Yangon Bus Directory
လမ်းခရီးများအဆင်ပြေစေဖို့ရည်ရွယ်ခြင်းဖြစ်လို့ မလိုအပ်သူများ ...ပိုစ့်ကျော်သွားလို့ရပါတယ်ဗျ
🤣
26/05/2026
ကားလိုင်းတွေမှာ ကဒ် ၊ အဲကွန်း ပါလား မပါဘူးလား သိရမယ့် စနစ်လေးထည့်ပေးလိုက်ပါတယ်
💳 - ကဒ်အသုံးပြု၍ရသည်။
❄️ - အဲကွန်းပါသည်။
🐢 - စောင့်ရကြာသည်။ ဤကားစောင့်မည့်အစား ၂ ဆင့်စီးလျှင် ပိုမြန်မည်
ထပ်တိုးရန်ရှိသေးသည်။
11/05/2026
◾️တညင်းကုန်းလမ်းဆုံတွင် သက်ကြီးအမျိုးသမီးတစ်ဦး YBS ကားကြိတ်ခံရပြီးသေဆုံး
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံမှတ်တိုင်၌ ယနေ့(မေ ၁၁ ရက်) နံနက် ၉ နာရီကျော်တွင် သက်ကြီးအမျိုးသမီးတစ်ဦး YBS 88 ကားနောက်ဘီးဖြင့်ကြိတ်ခံရပြီးသေဆုံးကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှသိရသည်။
သေဆုံးသူအမျိုးသမီးသည် အသက်(၇၀) ကျော်ရှိပြီဖြစ်ပြီး ဈေးဝယ်ပြီးအပြန်ယင်းကားနောက်တွင် ရပ်နေခြင်းဖြစ်ကြောင်း၊ YBS ကားမှာ နောက်ဆုတ်ရာမှ အမျိုးသမီးအားတိုက်မိပြီး ကားအောက်ပိုင်းရောက်ကာ နောက်ဘီးဖြင့်ဦးခေါင်းကြိတ်မိသေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ကနောင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက “ကားသမား ပေါ့ဆတာလည်းပါတာပေါ့။ ကားနောက်ဆုတ်မယ်ဆိုရင် ကားရဲ့နောက်မှာဘာတွေရှိလဲ ဆိုတာအရင်ကြည့်သင့်တယ်။ အခုသူတို့က နောက်မကြည့်ဘဲကားဆုတ်တော့ အခုလိုမဖြစ်သင့်တာတွေဖြစ်သွားတာပေါ့ " ဟု စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို ကနောင်လူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံသို့ပို့ဆောင် ထားကြောင်းသိရသည်။
်းညွှန်
ကားတွေကလဲ မျဉ်းကြားမှာ လမ်းဖြတ်ကူးသူကများကို ဦးစားပေးသင့်ပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |