Alice Green English Language Center

Alice Green English Language Center

Share

We are providing English Language Teaching Service for
Grade 5, 6, 7, 8 and 9 students.

Photos from Alice Green English Language Center's post 20/11/2021

အပိုင်း(၂)

သင်၏လှုပ်ရှားမှုများကို ထင်ယောင်ထင်မှား ဖြစ်စေရန် မီးခိုးမှိုင်းတိုက်ပါ။

၁၉၁၀ခုနှစ်တွင် ချီကာဂိုတွင်နေထိုင်သော မစ္စတာဆမ် ဂီးဇီးလ်သည် သူ့ကုန်လှောင်ရုံကို ဒေါ်လာ ၁သန်းနီးပါးနဲ့ ရောင်းချခဲ့ပါတယ်။ သူဟာ အချိန်ပိုင်းလောက်သာ အလုပ်လုပ်ပြီး သူ့ပိုင်ဆိုင်မှုမြောက်မြားစွာကို စီမံခန့်ခွဲနေခဲ့ပါတယ်။ သို့ပေမယ့် သူဟာ စိတ်ထဲမှာတော့ အရင်ရက်တွေကလိုမျိုး အပေးအယူ လုပ်ချင်နေခဲ့တာ ဖြစ်ပါတယ်။ တနေ့တော့ ဂျိုးဆက် ဝေးလ် ဆိုသူ လူငယ်လေးတစ်ယောက် သူ့ရုံးခန်းကို လာရောက်ခဲ့ပါတယ်။ သူ ရောင်းချဖို့ရန်ရှိတဲ့ အဆောက်အဦးတစ်ခုကို ဝယ်ယူချင်လို့ပါ။ ဂီးဇီးလ်သည် အရောင်းအဝယ်ကို ရှင်းပြပါတယ်။ ဈေးကတော့ ဒေါ်လာ ၈၀၀၀ ပါ။ သို့ပေမယ့် ဝယ်မယ့်သူသည် ဒေါ်လာ ၂၀၀၀ သာ ငွေအရင်ချထားလို့ ရပါတယ်။ ဝေးလ်က သူ စဥ်းစားဦးမယ် ပြောတယ်။ ဒါပေမယ့် နောက်တနေ့မှာပဲ ပြန်ရောက်လာပြီးတော့ အကယ်ရ် ဂီးဇီးလ်သာ ရက်အနည်းငယ် သူ့ကို စောင့်ပေးနိုင်မယ်ဆိုရင် ငွေသားချည်းပဲ ဒေါ်လာ၈၀၀၀ ကို တလုံးတခဲတည်း ချေပြီး ဝယ်မယ် ပြောပါတယ်။ ဝေးလ် လုပ်နေတဲ့ အပေးအယူ တခုသာ အလုပ်ဖြစ်ခဲ့တယ်ဆိုရင်ပေါ့။ နားနားနေနေ အလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ ပါးနပ်သောဂီးဇီးလ်လို စီးပွားရေးသမားကတောင် ဝေးလ်တစ်ယောက် ဒီလောက်များတဲ့ ငွေပမာဏ (ယခုခေတ်ငွေ ဒေါ်လာတသိန်းခွဲဝန်းကျင်)ကို မြန်မြန်ဆန်ဆန် ဘယ်လိုများ ရှာမယ်ဆိုတာ သိချင်နေရှာသတဲ့။ ဝေးလ်က ပြောဖို့ရန်တွန့်ဆုတ်နေပြီး အကြောင်းအရာကို စကားလွှဲလိုက်ပါတယ်။ သို့ပေမယ့် ဂီးဇီးလ်ကတော့ မရမချင်းကို ဆက်မေးနေတော့တာ။ နောက်ဆုံးတော့ စိတ်ချရလောက်တဲ့ ယုံကြည်မှုရသွားတော့ ဝေးလ်က ဂီးဇီးလ်ကို အောက်ပါဇာတ်လမ်းကို ပြောပြပါတော့တယ်။

ဝေးလ်ရဲ့ဦးလေးက ငွေသန်းပေါင်းများစွာ ချမ်းသာတဲ့ ငွေရှင်တွေဆီမှာ အတွင်းရေးမှူးအဖြစ် အလုပ်လုပ်ပါတယ်။ ဒီလူချမ်းသာတွေသည် လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မီချီဂန်မှာ အမဲလိုက် အိမ်လေးတစ်အိမ်ကို ဈေးပေါပေါနဲ့ ဝယ်ခဲ့တယ်။ သူတို့ဟာ ဒီအမဲလိုက်အိမ်လေးကို အသုံးမပြုတာ တော်တော်ကြာပြီ။ ဒါကြောင့် ရောင်းဖို့ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ဝေးလ်ရဲ့ဦးလေးကို သူ ရောင်းပေးနိုင်မလား မေးတယ်။ အကြောင်းကြောင်းတွေကြောင့်ပဲ ဂေးလ်ရဲ့ဦးလေးသည် ဒီလူချမ်းသာတွေကို အငြိုးထားထားတာ နှစ်ချီနေပြီ။ အခု သူတို့ကို လက်တုံ့ပြန်ဖို့ရန် အခွင့်အရေးပဲ။ သူတို့သည် ဒီအိမ်ကို ဒေါ်လာ ၃၅၀၀၀နဲ့ အယောင်ပြရောင်းမယ်။ (ဝေးလ်ရဲ့ အလုပ်က အယောင်ပြဝယ်သူကို ရှာပေးဖို့)သူဌေးတွေက ချမ်းသာလွန်းတဲ့အတွက် ဒီဒေါ်လာ ၃၅၀၀၀လောက်ကို ဈေးကို မှုမှာ မဟုတ်ဘူး။ ထို့နောက် အယောင်ပြသမားသည်ဒီအိမ်ကို ကာလပေါက်ဈေး ဒေါ်လာ ၁၅၅၀၀၀ နဲ့ ရောင်းမှာဖြစ်တယ်။ ဒုတိယမြောက် အရောင်းအဝယ်မှာ ဦးလေးရယ်၊ ဝေးလ်ရယ်၊ အယောင်ပြဝယ်သူရယ်က အကျိုးအမြတ်ကို ခွဲယူကြမှာ ဖြစ်တယ်။ ဒါတွေအားလုံးဟာ တရားနည်းလမ်းကျကျ ဖြစ်ပြီး သူ့ဦးလေးလည်း လက်တုံ့ပြန်ဖို့ အခွင့်ကောင်းပေါ့။

ဂီးဇီးလ်တစ်ယောက် သိသင့်သလောက် သိသွားပြီ။ သူက အယောင်ပြဝယ်သူ လုပ်ပေးချင်တယ်။ ဝေးလ်က သူ့ကိုခေါ်ဖို့ရန် တွန့်ဆုတ်နေတယ်။ ဒါပေမယ့် ဂီးဇီးလ်က နောက်ဆုတ်ပေးမှာ မဟုတ်။ မြိုးမြိုးမြက်မြက်လေးလည်း ရမယ်။ စွန့်စားခန်းလည်းဆန်မယ်။ ဒါက သူ့ကို ပျော်နေစေတယ်။ ဝေးလ်က ရှင်းပြတယ်။ အပေးအယူဖြစ်ဖို့ ဂီးဇီးလ် ဒေါ်လာ ၃၅၀၀၀ကို ငွေသား ပေးရမယ်။ ဂီးဇီးလ်က သူသည် မီလျံနာတစ်ယောက်ဖြစ်တဲ့အတွက် ဒီလောက် ငွေက သူလက်ဖျောက်တချက် တီးရုံနဲ့ ရတယ်လို့ ပြောတယ်။ ဝေးလ်က နောက်ဆုံးတော့ စိတ်ကောင်းဝင်သွားပြီး သူ့ဦးလေး၊ ဂီးဇီးလ်နဲ့ သူဌေးတွေကို ဂေးလ်ဘဒ်၊ အီလီနွိုက်မှာ တွေ့ဆုံဖို့ စီစဥ်ပေးရန် သဘောတူလိုက်တော့တယ်။

ဂေးလ်ဘဒ် သွားတဲ့ရထားပေါ်မှာ ဂီးဇီးလ်က ဦးလေးဆိုသူနဲ့တွေ့ခဲ့တယ်။ စီးပွားရေးကိစ္စတွေကို အကျေတလည် ဆွေးနွေးနိုင်တဲ့ အထင်ကြီးစရာလူတစ်ယောက်ပါပဲ။ ဝေးလ်က နောက်တစ်ယောက် ခေါ်လာသေးတယ်။ ဗိုက်ရွှဲရွှဲနဲ့ ဂျော့ ဂရို့စ်လို့ ခေါ်တဲ့သူတစ်ယောက်။ ဝေးလ်က ဂီးဇီးလ်ကို ပြောပြတယ်။ သူအရင်တုန်းက လက်ဝှေ့နည်းပြ လုပ်ခဲ့ဖူးပြီး ဂရို့စ်သည် သူလေ့ကျင့်ဖူးသမျှထဲမှာ ဆုရဖို့အလားအလာရှိတဲ့ အားကစားသမားတစ်ယောက်။ ဂရိုစ့်ကို ဘော်ဒီ ကျကျနနဖြစ်သွားအောင် သူလုပ်ပေးဖို့ ခေါ်လာတဲ့အကြောင်း။ အလားအလာရှိတဲ့ လက်ဝှေ့သမားတစ်ယောက်အတွက် ဂရိုစ့်ရဲ့ ပုံပန်းသဏ္ဍာန်က အထင်ကြီးစရာ မကောင်းပါဘူး။ ဆံပင်ကဖြူပြီး ဘီယာဗိုက်နဲ့။ ဒါပေမယ့် ဂီးဇီးလ်ဟာ အလုပ်ကိစ္စအတွက်သာ တအားစိတ်လှုပ်ရှားနေတဲ့အတွက် တကယ်တမ်းကျတော့ အဲ့လူရဲ့ ၀၀ဖိုင့်ဖိုင့်သဏ္ဍာန်ကို သတိမမူမိပါဘူး။
ဂေးလ်ဘဒ်‌ရောက်တော့ ဝေးလ်နဲ့သူ့ဦးလေးက သူဌေးတွေကို သွားကြိုနေတုန်း ဂီးဇီးလ်သည် ချက်ချင်းကိုပဲ လက်ဝှေ့အိတ်စွပ်နေတဲ့ ဂရိုစ့်နဲ့တူတူ ဟိုတယ်မှာ စောင့်နေခဲ့တယ်။ ဂီးဇီးလ်က ကြည့်မိတော့ ဂရိုစ့်က လက်ဝှေ့ရေး စပြပါတော့တယ်။ မိနစ်အနည်းငယ် လေ့ကျင့်ပြီး အသက်ရှုသံ မမှန်တော့တဲ့ လက်ဝှေ့သမားကို ဂီးဇီးလ် လျစ်လျူရှုခဲ့ပါတယ်။ နေရာနည်းနည်းဝေးလို့လည်း မကြားတာဖြစ်မှာ။ ဟန်ရေးပြတာတော့ တကယ့်လက်ဝှေ့သမားအတိုင်းပဲ။ နောက်တစ်နာရီကြာပြီးတော့ ဝေးလ်နဲ့ သူ့ဦးလေးက သူဌေးတွေနဲ့အတူ ရောက်လာခဲ့ပါတယ်။ လှတပတ ဝတ်စားထားတဲ့ အားကြိုးမာန်တက် ပြောဆိုလာကြပြီး အထင်ကြီးစရာကောင်းတဲ့ လူတသိုက်ပါပဲ။ တွေ့ဆုံပွဲကတော့ အဆင်ပြေပြေနဲ့ ပြီးစီးသွားတယ်။ သူဌေးတွေက ဂီးဇီးလ်ကို ဒေါ်လာ ၃၅၀၀၀နဲ့ ရောင်းဖို့ သဘောတူလိုက်တယ်။ ဘဏ်ကိုသွင်းဖို့တောင် အဆင်သင့်ပဲ။

အလုပ်သေးလေးကတော့ ပြီးသွားပြီ။ သူဌေးတွေက ထိုင်ခုံမှာထိုင်ပြီး ငွေရေးကြေးရေးအကြောင်း ဆွေးနွေးနေပြီး “ဂျေပီမောဂန်” ဆိုတဲ့ လူနာမည်ကို သူတို့အချင်းချင်း ရင်းနှီးသယောင် ပြောဆိုနေကြလေရဲ့။ နောက်ဆုံးတော့ သူတို့ထဲကတစ်ယောက်က ထောင့်မှာရှိနေတဲ့ လက်ဝှေ့သမားကို တွေ့သွားတယ်။ သူဌေးက သူ့အသိထဲမှာလည်း လက်ဝှေ့သမားတစ်ယောက် ရှိကြောင်း ပြောတယ်။ ဝေးလ်က ကျယ်ကျယ်လောင်လောင် ရယ်ပြီး သူ့လူက သူဌေးရဲ့လက်ဝှေ့သမားကို အလွယ်လေး အလဲထိုးနိုင်ကြောင်း ပြောတယ်။ စကားပြောဆိုနေကြရင်းကနေ အခြေအတင်တွေ ဖြစ်လာကြတယ်။ အရှိန်ပိုပြင်းသွားအောင် ဝေးလ်က သူဌေးတွေကို လောင်းမလား မေးတယ်။ သူဌေးတွေကလည်း လောင်းမယ် သဘောတူပြီး မနက်ဖြန် တပွဲထိုးသတ်ရန်အတွက် သူတို့လူကို အဆင်သင့်လုပ်ခိုင်းဖို့ ထွက်သွားကြတယ်။

သူတို့ထွက်သွားပြီးပြီးချင်းမှာပဲ ဂီးဇီးလ်ရှေ့မှာတင် ဦးလေးက ဝေးလ်ကို ဆူတယ်။ သူတို့ဆီမှာ လောင်းဖို့ ပိုက်ဆံ မရှိဘူး။ ဒါကို သူဌေးတွေ သိသွားတာနဲ့ ဝေးလ်ဦးလေးက အလုပ်ပြုတ်မှာ။ သူ့ကိုပဲ ဒီအရှုပ်ထုပ်ထဲ ဆွဲသွင်းမိတဲ့အတွက် ဝေးလ်က သူ့ဦးလေးကို တောင်းပန်တယ်။ သို့ပေမယ့် သူ့မှာ အစီအစဥ◌် ရှိတယ်။ သူက ဟိုဘက်က လက်ဝှေ့သမားကို ကောင်းကောင်းသိတယ်။ သူ့ကို လာဘ်နည်းနည်းထိုးလိုက်တာနဲ့ သူတို့ ပွဲကို ထိန်းလို့ရတယ်။ သို့ပေမယ့် လောင်းဖို့ငွေက ဘယ်ကရမှာလဲ လို့ ဦးလေးက ပြန်မေးတယ်။ ငွေမရှိရင် အလကားပဲလေ။ ဂေးလ်လည်း ကြားသင့်သလောက် ကြားပြီးပြီ။ သူ့အပေးအယူကို ဘယ်လိုမှ မကောင်းတဲ့ကိစ္စကြောင့်နဲ့မှ အထိအခိုက် မခံချင်တဲ့အတွက် သူ့ပိုက်ဆံ ဒေါ်လာ၃၅၀၀၀ကို လောင်းကြေးအတွက် သုံးဖို့ ပြောတယ်။ အကယ်ရ် သူရှုံးသွားရင်တောင်မှ အိမ်ရောင်းရငွေထဲကနေ အမြတ်တွေအများကြီး ကျန်သေးတယ်လေ။ တူဝရီးတွေက သူ့ကို ကျေးဇူးတင်ကြတယ်။ သူတို့နှစ်ယောက်ရဲ့ ဒေါ်လာ၁၅၀၀၀နဲ့ ဂီးဇီးလ်ရဲ့ ဒေါ်လာ ၃၅၀၀၀နဲ့ဆို လောင်းကြေးထပ်ဖို့ အဆင်ပြေသွားပြီ။ အဲဒီညနေက လက်ဝှေ့သမားနှစ်ယောက် အစမ်းထိုးနေကြတာကို ဟိုတယ်ခန်းထဲမှာ ဂီးဇီးလ်ကြည့်နေတုန်း သူ့စိတ်က မနက်ဖြန် လက်ဝှေ့ပွဲက နိုင်မယ့်ပိုက်ဆံရယ်၊ အိမ်ရောင်းရငွေက ရမယ့် ပိုက်ဆံကိုသာ တွက်နေလေရဲ့။

ထိုးပွဲက နောက်တစ်နေ့ အားကစားခန်းမထဲမှာ ပြုလုပ်မှာ ဖြစ်တယ်။ ဝေးလ်က ငွေတွေကို သော့ခတ်ထားတဲ့သေတ္တာထဲမှာ ထည့်သိမ်းထားလိုက်တယ်။ အားလုံးက ဟိုတယ်ခန်းထဲမှာ ပြင်ဆင်ထားသလို အဆင်ပြေပုံပဲ။ သူဌေးတွေကတော့ သူတို့လက်ဝှေ့သမား ထိုးနေပုံကို ကြည့်ပြီး စိတ်ညစ်နေကြတယ်။ ဂီးဇီးလ်ကတော့ လွယ်လွယ်ကလေးရမယ့် ပိုက်ဆံကို စိတ်ကူးယဥ◌်နေလေရဲ့။ ထို့နောက် ရုတ်တရက်ကြီး သူဌေးတွေရဲ့ လက်ဝှေ့သမားက ထိုးလိုက်တဲ့ လက်သီးက ဂရိုစ့်ရဲ့မျက်နှာကို သွားထိပြီး သူလဲကျသွားတယ်။ သူလည်း မြေပေါ်ကျကော ပါးစပ်က သွေးတွေပန်းထွက်လာတယ်။ သူ ချောင်းဆိုးပြီး ငြိမ်ကျသွားကော။ သူဌေးတွေထဲက တစ်ယောက်ဖြစ်တဲ့ အရင်က ဆရာဝန်လုပ်ဖူးတဲ့ သူတယောက်က သူ့သွေးခုန်နှုန်းကို စမ်းကြည့်တယ်။ သူ သေသွားပြီ။ မီလျံနာတွေက လန့်ဖြန့်ကုန်ပြီ။ ရဲတွေ ရောက်မလာခင် သူတို့အားလုံး နေရာကနေ အမြန်ထွက်သွားကြတယ်။ မဟုတ်ရင် သူတို့အားလုံး လူသတ်မှုနဲ့ တရားစွဲခံရလိမ့်မယ်။

ဂီးဇီးလ်လည်း အလန့်တကြား အားကစားခန်းမထဲက သုတ်ချေတင်ထွက်ပြီး ချီကာဂိုကို ပြန်လာခဲ့တယ်။ သူ့ပိုက်ဆံ ၃၅၀၀၀ တော့ ကျန်ခဲ့လေရဲ့။ လူသတ်မှုထဲ ပါတာထက်စာရင် ဒါက အသေးအဖွဲ ပေးဆပ်ရတဲ့ သဘောမျိုး ထားလိုက်တာနဲ့ တူပါတယ်။ သူသည် ဝေးလ်ကော တခြားသောသူတွေကိုပါ ထပ်မတွေ့ချင်တော့ဘူး။

ဂီးဇီးလ်လည်း ပြေးထွက်သွားပြီးကော ဂရိုစ့်တစ်ယောက်လည်း အေးဆေး မတ်တပ်ထရပ်တယ်။ သူ့ပါးစပ်က ပန်းထွက်လာသော သွေးတွေသည် သူ့ပါးစောင်ထဲမှာ ဖွက်ထားတဲ့ ကြက်သွေးနဲ့ ရေပူတွေဖြည့်ထားတဲ့ ဘောလုံးလေးထဲက ထွက်လာတာ။ ဒီကိစ္စကြီးတခုလုံးကို စီမံတာကတော့ အဝါရောင်ကလေး လို့ လူသိများတဲ့ ဝေးလ်ပဲ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ အလိမ်ဇာတ်လမ်းတွေ အထွင်နိုင်ဆုံး သူတယောက်ပါ။ ဝေးလ်သည် တခြားသော လူလိမ်တွေဖြစ်တဲ့ သူဌေးအယောင်ဆောင်သူတွေနဲ့ လက်ဝှေ့သမားတွေနဲ့အတူ ဒေါ်လာ ၃၅၀၀၀ ခွဲဝေယူကြတယ်။ ရက်အနည်းငယ်နဲ့ မြိုးမြိုးမြက်မြက် ရသွားတာပေါ့။

ရှင်းလင်းချက်
အဝါရောင်ကလေးသည် သူ အလိမ်ဇာတ်လမ်းမခင်းခင် သားကောင် ဂီးဇီးလ်ကို သေချာစောင့်ကြည့်လေ့လာခဲ့တယ်။ အလိမ်လက်ဝှေ့ထိုးပွဲကသာ ဂီးဇီးလ်ကို သူ့ပိုက်ဆံတွေဆီက မြန်မြန်ခွာထုတ်ဖို့ အကောင်းဆုံး လိမ်ညာမှုဖြစ်မယ်လို့ သူ သိခဲ့တယ်။ ဒါပေမယ့်လည်း လက်ဝှေ့ထိုးပွဲကိစ္စကို တည့်တိုးကြီးသွားပြောရင် ဂီးဇီးလ်က ငြင်းဆန်လိမ့်မယ်ဆိုတာလည်း သူသိတယ်။ ဒါကြောင့် သူ့ဦးတည်ချက်ကို ဖုံးကွယ်ပြီး အာရုံစိုက်မှု လွဲစေရန် အမဲလိုက်အိမ်ရောင်းမယ့်ကိစ္စနဲ့ မီးခိုးမှိုင်း တိုက်လိုက်တယ်။

ရထားစီးတဲ့တလျှောက်ကော ဟိုတယ်ခန်းထဲမှာကော ဂီးဇီးလ်ရဲ့စိတ်ဟာ အပေးအယူ အဆင်ပြေပြေ ဖြစ်မြောက်သွားဖို့၊ ပိုက်ဆံ လွယ်လွယ်ရဖို့၊ ချမ်းသာတဲ့သူတွေနဲ့ တရင်းတနှီးနေဖို့သာ စိုးမိုးနေတယ်။ ဂရို့စ်သည် ပုံပန်းမကျဖြစ်ကာ သတ်လတ်ပိုင်းအရွယ်လောက်ဖြစ်မှ အဆင်ပြေမယ်ဆိုတာကို သူ သတိမထားမိခဲ့ဘူး။ စီးပွားရေးလုပ်ငန်းနဲ့ လက်ဝှေ့ပွဲအတွက်သာ စိတ်အာရုံရောက်နေပြီး ဂရိုစ့်ကို အသေးစိတ်လေ့လာဖို့ရန်ကတော့ တအားကို နောက်ကျသွားပြီ။ ပြိုင်ပွဲက ကစားသမားရဲ့အခြေအနေထက်စာရင် လာဘ်ထိုးမှုပေါ် မူတည်နေတာလည်း ပါပါလိမ့်မယ်။ လက်ဝှေ့သမားသေသယောင် ဖြစ်စေမှုက ဂီးဇီးလ်အား သူ့ပိုက်ဆံတွေအားလုံးကို မေ့ကျန်ခဲ့စေတဲ့အထိ သူဟာ လက်တွေ့ဘဝနဲ့ ကွာဟခဲ့တယ်။

အဝါရောင်ကလေးဆီကနေ သင်ယူကြပါ။ အကျွမ်းတဝင်ရှိပြီး သိသာမှုမရှိတဲ့ရှေ့တန်းက အပြည့်စုံဆုံး မီးခိုးမှိုင်းပါပဲ။ သာမန်လို့ထင်ရတဲ့ အကြံအစည်တခုနဲ့ သင့်ဦးတည်ရာဖြစ်တဲ့ စီးပွားရေး အပေးအယူ၊ ငွေကြေးအကြံအစည်ကို ချဥ်းကပ်ပါ။ သားကောင်ရဲ့စိတ်ဟာ တခြားအာရုံရောက်နေမှာြဖစ်ပြီး သံသယတွေလည်း ဖြစ်ပေါ်လာမှာ မဟုတ်တော့ဘူး။ ဒါက သင် သူ့ကို ဒုတိယလမ်းကြောင်းပေါ် တဖြည်းဖြည်းချင်း တွန်းတင်ပေးခြင်းဖြစ်ပြီး လျှောကျပြီဆိုတာနဲ့ သင့်ထောင်ချောက်ထဲ ကူကယ်ရာမဲ့ ကျရောက်သွားမှာ ဖြစ်ပါတယ်။

Photos from Alice Green English Language Center's post 13/11/2021

ဥပဒေသ ၂.၂
ရန်သူကို အသုံးချနည်း သင်ယူပါ။

ဟန်မင်းဆက် ပြုတ်ကျပြီးနောက် ရာစုနှစ်များတွင် တရုတ်နိုင်ငံသည် တဗိုလ်တက် တဗိုလ်ဆင်း သွေးချောင်းစီးမှုပုံစံဖြင့် တည်ရှိနေခဲ့သည်။ ရဲမက်တွေသည် ပျော့ညံ့သော ဧကရာဇ်ဘုရင်ကို လုပ်ကြံမည်။ ထို့နောက် အင်အားကြီးသော စစ်သူကြီးက နဂါးထီးနန်းကို အစားထိုး ဝင်ရောက်အုပ်ချုပ်စိုးစံမည်။ စစ်သူကြီးသည် မင်းဆက်အသစ်ကို စတင်တည်ထောင်ကာ သူ့ကိုယ်သူ ဧကရာဇ်ဘုရင်အဖြစ် သရဖူဆောင်းမည်။ သူ့ ဆက်လက်ရှင်သန်မှုအတွက် သူ့နောက်လိုက် စစ်သူကြီးအချို့ကို သတ်မည်။ နောက်နှစ်အနည်းငယ်ကြာပြီးနောက် ထိုကဲ့သို့သော အဖြစ်မျိုး ထပ်မံဖြစ်ပေါ်လာမည်။ တရုတ်ပြည်၏ တပါးတည်းသော ဧကရာဇ်ဖြစ်ဖို့ရာကတော့ ဝန်းရံနေသော ရန်သူအနည်းငယ်သည် ဩဇာအာဏာအနည်းဆုံ ဖြစ်နေရမည်ဖြစ်ပြီး တိုင်းပြည်၏ လုံခြုံမှုအနည်းဆုံးနေရာသို့ ပို့ထားရမည်သာ ဖြစ်သည်။

အေဒီ၉၅၉တွင် စစ်သူကြီးချောင်ကောင်းရင်သည် ဧကရာဇ်ဆန် ဖြစ်လာသည်။ သူသည် ပြသာနာများကို သိသည်။ ဖြစ်နိုင်ချေကတော့ တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း သူ လုပ်ကြံခံရနိုင်သည်။ ဒီဖြစ်နေကျပုံစံကို သူ ဘယ်လိုချိုးဖျက်ရမလဲ။ သူ ဧကရာဇ်ဖြစ်ပြီး မကြာခင်မှာပဲ ဧကရာဇ်ဆန်က မင်းဆက်အသစ်ကို စတင်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် စားသောက်ပွဲကြီး တည်ခင်းဧည့်ခံရန် အမိန့်ချမှတ်လိုက်တာ စစ်တပ်ထဲမှ အာဏာအပြင်းထန်ဆုံး ဗိုလ်ချုပ်တွေကို ဖိတ်ကြားလိုက်တယ်။ သူတို့ ဝိုင်သောက်ကြတော့ သူဟာ အစောင့်တွေကို ဖယ်ရှားစေလိုက်ပြီး ဗိုလ်ချုပ်တွေချည်းသာလျှင် ကျန်နေစေတယ်။ သူ တချက်ထဲနဲ့ လုပ်ကြံခံရမှာ စိုးရွံ့ကောင်း စိုးရွံ့နေမယ်။ အဲ့ဒီအစား သူက သူတို့ကို ပြောတယ်။ “တရက်လုံး အကြောက်တရားနဲ့ ငါကိုယ်တော် ရှင်သန်နေရတယ်။ စားပွဲမှာကော အိပ်ရာထဲမှာကော ငါကိုယ်တော် စိတ်မလုံဘူး။ သင်တို့ထဲက ဘယ်သူများ ထီးနန်းကို မျှော်မှန်းနေသူ မရှိဘဲနေမလဲ။ သင်တို့ရဲ့ သစ္စာစောင့်သိမှုကို ငါကိုယ်တော် သံသယ မဝင်ပါဘူး။ ဒါပေမယ့်လည်း အကယ်ရ် အခြေအနေကြုံကြိုက်လာခဲ့လို့ ချမ်းသာကြွယ်ဝမှုနဲ့ ရာထူးကို မက်မောတဲ့ သင်တို့ရဲ့ လက်အောက်ငယ်သား တစ်ယောက်ယောက်က သင်တို့ကို အဝါရောင်ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ဖို့ အတင်းတိုက်တွန်းလာခဲ့ရင်တော့ သင်တို့လည်း ဘယ်ပုံဘယ်နည်းနဲ့မှ ငြင်းရက်နိုင်မှာ မဟုတ်ဘူး။” အရက်မူးပြီး သူတို့အသက်အတွက် စိုးရိမ်နေကြသော စစ်သူကြီးများက သူတို့သည် ဘာအပြစ်မှ မလုပ်ပဲ သစ္စာစောင့်သိပါ့မယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဧကရာဇ်ဆန်မှာတော့ တခြားအကြံတွေ ရှိနေပါတယ်။ ဥစ္စာဓနနဲ့ ဂုဏ်ထူးဂုဏ်ရှိန်တွေကို ခံစားပြီး နေ့ရက်တိုင်းကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားဖို့ အကောင်းဆုံးနည်း ရှိပါတယ်။ “အကယ်ရ် သင်တို့သာ သင်တို့ရဲ့ လုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်မယ်ဆိုရင် ငါကိုယ်တော်က သင်တို့ကို သင်တို့ဆန္ဒရှိသလောက် အဆိုတော်တွေ၊ အမျိုးသမီးတွေကို သင်တို့ရဲ့အဖော်အဖြစ် တော်ကောက်နိုင်တဲ့ နယ်မြေကောင်းတွေနဲ့ လှပတဲ့အိမ်တော်တွေ ချီးမြှင့်ပေးဖို့အသင့်ပဲ။”

အံ့အားသင့်နေကြတဲ့ စစ်သူကြီးတွေက ဧကရာဇ်ဆန်သည် သူတို့ကို စိတ်ပူပန်ကြောင့်ကြမှု၊ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ နေထိုင်ရမည့်ဘဝအစား ဥစ္စာဓနနဲ့လုံခြုံမှုကို ကမ်းလှမ်းနေတာပါလားလို့ သဘောပေါက်သွားတော့တယ်။ နောက်တစ်ရက်လည်းရောက်ရော စစ်သူကြီးအားလုံး ရာထူးကနေ နှုတ်ထွက်သွားကြပြီး ဧကရာဇ်ဆန် ချီးမြှင့်မြှောက်စားတဲ့ နယ်မြေတွေမှာ အဆင့်အတန်းမြင့်မြင့်နဲ့ နေထိုင်အနားယူသွားပါတော့တယ်။

ဒီအကြောင်းအရာမှာတော့ ဧကရာဇ်ဆန်သည် သူ့ကို သစ္စာဖောက်နိုင်သည့် “ခင်မင်ရင်းနှီးလှသော” ဝံပုလွေတသိုက်ကို လုပ်ပိုင်ခွင့်အာဏာတွေ စွန့်လွှတ်ပြီး သိမ်မွေ့ကျိုးနွံသော သိုးငယ်ကလေးများအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းပဲ ဖြစ်တယ်။

နောက်နှစ်အနည်းငယ်အကြာအထိ ဧကရာဇ်ဆန်သည် သူ့တိုင်းပြည်တွင် အနှောင့်အယှက်မရှိဘဲ သူ့အုပ်ချုပ်မှုကို တည်မြဲနေစေခဲ့တယ်။ အေဒီ ၉၇၁တွင် ဟန်ပြည်နယ်တောင်ပိုင်းရှိ ဘုရင်လူသည် နှစ်ပေါင်းများစွာ ပုန်ကန်ပြီးနောက် နောက်ဆုံးတွင် ဧကရာဇ်ဆန်ဆီမှာ အညံ့ခံအရှုံးပေးတော့တယ်။ လူ အံ့အားသင့်တာကတော့ ဧကရာဇ်ဆန်သည် နိုင်ငံတော်တရားရုံးတွင် လူ့ကို ရာထူးတစ်နေရာပေးပြီး သူ့ကို နန်းတော်သို့ ဖိတ်ခေါ်ကာ သူတို့၏ အသစ်ဖြစ်တည်သော ခင်မင်ရင်းနှီးမှုအတွက် ဝိုင်ဖြင့် ဧည့်ခံခြင်းပဲ ဖြစ်တယ်။ ဘုရင်လူက ဧကရာဇ်ကမ်းသောဝိုင်ခွက်ကို လက်ခံယူပြီး အဆိပ်ပါမည်ကြောက်သဖြင့် သောက်ဖို့ရန် တုံ့ဆိုင်းနေတယ်။ “ကျွန်တော်မျိုး ကျူးလွန်ခဲ့တာတွေက သေဖို့ ထိုက်တန်ပါတယ်။ သို့ပေမယ့် ကျွန်တော်မျိုး အသက်အတွက် အရှင်မင်းကြီးကို အသနားခံပါတယ်။ ကျွန်တော်မျိုး ဒီဝိုင်ခွက်ကို မသောက်ရဲပါ အရှင်မင်းကြီး” လို့ လျှောက်တင်ခဲ့တယ်။ ဧကရာဇ်ဆန်က ရယ်တယ်။ လူ့ဆီက ခွက်ကိုယူပြီး သောက်ပြတယ်။ အဆိပ် မပါ ပါဘူး။ အဲ့ဒီအချိန်ကစပြီး လူသည် သူ၏ အယုံကြည်ရဆုံးနဲ့ သစ္စာအရှိဆုံး မိတ်ဆွေ ဖြစ်လာပါတော့တယ်။

ရှင်းလင်းချက်
တရုတ်စကားပုံတစ်ခု ရှိပါတယ်။ မိတ်ဆွေတွေကို မေးရိုးနဲ့နှိုင်းပြီး သွားကိုတော့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်လို့ တင်စားထားတာပါ။ အကယ်ရ် သင်သာ သတိမထားမိရင် သူတို့က သင့်ကို ဝါးမိကိုက်မိလိမ့်မယ်။ ဧကရာဇ်ဆန်က ထီးနန်းတည်မြဲဖို့အရေးဆိုတာ မေးရိုးနေရာမှာ ရှိနေတာကို သူသိခဲ့တယ်။ စစ်တပ်ထဲမှာ ရှိနေတဲ့ သူ့ “မိတ်ဆွေတွေက” သူ့ကို အသားလို ဝါးမြိုပစ်လိမ့်မယ်။ အကယ်ရ် သူ တနည်းနည်းနဲ့ ရှင်သန်နိုင်ခဲ့တယ်ဆိုရင်တောင် အစိုးရအဖွဲ့ထဲက “မိတ်ဆွေတွေက” သူ့ကို ညစာ လုပ်စားလိမ့်မယ်။

ဧကရာဇ်ဆန်က သူ့မိတ်ဆွေတွေနဲ့ ဘာပြသာနာမှ မတက်ချင်ဘူး။ သူ့နောက်လိုက် စစ်သူကြီးတွေကို ကောင်းမွန်လှတဲ့ နယ်မြေတွေကို လာဘ်ထိုးပြီး အဝေးနှင်လိုက်တယ်။ သူတို့ကို သတ်တာထက်စာရင် ဒါအများကြီး ပိုကောင်းတဲ့ နည်းလမ်းပါ။ နို့မို့ရင် တခြားစစ်သူကြီးတွေက လက်တုံ့ပြန်ဖို့ ကြိုးစားလိမ့်မယ်။ ပြီးတော့ ဆန်သည် “ခင်မင်သော” ဝန်ကြီးတွေနဲ့ ပတ်သတ်ပြီးလည်း ဘာမှ အထွေအထူး လုပ်ဆောင်စရာ မလိုတော့ဘူး။ အနည်းနဲ့အများတော့ သူတို့သည်လည်း နာမည်ကြီး အဆိပ်သင့်ဝိုင်သောက်ပြီး အသက်မဆုံးရှုံးရတော့ဘူးပေါ့လေ။

မိတ်ဆွေတွေကို အားကိုးမယ့်အစား ဆန်သည် သူ့ရန်သူတွေကို အသုံးချခဲ့တယ်။ တစ်ယောက်ပြီးတစ်ယောက်ကို ပိုမိုစိတ်ချယုံကြည်ရတဲ့ လူတွေအဖြစ် သူပြောင်းလဲခဲ့တယ်။ မိတ်ဆွေတစ်ယောက်က လိုအင်ဆန္ဒ တခုပြီးတခု မျှော်လင့်နေချိန် မနာလိုဝန်တိုမှုတွေနဲ့ ကြည့်ရှုနေချိန် ဒီရန်သူဟောင်းတွေက ဘာကိုမှ မမျှော်လင့်ပဲ အရာရာကို လုပ်ဆောင်ပေးတယ်။ ခေါင်းဖြတ်ဓားအောက်မှာ အသက်ပေးရမယ့်ယောက်ျားဟာ ရုတ်တရက် အသက်ချမ်းသာရာ ရလိုက်တော့ သူ့အပေါ် အသက်ချမ်းသာပေးတဲ့ ကျေးဇူးရှင်အပေါ်ကိုလည်း ကမ္ဘာဆုံးတဲ့အထိ အလွန်ကို ကျေးဇူးသိတတ်တဲ့ သူတစ်ယောက် ဖြစ်သွားပါတယ်။ ထိုအချိန်မှာပဲ ရန်သူဟောင်းတွေသည် ဆန်ရဲ့အယုံကြည်ရဆုံး မိတ်ဆွေတွေ ဖြစ်သွားတော့တာပါပဲ။
ဆန်သည် အာဏာလုမှုတွေ၊ ရုန့်ရင်းကြမ်းတမ်းမှုတွေနဲ့ ပြည်တွင်းစစ် အစရှိတဲ့ ဖြစ်နေကျအဖြစ်အပျက်တွေကို ချိုးဖျက်နိုင်ခဲ့ပြီး ဆန်မင်းဆက်သည်လည်း တရုတ်ပြည်ကြီးကို နှစ်ပေါင်းသုံးရာကျော် အုပ်စိုးမင်းမူနိုင်ခဲ့ပါတယ်။

ပြည်တွင်းစစ် အထွတ်အထိပ်ရောက်ချိန် အေဗရာဟင် လင်ကွန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုထဲမှာ သူက တောင်ပိုင်းသားတွေကို အမှားလုပ်မိတဲ့ လူသားတွေပါလို့ ရည်ညွှန်းပြောဆိုခဲ့တယ်။ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်က ထိုတောင်ပိုင်းသားတွေကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ရမယ့် ကျေအေးပေးဖို့ရာ မဖြစ်နိုင်သော ရန်သူတွေလို့ မသုံးနှုန်းတဲ့အတွက် လင်ကွန်အား ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ လင်ကွန်း ပြန်ဖြေခဲ့သည်က “ ဘာဖြစ်လို့လဲ မဒမ်။ မိတ်ဆွေအဖြစ် ပြောင်းလဲလို့ရတဲ့ ရန်သူတွေကို ကျွန်ုပ် မချေမှုန်းပါဘူး” ဆိုတာပါပဲ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Thursday 07:00 - 20:30
Saturday 07:00 - 20:30
Sunday 07:00 - 20:30