Prize Legal Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prize Legal Service, Lawyer & Law Firm, Yangon.
08/11/2024
သူ့ legal serviceမှာကျွန်မကိုလစာပေးခိုင်းထားတာပါတဲ့။စိတ်နာရမလား ရယ်ရမလားပဲ။ငါ့နှယ်။
30/05/2024
Prize legal serviceကိုအကူညီတောင်းခံလာတဲ့အမှုလေးတွေကို
သေချာစိစစ်ပြီးလက်ခံဆောင်ရွက်ပေးနေပါတယ်။
အကူညီတောင်းခံလာတဲ့အမှုသည်က
-အမှန်တကယ်ဆင်းရဲနွမ်းပါးတာလား
-ဥပဒေအကူညီတကယ်လိုအပ်နေတာလား
-ရှေ့နေမငှားနိုင်ဘူးလား
-အမှန်တကယ်နစ်နာတာလား
ဆိုတဲ့အချက်တွေပေါ်မူတည်ပြီး အကူညီပေးပါတယ်။
ကိစ္စရပ်တိုင်းအခမဲ့ကူညီပေးတာ
အခမဲ့ဆွေးနွေးပေးတာမျိုးတော့မဟုတ်ပါ။
အထက်ကစိစစ်တဲ့အချက်တွေနဲ့အကျုံးမ၀င်ရင်တော့ထိုက်သင့်တဲ့ရှေ့နေစရိတ်ရှိပါတယ်။
Prizeက လူပုဂ္ဂိုလ်တဦးတည်းကထူထောင်ထားပြီးစေတနာမေတ္တာနဲ့ကူညီပေးနေတာပါ
ဘယ်အဖွဲ့အစည်း
ဘယ်သူ့ဆီကမှ ဘာအထောက်အပံ့မှမရပါ။မယူပါ။မရှိပါ။
ကိုယ်တိုင်ကမပြည့်မစုံနဲ့ဒီဘ၀ရောက်အောင်အရမ်းရုန်းကန်ခဲ့ရတာပါ။
ကျမမှာလူတိုင်းကိုအခမဲ့ကူညီပေးရန်တာ၀န်မရှိပါ။
ဒါ့ကြောင့် စေတနာကို စေတနာလို့မမြင်ပဲ
လုပ်ပေးရန်တာ၀န်ရှိတာပဲဆိုတဲ့ပုံစံနဲ့တော့စော်ကားမလာပါနဲ့ရှင်။
တကိုယ်ကောင်းသမားတချို့ကြောင့်တကယ်အခက်ခဲဖြစ်သူတွေ မနစ်နာစေလိုပါ။
Prizeကဆင်းရဲနွမ်းပါး ဥပဒေအကူညီလိုတဲ့သူတိုင်းအတွက်အခမဲ့ရှေ့နေလိုက်ပေးနေအုံးမှာပါ။
Founder
ဒေါ်ခင်ခင်ဆု(တရားလွှတ်တော်ရှေ့နေ)
09771153332
28/10/2023
သင့်ရဲ့အခက်ခဲတွေကိုသင်နဲ့အတူရင်ဆိုင်ကူညီဖြေရှင်းပေးမယ့်
Prize Legal services ရှိတယ်နော်။
ရှေ့နေအကူညီတကယ်လိုအပ်နေလား။
အမှန်တရားရှိရဲ့နဲ့ငွေကြေးမတတ်နိုင်လို့
ခါးဆီးခံနေရပြီလား။
ငွေမတတ်နိုင်လို့တရားမျှတမှုမရတဲ့ဘ၀တွေဖြစ်နေတာလား။
သင့်ဘက်ကမားမားမတ်မတ်ရပ်တည်ပေးမယ့်
Prize Legal Service ကိုဆက်သွယ်လိုက်ပါ။
သင့်အတွက်၀န်ထုပ်၀န်ပိုးမဖြစ်စေတဲ့
အကျိုးဆောင်ခလေးထဲမှာအပြန်အလှန်လေးစားယုံကြည်မှုတွေ
မေတ္တာတရားတွေ
စေတနာတွေနဲ့
သင့်ကိုဖေးမကူညီပေးပါ့မယ်
သတိ
သင့်ဘက်ကဖြူစင်ဖို့ပဲလိုမယ်နော်
အလိမ်အညာတွေနဲ့
အကူညီလာမတောင်းပါနဲ့။
တန်ဖိုးရှိတဲ့အကူညီကိုတော့
အချောင်လာအသုံးမချပါနဲ့။
သင့်ဘက်မှာအမှန်တရားသာရှိနေပါ့စေ။
သင့်အတွက် အမြဲရှိနေပါတယ်။
Prize Legal services
Founder Daw khin khin Hsu
09771153332/09254318298
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ပြစ်မှုအား ကိုယ်စားလှယ်လွှဲစာဖြင့်အမှုတိုင်ကြားခြင်း
=================================
၂၀၁၃ နှစ်တွင်ဆက်သွယ်ရေးဥပဒေကိုပြဌာန်းခဲ့ပြီး နောက်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) သည် ပြည်သူ များ အကြားရေပန်းစားလာခဲ့သည်။၂၀၁၃ ခုနှစ်၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တွင်ဆက်သွယ်ရေးကွန် ယက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊အသရေဖျက်ခြင်း၊နှောင့်ယှက်ခြင်း၊မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်း ခြောက်ခြင်း တို့ပြုလုပ်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ် ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ကြောင်းပြဋ္ဌာန်းထားသည်။
၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေတွင် ပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်၍ နစ်နာသူကအမှုတိုင်ကြားခွင့်ရှိသလို အခြားသူကလည်းတိုင်ကြားခွင့်ရှိသည်။အမှုတိုင်ကြားခြင်းနှင့်ပတ်သက်၍ပိတ်ပင်ထားချက်တစ်စုံတစ်ရာမပါရှိချေ။ပြစ်ဒဏ်မှာလည်းသုံးနှစ်ထက်မပိုသောထောင်ဒဏ်ဟုပြဋ္ဌာန်းထားသဖြင့်ရာဇဝတ်ကျင့်ထုံးဥပဒေ၊ဇယား(၂)အရ ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုဖြစ်ပြီး အာမခံမပေးနိုင်သောပြစ်မှုဖြစ်လာရလေသည်။
၂၀၁၇ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကိုပြဌာန်းခဲ့ရာ ထိုပြင်ဆင်သည့်ဥပဒေ၊ပုဒ်မ ၅ ၊ပုဒ် မခွဲ(ဂ)တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၏ပြစ်ဒဏ်ကို (၂)နှစ်ထက်မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေဟုလည်းကောင်း၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ပြစ်မှုကို နစ်နာသူမှဖြစ်စေ၊ နစ်နာ သူမှကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူမှဖြစ်စေ တိုင်ကြားခြင်းမဟုတ်ပါက အရေးယူဆောင်ရွက်ခြင်းမပြုရ ဟု လည်းကောင်း တားမြစ်ပိတ်ပင်လိုက်သည်ကိုတွေ့ရပေမည်။ပြစ်ဒဏ်ကို(၂)နှစ်ထက်မပိုသောထောင်ဒဏ်ဟု ပြင်ဆင်လိုက်ခြင်းကြောင့်ရာဇ ဝတ်ကျင့်ထုံးဥပဒေ၊ဇယား(၂)အရ ရဲစခန်းမှုဖြစ်စေတရားရုံးမှဖြစ်စေ အာမခံပေး ရမည့်ပြစ်မှုတစ်ခုအဖြစ်သို့ရောက်ရှိသွားရလေသည်။ထို့အပြင်နစ်နာသူမှတိုင်ကြားခြင်း၊နစ်နာသူ၏ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူမှတိုင်ကြားခြင်းမဟုတ်ပါက အမှုလက်ခံရေးဖွင့်ပေးမည် မဟုတ်တော့ချေ။
နစ်နာသူမှ တိုင်ကြားခြင်းဆိုရာတွင် နစ်နာသူကိုယ်တိုင်မှ တိုင်ကြားခြင်းဖြစ်သဖြင့် အထွေ အထူး ဆွေးနွေးရန် မရှိပါ။သို့ရာတွင် နစ်နာသူမှ ကိုယ် စားလှယ်လွှဲအပ်ခြင်းခံရသူမှ တိုင်ကြားမည်ဆိုပါက တရားဝင်ကိုယ်စား လှယ် လွှဲစာ လိုအပ်မည်ဖြစ်သည်။ထိုကိုယ်စားလှယ်လွှဲစာကို အမှုစစ်ရဲအရာရှိတို့မှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားဖို့ လို ပါမည်။ထိုကိုယ်စားလှယ်လွှဲစာသည် အမှုအတွက်မည်မျှအရေးကြီးသနည်း ဆိုပါလျှင် အမှုတစ်ခုလုံးကို ပျက်စီးသွားစေနိုင်လောက်အောင် အရေးကြီးပါသည်ဟုပြောလိုပါသည်။
ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ လူမှုကွန်ယက်ပေါ်တွင် အစိုးရဌာနတစ်ခုကို အသရေပျက်စေ ရန် တင်ပြခြင်း၊အစိုးရဌာန၏ အကြီးအကဲတစ်ဦးဦးကို အစိုးရဌာနအကြီးအကဲတစ်ဦးအနေဖြင့် အသရေ ပျက် အောင် တင်ပြခြင်းတို့ဖြစ်ပါက အမှုအား တရားလိုပြုလုပ်တိုင် တန်းရန် ကိုယ်စားလှယ်တာဝန်ပေးအပ်ကြောင်း ဌာနဆိုင်ရာ ရုံးစာဖြင့်လုံလောက်ပါသည်။
လူတစ်ဦးဦးအား ပုဂ္ဂလိက အသရေပျက်စေရန်လူမှုကွန်ယက်ပေါ်တွင်တင်ပြခြင်းများအား နစ်နာသူ၏ ကိုယ်စား လှယ်မှ ရဲစခန်းတွင် တိုင်ကြားမည်ဆိုပါက နစ်နာသူ၏ တရားဝင်ကိုယ်စားလှယ်လွှဲစာ လိုအပ်ပါမည်။ ထိုကိုယ် စားလှယ်လွှဲစာကို အထူးကိုယ်စားလှယ်လွှဲစာ (Special power)ဖြင့် လွှဲအပ်သည်က အကောင်းဆုံးဖြစ်သည်။ အကြောင်းကြောင်းကြောင့် အထူးကိုယ်စားလှယ်လွှဲစာ(Special power)မပြုလုပ်နိုင်ပါက ၃၀၀ ကျပ်ထက် တန်ဖိုးအနည်းသော အခွန်တံဆိပ်ခေါင်းစာရွက်ဖြင့် နည်းလမ်းတကျ လွှဲအပ်ရမည်။ အထူးကိုယ်စားလှယ် လွှဲစာ(Special power) လည်းမလုပ်နိုင်၊ အခွန်တံဆိပ်ခေါင်းဖြင့်လည်း မလုပ်နိုင်ဘဲ ရိုးရိုးစာရွက်တွင် ကိုယ်စား လှယ်လွှဲအပ်ကြောင်းကိုသာ ရေးသားလွှဲအပ်သည်ဆိုပါက ထိုစာရွက်ကို အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရန် လိုအပ်ပါသည်။ထိုစာရွက်အားယူကာ ပြည်တွင်းအခွန်ဦးစီးဌာနရုံးကိုသွားပြီး ကိုယ်စားလှယ်လွှဲစာ အားအခွန် ထမ်းဆောင်လိုကြောင်း ပြောပြလျှင် ၁၀၀ဝိ/- တန် အထူးကပ်တံဆိပ်ခေါင်းကိုကပ်ပေးလိုက်သည်နှင့် ထိုကိုယ် စား လှယ်လွှဲစာသည် အခွန်ထမ်းဆောင်ပြီးသား ကိုယ်စားလှယ်လွှဲစာဖြစ်သွားပေလိမ့်မည်။ အခွန်ထမ်းဆောင် ပြီးသား စာမှတ်စာတမ်းအားလုံးသည် တရားရုံးတွင် သက်သေခံအဖြစ် လက်ခံပေးရသည်ဆိုခြင်းကြောင့် ဤသို့ အခွန်ထမ်းပြီးသားကိုယ်စားလှယ်လွှဲစာသည်လည်း တရားရုံးတွင် သက် သေခံဝင်သွားလေပေပြီ။
အကယ်၍နစ်နာသူမှလွှဲအပ်သော ကိုယ်စားလှယ်လွှဲစာသည် စနစ်တကျမဟုတ်ခဲ့လျှင် တစ်ဖက်ရှေ့နေမှ တစ် ခွန်း တည်းသော မေးခွန်းကို မေး မြန်းရုံဖြင့် မိမိတို့တိုင်တန်းထားသော အမှုမှာ ပျက်စီးသွားနိုင်ပါသည်။
ထိုမေးခွန်းသည်ကား “ ဤအမှုကိုတိုင်ကြားရန်အတွက် နစ်နာသူမှ လွှဲ အပ်သည့် ကိုယ်စား လှယ်လွှဲစာသည် တရား ဥပဒေနှင့်အညီ နည်းလမ်းတကျလွှဲအပ်ထားသည့် ကိုယ်စားလှယ်လွှဲစာတစ်ခုမဟုတ်ဆိုသည်ကို သင်သိပါ သလား။”
ရဲအုပ်အောင်ကျော်ထွန်း
14/06/2023
Prizeကဆင်းရဲနွမ်းပါး ပြီးဥပဒေအကူညီလိုအပ်နေတဲ့သူတွေကိုကူညီပေးနေတဲ့နေရာမှာမည်သည့်အဖွဲ့အစည်း မည်သူတဦးတယောက်ဆီကမှ
အထောက်အပံ့အကူညီ ဘာမှမယူပါဘူး။
ကိုယ်တိုင်လည်း အဆင်ပြေမနေပါဘူး
ဒါပေမယ့်စေတနာသန့်သန့်နဲ့
စာနာစိတ်နဲ့ ကူညီပေးနေတာပါ။
ခုဆို တယောက်ထဲဆက်ကူညီပေးနေတာပါ။
ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ကူညီတယ်
Prize ကိုတယောက်ထဲထူထောင်ထားတာပါ
သူငယ်ချင်းတွေမိတ်ဆွေတွေက
တတ်နိုင်သလောက်၀န်းရံပေးကြတာပါ။
တခါတလေ prizeကအသုံးချခံနေရတယ်
စိတ်မကောင်းဘူး
Prizeကိုအကူညီတောင်းပေးမယ်
ဘယ်ရွေ့ဘယ်မျှဆိုပြီးလုပ်စားသွားကြသူတွေရှိသလို
တခါတလေ ငွေကြေးတတ်နိုင်ရဲ့သားနဲ့
ဂရုဏာတွေကိုလိမ်ညာယူသွားသူတွေလည်း
ရှိပါတယ်။
ဒါပေမယ့်
ကျမ ဆက်ကူညီပေးနေမှာပါ။
မကောင်းတဲ့သူတွေကြောင့်
တကယ်အခက်ခဲတွေ့နေသူတွေကိုမကူညီနိုင်မှာစိုးပါတယ်။
တခုတော့ငြင်းပါမယ်နော်
ဥပဒေနဲ့မညီတာတွေတော့အကူညီလာမတောင်းပါနဲ့။သန့်ရှင်းတဲ့လက်နဲ့သာ
ကျမဆီလာခဲ့ပါ ။ဆက်ပြီးကူညီပေးနေမှာပါ။
ဒေါ်ခင်ခင်ဆု
တရားလွှတ်တော်ရှေ့နေ
09254318298,09771153332
CRD-
အမွေမှု (၂)မျိုး နှင့် ကာလစည်းကမ်းသတ်ပြသနာ
အမွေမှု ၂ မျိုး
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အောက်ပါအတိုင်း အမွေမှု ၂ မျိုး ၂စား ရှိသည်။
(၁) သားသမီးက ကျန်ရစ်သူ မိဘထံမှ ရရန်ရှိသောအမွေဝေစု ရလိုကြောင်းစွဲဆိုသောအမှု
(၂) အမွေဆိုင်တစ်ဦးက ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုရလိုကြောင်း စွဲဆိုသောအမှု
မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆)အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။
"မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ၀င်တစ်ဦး ကျန်ရစ်သော အမွေပစ္စည်းအပေါ် အရေး ဆိုသည့် အမွေမှု နှစ်မျိုးနှစ်စားရှိသည်။
တစ်မျိုးမှာ မိဘတစ်ပါးပါး ကွယ်လွန်သည့်အခါ သြရသားသမီးက ကျန်ရစ်သူ မိဘထံမှ အမွေရခွင့် နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသောအခါ သားသမီးများက ထိုမိဘထံမှ အမွေရခွင့် အပေါ် အခြေခံ၍ စွဲဆိုသောအမှုဖြစ်သည်။
ကျန်တစ်မျိုးမှာ အခြားအမွေရှင်ထံမှ အမွေရခွင့်အပေါ် အခြေခံကာ ပူးတွဲအမွေဆိုင်အပေါ် စွဲဆိုသော အမွေစီမံခန့်ခွဲမှု ဖြစ်သည်။"
----
တရားစွဲဆိုနိုင်ရန်အကြောင်း
ပထမအမျိုးအစား၏ အမွေတောင်းခံနိုင်သောအကြောင်းသည် လိင်တူမိဘ ကွယ်လွန်ခြင်းကို အကြောင်းပြု၍ သြရသ၏အမွေဝေစုကို ကျန်ရစ်သူ မိဘထံမှ တောင်းခံခြင်း နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုခြင်းကို အကြောင်းပြု၍ အမွေဝေစုတောင်းခံခြင်းတို့ ဖြစ်သည်။
ဒုတိယအမျိုးအစား၏ အမွေတောင်းခံနိုင်သောအကြောင်းသည် အခြားအမွေရှင်ထံမှ မိမိ၏ အမွေရခွင့်အပေါ် အခြေခံကာ ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုတောင်းခံခြင်းဖြစ်သည်။
---
ကာလစည်းကမ်းသတ် (၂)မျိုး
ပထမအမျိုးအစား အတွက် ကာလစည်းကမ်းသတ်
မဖွားသင် နှင့် ဦးညို (ရန်ကုန်၊ အတွဲ - ၁၂ ၊ စာ - ၄၀၉) တွင် ကာလစည်းကမ်းသတ်အမှတ်စဉ် ၁၂၃ သည် အမွေထိန်း သို့မဟုတ် အမွေပုံကိုခွဲဝေပေးရန် တာ၀န်ပေးခြင်းခံရသူ အပေါ် တရားစွဲဆိုသည့်အမှုနှင့် အကျုံး၀င်ကြောင်း ညွှန်ပြသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကျန်ရစ်သူမိဘသည် သြရသသားသမီးကို အမွေ ၄ ပုံ ၁ ပုံခွဲဝေပေးရမည်ဖြစ်သည်။
ထို့ပြင် ကျန်ရစ်သူမိဘသည် ၄င်း နောက်အိမ်ထောင်ပြုချိန်တွင်မူ သားသမီးအားလုံးကို အမွေခွဲဝေပေးရမည်ဖြစ်သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား၊ အမှတ်စဉ် - ၁၂၃ တွင်
သေတမ်းစာပစ္စည်းကိုဖြစ်စေ၊ သေတမ်း စာပစ္စည်းကျန်၏ဝေစု ကိုဖြစ်စေ၊ သေတမ်းစာမရှိသည့်ပစ္စည်း ဝေစုကိုဖြစ်စေ ရလိုကြောင်း စွဲဆိုမှုကို သေတမ်းစာပစ္စည်းကို သော်လည်းကောင်း၊ သေတမ်းစာပစ္စည်းကျန်၏ဝေစုသော်လည်းကောင်း၊ သေတမ်းစာမရှိသည့်ပစ္စည်း ဝေစုကိုသော်လည်း ကောင်း ပေးသင့်သော သို့တည်းမဟုတ် ပေးအပ်သင့်သော အချိန်ရောက်သည့်အခါကစ၍ ၁၂ နှစ် အတွင်း စွဲဆိုရ မည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၂၃ အရ
ပစ္စည်းဝေစုကို ပေးသင့်သော သို့တည်း မဟုတ် ပေးအပ် သင့်သောအချိန်ရောက်သည့်အခါ
ဖြစ်သည့် လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်မှစ၍ အသီးသီးရေတွက်ရန်ဖြစ်ပြီး ၁၂ နှစ်ကျော်လွန်လျှင် ကျန်ရစ်သူ မိဘထံမှ အမွေ တောင်းဆိုခွင့်မရှိတော့ပေ။
ရန်ကုန်၊ အတွဲ - ၅၊ စာ - ၁၂၅ တွင် သြရသအစုကို ရခွင့် နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်အခါ သားသမီးများရခွင်တို့သည် ၁၂ နှစ် အကုန်တွင် ဆိတ်သုဉ်းသွားသည် ဟု ညွှန်ပြသည်။
သို့ဖြစ်ရာ သားသမီးက ကျန်ရစ်သူ မိဘထံမှ ရရန်ရှိသောအမွေဝေစု ရလိုကြောင်းစွဲဆိုသော အမွေမှု သည် ကာလစည်းကမ်းသတ်အက်ဥပဒေ၊ ပထမဇယား၊ အမှတ်စဉ် - ၁၂၃ နှင့်သက်ဆိုင်သည်ကို သတိပြု ရန်ဖြစ်ပါသည်။
ဒုတိယအမျိုးအစား အတွက် ကာလစည်းကမ်းသတ်
အမွေမှု ဒုတိယအမျိုးအစားအတွက် ကာလစည်းကမ်းသတ်ကို တွက်ချက်ရာတွင် ပစ္စည်းအမျိုးအစားအပေါ်မူ တည်၍ကွဲပြားခြားနားသည်။
ရွှေ့ပြောင်းနိုင်သောပစ္စည်း
ရွှေ့ပြောင်းနိုင်သောပစ္စည်းများအတွက် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၂၀ အရ တောင်းဆိုရမည်ဖြစ် သည်။ မောင်ကျော်ရှိန် ပါ ၂ နှင့် ကေကြည်မောင် (၁၉၇၀၊ မတစ၊ စာ ၇၈) နှင့် ဦးမောင်ညို နှင့် အဘူး(ခ)မောင်အေးမောင်ပါ ၁၉ (၁၉၆၆၊ မတစ၊ စာ ၁၅၈၈) အမှုတို့တွင် ကြည့်ပါ။
အမွေရှင်သေပြီးနောက် ရွှေ့ပြောင်းနိုင်သောအမွေပစ္စည်း တစ်ဦးဦး လက်၀ယ်ရောက်ရှိ သည့်အခါကစ၍ ၆ နှစ် အတွင်းစွဲဆိုရန်ဖြစ်သည်။
ကြားကာလအမြတ်အစွန်း
ဒေါ်ခင်လေး နှင့် မောင်ရွှေ (၁၉၈၄၊ မတစ၊ ၂၄၃(၂၄၅) တွင် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမ ဇယားအမှတ်စဉ် ၁၂၀ အရ တရားမစွဲဆိုမီ ၆ နှစ်အတွင်း အမွေပစ္စည်းများမှ ဖြစ်ထွန်းသော အကျိုးအမြတ်များ ကို အမွေဆိုင်များက ခံစားခွင့်ရှိသည်ဟု ညွှန်ပြသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်း
မောင်ကျော်ရှိန် ပါ ၂ နှင့် ကေကြည်မောင် (၁၉၇၀၊ မတစ၊ စာ ၇၈) အမှုတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်ပတ်သက်၍ ကာလစည်းကမ်းသတ်အက်ဥပဒေအပိုဒ် ၁၄၄ အရ တောင်းဆိုရမည်ဖြစ်သည်ဟု ညွှန်ပြသည်။
မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆)အမှုတွင် အောက်ပါအတိုင်းညွှန်ပြသည်။
ဒုတိယ အမျိုးအစားမှာ ကာလစည်းကမ်းသတ် ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ နှင့် သက်ဆိုင် သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယား အမှတ်စဉ် ၁၄၄ တွင် ဤဇယားတွင် အခြားနည်း အထူးပြဌာန်း လျက်မပါသော မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ ထိုပစ္စည်းကို အကျိုးခံစားခွင့်ကိုဖြစ်စေ ရလိုမှုသည် တရားပြိုင်၏ လက်ရှိဖြစ်ခြင်းသည် တရားလိုနှင့် ဆန့်ကျင်လာသည့်အခါကစ၍ ၁၂ နှစ် အတွင်းစွဲဆိုရမည်ဖြစ်ကြောင်းပြဌာန်းထားသည်။
ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ ပြဋ္ဌာန်းချက်အရ ဆိုပါက တရားပြိုင်၏လက်ရှိ ဖြစ်ခြင်းသည် တရားလို ဆန့်ကျင်လာသည့်အခါကစ၍ ၁၂ နှစ်အတွင်း တရားစွဲဆိုရသည်။
အမွေဆိုင်တစ်ဦးသည် အမွေပုံပစ္စည်းကို လက်ရှိထားခြင်းသည် သာမန်အားဖြင့် ဆိုပါက ထိုပစ္စည်းကို အခြားအမွေဆိုင်အားလုံးအတွက် လက်ရှိထားသည်ဟု ယူဆရမည်ဖြစ်သည်။ မမြကြင် နှင့် မအေးတင် (၁၉၆၃၊ မတစ၊ စာ ၉၈၃) ၊ ဦးဘဖေ နှင့် မချိုတီ (၁၉၆၆၊ မတစ၊ ၇၂၇) တို့တွင်ကြည့်ပါ။
မြန်မာဗုဒ္ဓဘာသာများသည် အမွေပစ္စည်းကို အတူပိုင်ဆိုင်သူများအဖြစ် ဆက်ခံသူဖြစ်ရာ အတူပိုင်သူများအနက် တစ်ဦးက အတူပိုင်သည့်ပစ္စည်းကို ဆန့်ကျင်လက်ရှိထားရာ ရောက်စေရန်အလို့ငှာ၊ ထိုသူသည် ပူးတွဲအတူပိုင်သူများအား ထိုပစ္စည်းမှ ပယ်ထုတ်ပစ်ခြင်း တစ်နည်းအားဖြင့် မောင်ပိုင်စီးခြင်းရှိရမည်အပြင် ထိုသို့ ပယ်ထုတ်ပြီးနောက် သို့မဟုတ် မောင်ပိုင်စီးပြီးနောက် အနည်းဆုံး ၁၂ နှစ်ကြာ လက်ရှိထားမှုလည်းရှိရမည်။ မသိန်းစောအေး(ခ)မအေးအေးလင်း နှင့် ဒေါ်မချေ(ခ)ဒေါ်ကြည်ကြည် ပါ ၁၃ (၂၀၀၄၊ မတစ၊ စာ ၁၃၆(၁၄၂))အမှုတွင် ကြည့်ပါ။
အမွေဆိုင်တစ်ဦးက ပူးတွဲအမွေဆိုင်အပေါ် အမွေဝေစုရလိုကြောင်း စွဲဆိုသောအမှုတွင် မရွှေ့ မပြောင်း နိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၄၄ ပြဋ္ဌာန်းချက်အရ ယင်း မရွှေမပြောင်းနိုင်သော အမွေပစ္စည်းလက်ရှိဖြစ်သူ အမွေဆိုင်က အခြားအမွေဆိုင်များအပေါ် ဆန့်ကျင်၍ ယင်းပစ္စည်းကို လက်ရှိထားသည့်အချိန်က စတင်ရေတွက်ရန်ဖြစ်သည်။
----
ပဏာမငြင်းချက် နှင့် အမွေမှု ကာလစည်းကမ်းသတ်
စွဲဆိုလာသော အမွေမှု ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိမရှိ ပဏာမငြင်းချက်အရ ဆုံးဖြတ်ရာတွင် အထက်တွင်ဖော်ပြထားသော အမွေမှု အမျိုးအစားပေါ်မူတည်၍ ခွဲခြားရမည်ဖြစ်သည်။
ပထမအမျိုးအစား အမွေမှု အတွက် ကာလစည်းကမ်းသတ်ကို လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်မှစ၍ တွက်ချက်ရသည်ဖြစ်ရာ အဆိုလွှာပေါ်အခြေပြု၍ အဆုံးအဖြတ်ပြုနိုင်ပေသည်။ အဆိုလွှာတွင် လိင်တူမိဘ သေဆုံးချိန် နှင့် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့် အချိန်တို့မှစ၍ တရားစွဲဆိုနိုင်ရန် အကြောင်း ပေါ်ပေါက်ကြောင်း အဆိုပြုဖော်ပြထားသောကြောင့်ဖြစ်သည်။ မဖော်ပြထားလျှင် မူ အဆိုလွှာကို ပြင်ဆင်စေရန်ဖြစ်သည်။
ဒုတိယအမျိုးအစား အမွေမှု အတွက် အဆိုအချေအရ ပဏာမငြင်းချက်ဖြင့် အဆုံးအဖြတ်ပေးနိုင်ရန် ခက်ခဲပေသည်။
အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ဒုတိယအမျိုးအစားအမွေမှုသည် အမွေရှင်သေဆုံးသည့်နေ့မှ ကာလစည်းကမ်းသတ်ကို ရေတွက်ရန်မဟုတ်ပေ။
ရွှေပြောင်းနိုင်သောအမွေပစ္စည်းလက်ရှိဖြစ်သည့်နေ့မှ ၆ နှစ် နှင့် မရွှေ့မပြောင်းနိုင်သော အမွေပစ္စည်းကို ဆန့်ကျင်လက်ရှိထားသည့်နေ့မှ ၁၂ နှစ်အတွင်းစွဲဆိုရမည်ဖြစ်သည်။
အမိန့် ၁၁ ၊ နည်းဥပဒေ ၁ အရလည်းကောင်း၊ အမိန့် ၆ ၊ နည်းဥပဒေ ၅ အရ လည်းကောင်း တရားလိုထံမှ ကျမ်းကျိန် ၀နျခံခကြျမြားရရှိထားလြှငျမူ ပဏာမငြင်းချက်အပေါ်ဖြေဆိုကောင်းဖြေဆိုနိုင်မည်ဖြစ်သော်လည်း အများအားဖြင့်မူ ကာလစည်းကမ်းသတ်ပြဿနာသည် သက်သေခံချက်များအပေါ် အခြေပြုနေသည်ကိုတွေ့ရှိရသည်။
ကာလစည်းကမ်းသတ်နှင့်စပ်လျဉ်း၍ အကြောင်းခြင်းရာအပေါ် အငြင်းပွားနေလျှင် ယင်းအချက်ကို ပဏာမငြင်းချက်တွင် အဆုံးအဖြတ်ပြုရန်မဟုတ်ကြောင်း ဒေါ်အေးစိန်ပါ ၂ နှင့် ဒေါ်သန်းသန်းနု (၁၉၈၄၊ မတစ၊ စာ ၂၁) တွင် ညွှန်ပြသည်။
ထို့ပြင် ဦးမြမောင် နှင့် ဒေါ်ရင်မြပါ ၃ ဦး (၁၉၇၈၊ မတစ၊ စာ ၉၀)အမှုတွင် ဥပဒေကောက်ချက် နှင့် အကြောင်းခြင်းရာကောက်ချက် များ ရောထွေးလျက်ရှိသောအခါ တရားရုံးသည် အကြောင်းခြင်းရာနှင့် ပတ်သက်သော သက်သေစစ်ချက်များ ရယူပြီးမှသာ ဥပဒေကောက်ချက် နှင့် အကြောင်းခြင်းရာ ကောက်ချက်တို့ကို တပြိုင်တည်း ဆုံးဖြတ်ပေးရန်ဖြစ်သည် ဟု ညွှန်ပြသည်။
သို့ဖြစ်ရာ အမွေမှု ဒုတိယ အမျိုးအစား တွင် ရွှေ့ပြောင်းနိုင်သော အမွေပစ္စည်းများ လက်ရှိဖြစ်ခြင်းကို လည်း ကောင်း၊ မရွှေ့မပြောင်းနိုင်သော အမွေပစ္စည်းများ ပါရှိသည့် အချက်များတွင် တရားပြိုင်၏ဆန့်ကျင်လက်ရှိထားမှုကိုလည်းကောင်း တရားလို၏၀န်ခံချက် နှင့် အဆိုအချေအရ နှစ်ဖက် မငြင်းကွယ်နိုင်သော သက်သေခံချက်များမရှိပါဘဲလျက် ကာလစည်းကမ်းသတ် ပြဿနာကို ပဏာမငြင်းချက်အဖြစ် အဆုံးအဖြတ်ပြုနိုင်မည်မဟုတ်ပါ။
သက်သေခံချက်များရယူရန်လိုအပ်မည်ဖြစ်ပါသည်။
---
ပဏာမဒီကရီ နှင့် အမွေမှု ကာလစည်းကမ်းသတ်
အမွေမှု ပထမအမျိုးစားအတွက် ကာလစည်းကမ်းသတ်ပြဿနာမှာ ပဏာမငြင်းချက်နှင့်ပင် အဆုံးအဖြတ် ပြုနိုင်သည်ဖြစ်ရာ ပဏာမဒီကရီချမှတ်သည့်အဆင့်သို့ ယင်းပြဿနာ ရောက်ရှိရန်အကြောင်း ရှိမည်မဟုတ်ပါ။ အမွေရှင် သေဆုံးသည့်နေ့ နှင့် ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည့်နေ့ အငြင်းပွားချက်ရှိလျှင်မူ သက်သေခံ ချက် ရယူရန် လိုအပ်မည်ဖြစ်၍ တစ်မျိုးဖြစ်ပါမည်။
အမွေမှု ဒုတိယအမျိုးစားအတွက် ကာလစည်းကမ်းသတ်ပြဿနာမှာ ပဏာမဒီကရီချမှတ်သည့်အဆင့်တွင် အဆုံးအဖြတ်ပေးနိုင်ခြင်းရှိမရှိ အငြင်းပွားစရာရှိပါသည်။
မမြစန်း နှင့် မမိုးစိန် ပါ ၄ (၁၉၉၈၊ မတစ၊ ၁၆၉)တွင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုတွင် အဆင့် ၂ ဆင့်ရှိသည်။ တရားလိုစွဲဆိုသောအမှုသည် ကာလစည်းကမ်းသတ်ကျော်လွန်ခြင်း ရှိမရှိမှာ ပဏာမ အဆင့်တွင် ဆုံးဖြတ်ရမည့်ပြဿနာဖြစ်သည်။ ဟု ညွှန်ပြသည်။
အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင် ပဏာမဒီကရီ ချမှတ်သည့်အဆင့်တွင် မည်သည့်ပစ္စည်းသည် အမွေပုံ ပစ္စည်းဟုတ်မဟုတ် မဆုံးဖြတ်သင့်သကဲ့သို့ အမွေပုံပစ္စည်းတွင်ပါမပါ ဆိုသည့်ကိစ္စကို စုံစမ်းစစ်ဆေးခြင်းမပြုသင့် ကြောင်း စီရင်ထုံးများက ညွှန်ပြသည်။ ၁၉၆၄၊ မတစ၊ စာ ၁၁၄ ၊ ၁၉၆၅ မတစ စာ ၈၇ တို့တွင်ကြည့်ပါ။
အမွေပစ္စည်းကျန်ရစ်ကြောင်း အခြားနည်းဖြင့်ပေါ်ပေါက်လျှင် အချင်းဖြစ်ပစ္စည်းမှာ အမွေပုံတွင် ပါ၊ မပါ ပဏာမဒီကရီအဆင့်တွင် ဆုံးဖြတ်ရန်လိုမည်မဟုတ်သည်မှာ စီရင်ထုံးများအရ ထင်ရှားသဖြင့် ကာလစည်း ကမ်း သတ်ကိစ္စကို ပဏာမဒီကရီအဆင့်၌ ဆုံးဖြတ်ရန် ဖြစ်သည်ဟု တထစ်ချ မှတ်ယူရန်မဟုတ်။ အမွေခွဲဝေရန် ပစ္စည်းသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ရပ်တည်းဖြစ်ပြီး ကာလစည်းကမ်းသတ်ပြဿနာ ပေါ်ပေါက်ပါကမူ ပဏာမဒီကရီ အဆင့်မှာပင် ဆုံးဖြတ်ရန်ဖြစ်သည်။ ( ဦးမြ၊ အမွေမှုများ၊ တတိယအကြိမ်၊ စာ ၁၅၈)
---
လေးစားစွာဖြင့်-
Copy
Click here to claim your Sponsored Listing.