She - Health Tips for Ladies

She - Health Tips for Ladies

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from She - Health Tips for Ladies, ဘာအံလမ်း နှင့် မင်းလှ လမ်းထောင့်၊ (၉) ရပ်ကွက်၊ စနေမ မှတ်တိုင်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။, Yangon.

30/04/2025

ဆေးခန်းပိတ်ရက် ကြေညာခြင်း

၁၊ ၅၊ ၂၀၂၅ ၊ ကြာသပတေးနေ့ (အလုပ်သမားနေ့)

ထွန်းအခမဲ့ဆေးခန်းများအားလုံး တစ်ရက်ပိတ်ပါသည်။

၂၊ ၅၊ ၂၀၂၅ (သောကြာနေ့ ) တွင် ပုံမှန်အချိန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမည်။

#ထွန်းအခမဲ့ဆေးခန်း

29/04/2025

ဆေးသောက်ဖို့ မမေ့အောင် ဘာတွေလုပ်ကြမလဲ???

ART ဆေးတွေကို နေ့စဉ် အချိန်မှန်သောက်သုံးမှသာ ဆေးအာနိသင် အပြည့်အဝ ရပြီး မျှော်မှန်းထားတဲ့ ပန်းတိုင်ဖြစ်တဲ့ U=U ကိုရောက်နိုင်မှာပါ။

ဒါပေမယ့် ART ဆေးကို သောက်သုံးနေရတဲ့သူတွေဟာ
နေ့စဉ်လူမှုကိစ္စတွေကြားထဲ လုံးပန်းနေရင်း တစ်ခါတစ်ရံမှာ ဆေးသောက်ဖို့‌မေ့သွားတတ်ကြပါတယ်။

ဒီလို မမေ့အောင် ဘာတွေလုပ်သင့်လဲ ဘယ်လိုတွေ စီစဉ်ထားသင့်သလဲဆိုတာ ပြောပြပေးသွားမယ်နော်.....

ဆေးသောက်ဖို့ မမေ့စေဖို့အတွက်

၁။ဆေးသောက်ချိန်ကို Alarm ပေးထားခြင်း၊

၂။ Reminder Application တွေကိုအသုံးပြုပြီး ဆေးသောက်ချိန်ကိုအသိပေးစေခြင်း၊

၃။ အကျင့်တစ်ခုအနေနဲ့ စွဲမြဲအောင်လုပ်ခြင်း

၄။ နေ့စဉ် ဆေးသောက်တာကို ပြက္ခဒိန်မှာ အဝိုင်းဝိုင်းတာဖြစ်ဖြစ် မြင်သာတဲ့ အမှတ်အသားတစ်ခုပြုလုပ်၍ မမေ့အောင်လုပ်ခြင်း

၅။ မိသားစုကိုဖြစ်ဖြစ်၊ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းကိုဖြစ်ဖြစ် ဆေးသောက်ချိန်ကိုသတိပေးခိုင်းခြင်း တို့ကိုပြုလုပ်ပြီး

ဆေးသောက်ချိန်မမေ့ဖို့ ပြင်ဆင်လို့ရပါတယ်။

ဆေးသောက်မမေ့စေဖို့ ကြိုတင်ပြင်ဆင်ထားပါ၊ မေ့သွားခဲ့တယ်ဆိုရင်လဲ မိမိဆေးထုတ်တဲ့ဌာနမှာ ရှိတဲ့ ဆရာဝန်များ၊ နှစ်သိမ့်ဆွေးနွေးသူများကို ပြောပြပါ။ ဆရာဝန်များ၊ နှစ်သိမ့်ဆွေးနွေးသူများ၏ လမ်းညွန်ချက်အတိုင်းဆက်လက်သောက်သုံးနိုင်ပါတယ်။

