Shwe Pyi Thar Information
ရွှေပြည်သာမြို့နယ်အတွင်း ဖြစ်စဉ်သတင်းများနှင့် နိုင်ငံရေးသတင်းများကို တင်ဆက်နေသည့် မီဒီယာဖြစ်ပါသည်။
ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ကျွန်တော်တို့ ရွှေပြည်သာမြို့နယ်ရဲ့ ကျက်သရေဆောင် သာဓုကန် စေတီဝန်းထဲမှာ ထုံးစံအတိုင်းကြက်ပျံမကျ စည်းကားနေအုံးမယ်ထင်ပါတယ်။
ငါးလွှတ်ခြင်း အပါအဝင်အထူးထူးသော ကုသိုလ်တွေကို နေရာအနှံ့က လူသူအပေါင်း ဒီစေတီကြီးမှာ လာရောက် ကုသိုလ်ပွါးများကြတာဟာလည်း သမိုင်းဝင်သာဓုကန်စေတီတော်ကြီး နဲ့ ရွှေပြည်သာမြို့နယ်ရဲ့အထိမ်းအမတ်တစ်ခုဖြစ်ပါတယ်။
တိုင်းပြည်အနှံ့ သင်္ကြန်ဟာ ၄ ရက်တည်းသာဆိုသော်လည်း သာဓုကန်( အုတ်ဖို ၂၅ရက်ကွက်) မှာတော့ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက်ကစားကြလေ့ရှိတာကလည်း ထူးခြားချက်တစ်ရပ်ပင်ဖြစ်ပါသည်။
နှစ်သစ်အခါသမယမှာ ကောင်းမှုကုသိုလ်များ ဖြစ်ထွန်းနိုင်ကြပါစေ။
ပထဦးစွာ ကျွန်တော်တို့ မနှစ်သက်တဲ့လူတွေရဲ့ လက်ထပ်မှာ သင်္ကြန်လေးရက်စလုံး မပါဝင်မဆင်နွှဲခဲ့ကြသူများကို အလေးအနက်ဂုဏ်ပြုချင်ပါတယ်။ (ပါဝင်ဆင်နွှဲခဲ့ကြသူများကိုလည်းအပြစ်မတင်ချင်ပါ၊ လူတိုင်းက ကိုယ့်ဆန္ဒနဲ့ကိုယ် လွတ်လပ်စွာပြုမူခွင့်ရှိတာဖြစ်လို့ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်ခွင့်ပါပဲ။)
မွန်းကြပ်မှုတွေ ၊ပူလောင်မှုတွေကြားထဲကပဲ ရရှိခဲ့တဲ့ တစ်ခဏတာ ပျော်ရွှင်ခွင့်လေးကို တတ်နိုင်သမျှထိန်းချုပ်ပြီး ငါတို့တော့ အားမလျှော့သေးဘူးလို့ တင်းခံပေးလို့လည်း တော်လှန်ရေးဘက်တော်သား တစ်ယောက်အနေနဲ့ ကျေးဇူးတင်အပ်ပါတယ်။
တစ်ချိန်က ဆန္ဒပြခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ တည်ဆောက်ထားတဲ့ စတိတ်စင်တွေပေါ်မှာ ဘောမတွေလို့
ကျွန်တော်တို့အပြစ်တင်ခဲ့တဲ့ အနုပညာသည်တွေဖျော်ဖြေနေတာကို အားရပါးရကြီး ပျော်နေတဲ့လူအုပ်ကြီးကို ကြည့်ပြီး လူတွေကို တော်တော်လေးနားလည်လာရပါတယ်။
ကိုယ့်ရဲ့ ပျော်ရွှင်တောင့်တမှုတစ်ခုအတွက် ကိုယ့်ဘက်ကလူတွေကို အပြစ်လှလှကြီးတွေတင်ပြီး ကိုယ်တိုင်
မျက်နှာဖုံးခွါချပေးသူများကိုလည်း ကျေးဇူးတင်အပ်ပါကြောင်း ပြောကြားချင်ပါတယ်။
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာချည်းပဲ။ အဲ့လို ကိုယ်တိုင်ရေးတဲ့ သမိုင်းကို ကိုယ်ပြန်ဖတ်တဲ့အခါ ကိုယ့်
လိပ်ပြာလုံနေဖို့သိပ်ကိုအရေးကြီးပါတယ်။ အောင်မြင်မှုဆိုတာ အားနည်းပြီး ပျော့ညံ့တဲ့လူတွေအတွက်
မဟုတ်ဘူး။ တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းကြသူတွေအတွက်သာဖြစ်တယ်။
“ဘယ်နိုင်ငံမှာမဆို အဲ့ပြည်သူနဲ့တန်တဲ့ အစိုးရကိုပဲ ရလေ့ရှိတယ်တဲ့ “ အစက လက်မခံဘူး။ အခုတော့ ဒီလူတွေကြည့်ပြီး ဒီစကားသိပ်မှန်တာပဲလို့ လက်ခံလိုက်ရတော့တယ်။ သင်္ကြန်ပြီးသွားပါပြီ။ ဒီသင်္ကြန် ငါမပါတော့ မင်းတို့တော်လှန်ရေးအောင်ရောလားတဲ့? ဟုတ်ပါတယ် တော်လှန်ရေးက မအောင်သွားသလို စစ်တပ်ကလည်း အလုံးစုံမရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းက မပါရင်တော့မသိသာဘူးပေါ့။
ကျွန်တော်ကစ ပြည်သူတစ်သန်းက ပါဝင်ရင်တော့ ဒါက မတူတော့ဘူး။ စင်ပေါ်ကနေ ပြံုးပြံုးကြီး ပွဲခံနေတာကို မမြင်နိုင်ကြရော့သလား။ နိုင်ငံတကာက လှည့်မကြည့်ဘူးလို့ပဲပြောနေကြတာ။ မွန်းကြပ်ပြီး ဆင်းရဲလိုက်တာလို့ပဲအော်နေကြတာ ။ ဆင်းရဲပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်နဲ့မတူဘူးလို့ နိုင်ငံခြား ခရီးသွား ဘလော့ဂါတွေပြောပြောနေတာကြားကြမှာပါ။ ဒါတွေက အသေးအဖွဲ့မဟုတ်ဘူး။
(ဇာတ်ပွဲတွေကြားထဲ လောင်မီးကျနေတဲ့ လူ့အဖွဲ့အစည်း တစ်ခုကိုတော့ ချွင်းချက်ပေးပါတယ်။ကျွန်တော် တို့ လက်လှမ်းမမီတဲ့ ဘက်ခြမ်းမှာဖြစ်နေလို့ပါ။ )
တိုင်းပြည်ဟာ လူတစ်စုရဲ့ အလုံးစုံ ထိန်းချုပ် ချယ်လှယ် လိုသလို ကစားနေတဲ့ ကြွက်ပြေးပွဲထဲရောက်နေတာပါ။
ပြန်ပြီး နိုးထကြပါ။ အသိစိတ်ဝင်ကြပါ။ အခက်အခဲအကြပ်အတည်းတွေကို သည်းခံရင်း လိုအပ်နေတာကိုရအောင်ယူကြပါ။ အဆုံးထိမရောက်ဘူးဆိုရင် ကျွန်တော်တို့ မစတင်ခဲ့တာနဲ့အတူတူပါပဲ။ ဘာလို့များ အလွယ်တကူလက်လျှော့ပေးလိုက်ကြမှာလဲ။
ကျွန်တော်တို့ မျိုးဆက်ပဲ အနစ်နာခံပြီး နောင်လာမယ့် မျိုးဆက်ကို ဒီစိတ်ပျက်စရာ လူ့အသိုင်းအဝိုင်းကြီးထဲက ဆွဲထုတ်ပြစ်လိုက်ကြရအောင်ပါ။
သင်္ကြန်အကြိုနေ့ အပြင်ထွက်မလည်ဘဲ အိမ်တွင်းအောင်းတဲ့ လူတွေရှိသေးရဲ့လား?
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon