Holy Moly

Holy Moly

Share

Heaven Mood

17/05/2026

"Htel Phoe Music Learning Center
4th batch(2026) ဝင်ခွင့်ခေါ်ယူခြင်း"
--------------------------------
📖သင်ကြားမည့်ဘာသာများ

▪️Music theory
▪️Recorder
▪️Keyboard
▪️Violin
▪️Piano
▪️Guitar(Rhythm, Lead, Finger Style )
▪️ English ( 4 skills & Grammar)

⏳သင်တန်းကာလ

သင်တန်းကာလ ၆လ သတ်မှတ်ထားပြီး ၆လပြီးနောက် သင်တန်းပြီးဆုံးကြောင်း certificate ပေးအပ်သွားမှာ ဖြစ်ပါတယ်။

◾သင်တန်းလျှောက်ရန် သတ်မှတ်ချက်များ

🔸 ပညာအရည်အချင်း - သတ်မှတ်ချက်မရှိ
🔸 အသက် ၁၅နှစ်အထက်လူငယ်များ
🔸 သင်တန်းကာလပြီး​မြောက်သည်အထိ တက်ရောက်နိုင်သူ
🔸 စုစုပေါင်းခေါ်ယူမည့် သင်တန်းသား ၄၀ဦး

◾သင်တန်းလျှောက်ရန် အဆင့်ဆင့်

🔸 အဆင့်နှစ်ဆင့် ပါဝင်မှာ ဖြစ်ပါတယ်။
🔸 ပထမအဆင့် လျှောက်လွှာဖောင်များကို page messagerမှတစ်ဆင့် သို့မဟုတ် ​ကျောင်းတွင် လာရောက်ထုတ်ယူနိုင်ပါတယ်။
🔸 လျှောက်လွှာပိတ်မည့် နောက်ဆုံးရက် - မေလ (30)ရက်နေ့
🔸 ဒုတိယအဆင့် လူတွေ့စစ်ဆေးခြင်းအတွက် ရွေးချယ်ခံရသူများကို pageတွင် ​ကြေညာပြီး လာရောက်ဖြေဆိုရမည့် ရက်ကိုလည်း ကြေညာသွားမှာဖြစ်ပါတယ်။

သိလိုသည်များကို page messagerတွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Htel Phoe Music Learning Center
Admission Open for the 4th Batch (2026)

---

📖 Courses Available

▪️ Music Theory
▪️ Recorder
▪️ Keyboard
▪️ Violin
▪️ Piano
▪️ Guitar (Rhythm, Lead, Finger Style)
▪️ English ( 4 skills & Grammar)

⏳ Course Duration

The training program will last for 6 months.
A certificate of completion will be awarded after successfully completing the course.

◾ Requirements for Enrollment

🔸 No specific educational qualification required
🔸 Applicants must be 15 years old and above
🔸 Must be able to attend until the end of the course period
🔸 Total number of students to be accepted: 40

◾ Enrollment Process

🔸 The application process consists of two stages.
🔸 For the first stage, application forms can be obtained through the page messenger or directly from the school.
🔸 Application deadline – May 30
🔸 For the second stage, shortlisted applicants for the interview will be announced on the page together with the interview date.

For further information, feel free to contact us via page messenger.

16/05/2026

🫶🏻

Two Years-Rosé(cover) full 3.mp3 12/05/2026

Two Years-Rosé(cover) full 3.mp3 This is my first cover song. Please feel free to point out any mistakes or areas for improvement. With respect to the original artist. just for fun.✌️🫶🏻 Rec- Toe Kwah

08/10/2025

အနုပညာက နာကျင်မှုကို မဖျောက်နိုင်ပေမဲ့ — မျှော်လင့်ချက်တစ်စိတ်လောက်ကိုတော့ ပြန်ဖန်တီးပေးနိုင်တယ်။ 🎻✨

🎵 Htel Phoe Music Learning Center မှ အလှူငွေတောင်းခံခြင်း 🎵

အခုအချိန်မှာ မြန်မာနိုင်ငံအတွင်း စစ်အခြေအနေကြောင့်
စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲများ ကြုံနေရတဲ့အချိန်ဖြစ်ပါတယ်။

ကျမတို့ Htel Phoe Music Learning Center မှာတော့
လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာအရကော၊ အတတ်ပညာတစ်ခုအနေအရကော၊ အလုပ်အကိုင်အခွင့်လမ်းတစ်ခုအတွက်အနေနဲ့ကော ၊တော်လှန်ရေးအားတဖက်တစ်လမ်းကနေအကျိုးပြုနိုင်ဖို့အနေနဲ့သော်လည်းကောင်း တတ်နိုင်သောအားအနည်းငယ်ဖြင့် စစ်အတွင်းကလူငယ်တွေကို ဂီတသင်ကြားရေး ဆက်လက်ပြုလုပ်နေပါတယ်။

ကျောင်းအတွင်းတွင် ကျောင်းသားနဲ့ဝန်ထမ်း စုစုပေါင်း ၅၀ ဦး ပါဝင်နေပြီး
လက်ရှိအခြေအနေအရ ကျောင်းလည်ပတ်ရေးအတွက်
စားနပ်ရိက္ခာသုံးစွဲစရိတ် နှစ်လစာ သိန်း (၁၀၀) လောက် လိုအပ်နေပါတယ်။

တစ်ဦးလျှင် ၁ သောင်းကျပ် စီအနေနဲ့ ပေးအပ်မည်ဆိုပါက လိုအပ်တဲ့ ငွေပမာဏ ပြည့်မီသွားမယ်ဖြစ်ပါတယ်။
အခြေနေတွေကအများကြီးဆိုပေမယ့် ကျမတို့အတွက် ပါဝင်လိုစိတ်ကလေးရှိခဲ့ရင် ဖိတ်ခေါ်ပါရစေရှင့်။

သင်ပေးတဲ့အလှူငွေတိုင်းဟာ
🎶 လူငယ်တစ်ဦးရဲ့အနာဂတ်အတွက် အလင်းတစ်စက်ဖြစ်လာလိမ့်မယ်။
🎶 ဂီတနဲ့ငြိမ်းချမ်းမှုကို ဆက်လက်တည်တံ့ဖို့ အထောက်အပံ့ဖြစ်လာပါလိမ့်မယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00