Setember
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Setember, Health/Beauty, Yangon.
ချစ်သူနဲ့ အနေဝေးခြင်း
ဆရာမ တစ်ယောက် နဲ့ ဆွေးနွေးမိရာ
ချစ်သူက အဝေးမှာပေါ့
ဝေးကွာချိန် အဆက်အသွယ် မလုပ်ရင်
ဘာတွေဆက်ဖြစ်နိုင်လဲ?
ချစ်သူဖြစ်နေပါလျက်နဲ့ အဆက်အသွယ်
ခဏရပ်ပြီး ကြိုးစားကြမယ်ဆိုရင်ကော?
သူခေါ်မှ ကိုယ်ခေါ်မှ စပြောမယ့် အတွေး
မာနတွေ ချစ်နေလျှက်နဲ့ မခေါ်နိုင် မပြောနိုင်ဖြစ်နေတာက
အချစ်တဲ့လား?
ကိုယ်သိတဲ့ အချစ်ဆိုတာကပေါ့နော်
ချစ်တယ် ပါးစပ်နဲ့တော့ မချစ်နဲ့ပေါ့ကွာ
ဂရုစိုက်မှု ကြင်နာမှု နွေးထွေးမှု လေးစားမှု
ယုံကြည်မှု ဒီအချက်တွေနဲ့ အချစ်ကြိုးဖြစ်လာတာလေ
ဒီအချက်တွေ အပြန်အလှန်မရှိပဲ အချစ်ဆိုတာ
မရှိနိုင်ဘူးလေ။
ချစ်တာပေါ့ အရမ်းချစ်တယ်ပြောပြီး
ကိုယ်တို့ ကြိုးစားကြမယ်လေ
မှန်တယ် ကြိုးစားရမှာပေါ့
နှစ်ယောက်ဘဝတစ်ခု တည်ဆောက်ဖို့
ပြီးပြီးရော အတွေး တွေးလို့မရဘူးလက်ခံတယ်။
တချို့ရှိတယ် ကိုယ်တို့ စာပို့တွေမပို့ပဲ
တစ်ယောက်နဲ့ တစ်ယောက် ကြိုးစားကြမယ်
ချစ်လည်း ကြိုးစား ကိုယ်လည်းကြိုးစားမယ်ဆိုတဲ့
လူတချို့ရဲ့ ပါးစပ်ကို အံဩမိတယ် ကြိုးစားနေချိန်မှာ
အဝေးရောက်နေချိန်မှာ ပိုပြီး အားပေးစကား ဂရုစိုက်ပေးရမှာ
နွေးထွေးပေးရမှာ မဟုတ်ဘူးလား။
ဘယ်အတွဲမှ အဆက်သွယ်ဖြတ်ပြီး ကိုယ့်အလုပ် ကိုယ်
လုပ်နိုင်မယ်မထင်ဘူး တကယ်ချစ်ရင်ပေါ့လေ
အဆက်အသွယ်ကတော့ လုပ်ကို လုပ်ရမယ်
ဝေးနေရင်ဖြစ်ဖြစ် နီးနေရင်ဖြစ်ဖြစ် အချစ်မှာ ဝေးခြင်း
နီးခြင်းမရှိဘူး တို့နှစ်ဦးရဲ့ တွဲလက်သာ အဓိက ကျတယ်
သူပြောတဲ့ စကားက ကိုယ်တို့ အဆက်သွယ်ဖြတ်ပြီ
ကြိုးစားရအောင်တဲ့ ပညာသာပါပါ လမ်းခွဲခြင်းကို
မပြတ်သားနိုင် လှည့်မထွက်လာနိုင်ခဲ့ရင် ချစ်မိသူက
ပိုနာကျင်ရပါလိမ့်မယ်။
သူ့ဘက်က စကားအရိပ်အယောင်က မချစ်တော့တဲ့
အနေအထားတစ်ခုရှိလာရင် လှည့်ထွက်နိုင်အောင်ကြိုးစားပါ
မင်းအနေအထားတစ်ခု ရှ်ိအောင်ကြိုးစားပြလိုက်
သူဆိုတဲ့ သူထက် သာတဲ့ အချစ်ရေးတွေ မင်းဆီ
တစ်နေ့ရောက်လာလိမ့်မယ် ။
မင်းအတွက် လိုအပ်နေတာ အချိန်ပါပဲ
အချစ်မရှိတဲ့ အရပ်မှာ သတိရတယ်
လွမ်းတယ် ဟစ်ကြွေးမနေနဲ့
မင်းအတွက် သီးသန့် အချစ်တွေ
သယ်ဆောင်လာမယ့် အချစ်ကို
အချိန်ပေးပြီးစောင့်လိုက်ပါ။
#
18/7/22
Click here to claim your Sponsored Listing.
Category
Website
Address
YANGON