကန်စွန်းဥလို ချိုတာမျိုးမဟုတ်ပဲ
မခါးလို့ အချိုမျိုးလို့ ခေါ်တာ။
အဲ့တော့ ပီလောပီနံ အခါးမျိုး 300g (ကြက်ဥ ၅လုံးလောက် အလေးချိန်) မှာ အပေါ်က ပြောထားတဲ့ Cyanide အဆိပ်ဒြပ်ပေါင်း 300mg လောက်ပါပီးတော့
အချိုမျိုးကတော့ 6mg လောက် ပါသေးတာကို တွေ့ရပါတယ်။
လူတယောက်ေ.သဖို့ အတွက် Cyanide အဆိပ်
100mg ဆို လုံလောက်ပါတယ်။ခုလိုပြောလို့ အရမ်းတော့ လန့်မသွားပါနဲ့။ ဒီအဆိပ်တွေက ဘယ်မှာ ရှိလည်းဆိုရင်
ပီလောပီနံဥ ရဲ့ အခွံမှာ ရှိပါတယ်။ ပွက်ပွက်ဆူတဲ့ ရေမှာ အချိန်ကြာကြာ ပြုတ်လိုက်ရင် ဒြပ်ပျယ်သွားတယ်လို့ဆိုပါတယ်။
အရပ်စကားနဲ့ ပြောရရင် ပီလောပီနံ အဆိပ်သင့်တာကို တောက်တယ်လို့ ပြောကြတယ်။ ဘယ်လိုဖြစ်ပီး တောက်သလဲဆိုတာ ဖြစ်နိုင်ချေကို ပြန်စဥ်းစားရင် လူ ၁၀၀ မှာ ၉၉ ယောက်က ပြုတ်တယ်ဆိုရင်လည်း အခွံပါ ထည့်ပြုတ်ကြတယ်။ ပီးတော့ ပြုတ်ထားတဲ့ အရည်တွေကလည်း အခွံပေါ်မှာ စိုပီးကျန်ခဲ့အုန်းမယ်။ အခွံကို လက်နဲ့ မခွာပဲ ငှက်ပျောသီးစားသလို သွားနဲ့ ကိုက်ခွာလိုက်တဲ့
ကလေးတွေလည်း ရှိကောင်းရှိမယ်။ ပြုတ်ထားတဲ့ အတွက် အဆိပ်ပမာန အတော် နည်းသွားတော့ .ေ.သတဲ့ အဆင့်ထိ မရောက်ပဲ မူးတာ ၊ အန်တာ ၊ သတိလစ်သွားတာ မျိုးလောက်ပုံ ကြုံရတာမျိုးပါ။
အခုချိန်ကာလမှာ ပီလောပီနံတွေ ပေါလာတဲ့ အချိန်ကာလမို့ အန္တရာယ် မဖြစ်အောင် အချိန်မှီ သတိပေးလိုတာမို့ အချိန်ကုန်ခံပီး စာအရှည်ကြီး ရေးပီး ရှင်းပြပေးလိုက်ပါတယ်။
ပီလောပီနံဥစားမယ်ဆိုရင်
✖အစိမ်းကို ယောင်လို့မှ မကိုက်မိပါစေနဲ့ ။
✔အခွံကို ဓါးနဲ့ ခွာချပီး နူးအိနေအောင် သေခြာပြုတ်ပီးစားပါ။
✔ရေခမ်းမပြုတ်ပဲ ရေများများနဲ့ ပြုတ်ပီးရင် ရေတွေ အကုန် သွန်ပစ်ပါ။
✔ပြုတ်ပီးရင်လည်း စိတ်ချရအောင် အပေါ်က
ရေအေနဲ့ အနှံ့ဆေးချပေးမယ် ဆိုရင် စိတ်ချလက်ချ
စားလို့ ရပါပီ။
Crd
ပုံ..Fb
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon