Chan Myae Hospital

Chan Myae Hospital

Share

3.10.2017

Photos from Chan Myae Hospital's post 02/10/2021

မဂ်လာပါရှင့်
(1.10.2021) ရက်နေ့ မဂ်လာရက်မြတ် အချိန်အခါတွင် ဖေဖေ ဦးကျော်ဇင်ဝင်း နှင့် မေမေ ဒေါ် အိအိခိုင် တို့၏ သောကြာနေ့ဖွား သားငယ်လေးအား ရိုးရိုးမွေးဖွားခြင်း(Normal Labour) ဖြင့်အောင်မြင်စွာ( မွေးဖွားသန့်စင်ပေးပါသော သားဖွားမီးယပ် အထူးကုဆရာဝန်မကြီး နှင့် ကလေးအထူးကု ဆရာဝန်ကြီးအား ချမ်းမြေ့ဆေးရုံမှ အထူးပင် ကျေးဇူးတင်ရှိပါသည်ရှင့်။
ယနေ့မှသည် နောင်ရာစုနှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဖေဖေ မေမေတို့ အားကိုးရသော သားကောင်း ရတနာလေး ဖြစ်ပါစေလို့ ချမ်းမြေ့အထူးကုဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာပို့သ​ပေးလိုက်ပါသည်ရှင့်။

01/10/2021

Cancer ဆိုတာ ဘာလဲ❓
Cancer ဆိုတာဟာ virus / bacteria တို့လို ကူးစက်စေတတ်တဲ့ ရောဂါမျိုး မဟုတ်သလို Breast Cancerလိုမျိုး မိဘမျိုးရိုးမှာ ဖြစ်ပွားခဲ့လျှင် မိမိမှာ ဖြစ်နိုင်ခြေရာခိုင်နှုန်း များနိုင်ခြေ ရှိတာကလွဲရင် ဆီးချို၊သွေးတိုး ရောဂါကဲ့သို့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။

How do you cause❓
ဒါဆိုရင် ဘယ်လိုမျိုး ဖြစ်ပေါ်စေတတ်တဲ့ ရောဂါမျိူးလဲ ❓
Cancer ရောဂါဆိုတာဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိခင်ဝမ်းထဲမှ မွေးဖွားလာတည်းကိုက 46 Chromosomes in 23 pairs of DNA မှာ Oncogene ဆိုတဲ့ cancer cell ဖြစ်ပေါ်စေတတ်တဲ့ gene ဆိုတာ လူတိုင်းမှာ ပါလာခဲ့ပြီးသား ဖြစ်ပါတယ်။ အဲ့ဒီ cancer ဖြစ်ပေါ်စေတတ်တဲ့ Oncogeneကို stimulate (လှုံဆော်ခြင်း) လုပ်ပေးမယ့်အရာ တစ်ခုခုကို မိမိတို့ ကိုယ်ခန္ဓာတွင်းသို့ ဝင်ရောက်လာခဲ့မယ်ဆိုရင် cancer ဆိုတာဟာ အချိန်မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပေါ်စေတတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ် ။ မိမိတို့၏ ကိုယ်ခန္ဓာမှာ cell အသေတွေ ဖြစ်တဲ့ ခြေသည်း၊ လက်သည်း၊ ဆံပင်၊ သွား တို့က လွဲရင် ကျန်တဲ့ Organs အားလုံးဟာ cancer ရောဂါ ဖြစ်ပွားနိုင်ပါတယ်။

What is secondary metastasis❓
Cancer ရောဂါ ဖြစ်ပွားပြီး Organ တစ်ခုကနေ နောက်ထပ် Organ တစ်ခုခုကို ထပ်မံ အမြစ်တွယ်ပီး နောက်ထပ် Organ တစ်ခုခုမှာ tumour ကဲ့သို့သော မူလ cancerကျိတ်နှင့်ထပ်တူ အလုံး၊ အကျိတ် ထပ်မံဖြစ်ပေါ်ခြင်းကို secondary metastasis လို့ ခေါ်ပါတယ်။ များသောအားဖြင့် secondary metastasis ကို ပြန်ရည်ကြောအများဆုံးရှိရာ အဆုတ်မှာ အဓိကcancer cellများဟာပျံ့ပွားတတ်ကြပါတယ်။ထို cancer cellများဟာ bloodstreams(hematogenous spread)လို့ခေါ်တဲ့ cancerဖြစ်ပွားရာ tumour အနီးနား small blood vessel ကနေတဆင့် pulmonary arteryလို့ခေါ်တဲ့ အဆုတ်သွေးလွှတ်ကြောကို ဖြတ်ကာ lymph pathways လမ်းကြောင်းတစ်လျှောက် cancer cellsများဟာ အဆုတ်အထိ ရောက်အောင်ပျံ့နှံ့ သွားကြပါတယ်။

What is stimulate factors of cancer cells❓
Cancer ရောဂါကို ဖြစ်ပေါ်စေနိုင်တဲ့ မိမိတို့ ခန္ဓာကိုယ်မှာ ရှိတဲ့ Oncogeneကို stimulate လုပ်ပေးမယ့်အရာတွေကတော့ ဓာတုဆိုးဆေးပါ ဆေးဝါး၊ အစားအသောက်၊ ဓာတ်ရောင်ခြည်၊ (ဥပမာ-atomic bomb in Hiroshima)၊ သဘာဝအတိုင်း organic ပစ္စည်းမဟုတ်သော chemical ပါ အစားအသောက်များ၊ စက်ရုံ၊ အလုပ်ရုံမှ ထွက်ရှိသော ဓာတုစွန့်ပစ် ပစ္စည်းများနှင့် ထိတွေ့မိခြင်း၊ ဓာတုဆေးရည် အနံ့များ ရှူရှိုက်မိခြင်း၊ other environment factors & diet စသည့် အခြားအခြားသော factors များကြောင့် cancer ရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။

How do you prevent cancer❓
ဒါဆိုရင် cancer ရောဂါကို ဘယ်လို ကာကွယ်ကြမလဲ ❓
တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ cancerရောဂါကို ကြိုတင်ကာကွယ်ဖို့ဆိုတာဟာ အရမ်းကို ခက်ခဲ လွန်းလှပါတယ်။သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကလွဲရင် ကျန်သည့် မည်သည့် cancerရောဂါ ကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမှ မထုတ်လုပ်နိုင်သေးပါဘူး။ cancer ရောဂါကိုစောစီးစွာ သိရှိပြီး အချိန်မှီကုသနိုင်မှ သာလျှင် ဘဝမှာ သက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ဘာ့ကြောင့် cancerဖြစ်ရသလဲ ဆိုတဲ့ အကြောင်းအရင်းကို သိရှိနေပြီ ဖြစ်တဲ့အတွက်ကာကွယ်ဖို့ နည်းလမ်းလဲ သိရှိနေပြီးသား ဖြစ်ပါတယ်။ ဓာတုဆိုးဆေးပါသော ပစ္စည်းများကို ရှောင်ရှားခြင်း၊ radio သတ္တိကြွ ပစ္စည်းများ (ဥပမာ- Hand Phone) အသုံးပြုခြင်းကို ညအခါတွင် စက်ပိတ်ထားခြင်း၊ မိမိတို့ဦးခေါင်းနှင့် ဝေးရာသို့ ထားရှိခြင်း၊ FDA ထောက်ခံချက် မပါသော ဆေးဝါးများကို အသုံးပြုခြင်းမှ ရှောင်ရှားခြင်း၊ Organic စစ်စစ်ဖြစ်သော အသီးအနှံများကို စားသုံးခြင်း၊ ဓာတ်ရောင်ခြည်သင့် နယ်မြေများသို့ သွားရောက်ခြင်းမှ ရှောင်ကျဥ်ခြင်း စသည့် cancer cellကို stimulate(လှုံ့ဆော်) ပေးသည့် အရာများကိုရှောင်ရှားခြင်းဖြင့်ကြိုတင်ကာကွယ်နိုင်ပါသည်။

ကျွန်မတို့ ချမ်းမြေ့အထူးကုဆေးရုံရဲ့ medical knowledge လေးကို မျှဝေပေးရင်း cancerရောဂါ ဖြစ်ပွားခြင်းမှ ထာဝရ ကင်းဝေးကြပါစေလို့ ချမ်းမြေ့အထူးကုဆေးရုံမှ ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်ရှင်။

Photos from Chan Myae Hospital's post 15/09/2021

မဂ်လာပါရှင့်
(13.9.2021) ရက်နေ့ မဂ်လာရက်မြတ် အချိန်အခါ မနက် (6:45AM) တွင် ဖေဖေ ဦးနိုင်နိုင်စိုး နှင့် မေမေ ဒေါ် စုရွှေခိုင် တို့၏ တနင်္လာသမီး သမီးဦးကလေးအား အောင်မြင်စွာ မွေးဖွားသန့်စင်ပေးပါသော သားဖွားမီးယပ်အထူးကုဆရာဝန်မကြီးနှင့် ကလေးအထူးကု ဆရာဝန်ကြီးအား ချမ်းမြေ့ဆေးရုံမှ အထူးပင် ကျေးဇူးတင်ရှိပါသည်ရှင့်။
ယနေ့မှသည် နောင်ရာစုနှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ဖေဖေ မေမေတို့ အားကိုးရသော သမီးကောင်း ရတနာလေး ဖြစ်ပါစေလို့ ချမ်းမြေ့အထူးကုဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာပို့သ​ပေးလိုက်ပါသည်ရှင့်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

No(141), Cornor Of Thunandar Street & Sein Yati Street, North Okkalapa TownShip
Yangon