ဆေးသောက်မေ့သွားလို့ ဘယ်လိုဆက်သောက်ရမလဲ မေးမြန်းလိုတာပဲဖြစ်ဖြစ်၊ HIV နှင့် ကာလသားရောဂါများအပါအဝင် ကျန်းမာရေးနဲ့ပတ်သက်ပြီးသိလိုတာများမေးမြန်းဖို့ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ page messenger နှင့် Hotline 09259512012 / 09 453512012 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ထွန်းအခမဲ့ဆေးခန်း #ထွန်းပိတောက်၁

10/04/2025

သင်္ကြန်ဆေးခန်းပိတ်ရက်ကြေညာခြင်း

‌သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ဧပြီ ၁၃၊၁၄၊၁၅၊၁၆၊၁၇ ရက်နေ့များတွင် ထွန်းဆေးခန်းများအားလုံးပိတ်ပါသည်။

ဧပြီ ၁၈၊ ၁၉၊ ၂၀ ရက်များတွင် ART နှင့် PrEP ဆေးထုတ်ယူမယ့်သူများအတွက် ဆေးခန်း ဖွင့်ပါသည်။

ဧပြီ ၂၁ ရက်နေ့တွင် ထွန်းဆေးခန်းများအားလုံး တစ်ရက်ပိတ်ပါသည်။

ဧပြီ ၂၂ ရက်မှ စတင်၍ ပုံမှန်အချိန်များတိုင်း ဖွင့်လှစ်ထားပြီး ဆေးခန်းဝန်ဆောင်မှုများ ရယူနိုင်ပါသည်။

#ထွန်းအခမဲ့ဆေးခန်း

28/03/2025

သဘာဝ ဘေးအန္တရာယ်တွေထဲမှာ ငလျင်လှုပ်တာကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ငလျင်လှုပ်တာဟာ စက္ကန်ပိုင်း နဲ့ မိနစ်ပိုင်းလေးသာ ကြာတတ်ပေမယ့် တစ်ခြားသဘာဝဘေးအန္တရာယ်တွေလိုပဲ ပြင်းထန် ဆိုးရွားတဲ့ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

ငလျင် ဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့အတွက် ရုတ်တရက် ဖြစ်လာတဲ့အခါ ဘယ်လို အန္တရာယ်ကင်းအောင်နေထိုင်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ဒါမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ် ကိုယ်နဲ့ အတူနေတဲ့သူတွေကိုလဲ ဘေးကင်းအောင် ကူညီနိုင်ပါလိမ့်မယ်။

ငလျင်လှုပ်တဲ့အခါ အရင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။

“ဝပ်(ငလျင်လှုပ်လျှင် ဝပ်နေပါ)၊
ကာ (အကာအကွယ်ယူပါ)၊
ငြိမ် (ငြိမ်နေပါ) ” ပြုလုပ်ပါ။

မိမိက အိမ် သို့မဟုတ် အဆောက်အအုံထဲတွင်ရှိနေပါက

ပြတင်းပေါက်များ၊ မှန်ချပ်များနဲ့ ကွဲရှနိုင်တဲ့ ပစ္စည်းများနဲ့ ခပ်ဝေးဝေးနေပါ။

မိမိပေါ်ကို ပြိုကျ နိုင်တဲ့ ပစ္စည်းများနဲ့လဲ ဝေးဝေးနေပါ။

မီးလောင်လွယ်တဲ့ ပစ္စည်းများ နှင့် လောင်စာဆီများ အနီးတွင် မနေပါနဲ့။

စားပွဲအောက်တွင်နေခြင်း၊ Safety Triangle ဖြစ်စေတဲ့နေရာများတွင်နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။

ငလျင်လှုပ်တဲ့အခါ အပြင်ရောက်နေပါက

မိမိပေါ်ပြုတ်ကျ ပြိုကျနိုင်တဲ့ အရာတွေနဲ့ ဝေးဝေးနေပါ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးနေပါ။

ကားမောင်းနေတဲ့အခါမျိုး ဆိုရင် ကားကို အန္တရာယ်ကင်းတဲ့ လမ်းဘေးတစ်နေရာတွင်ရပ်ထားပါ။

တံတားပေါ် ဖြတ်သန်းမောင်းနှင်ခြင်းမပြုပါနဲ့။ ဂုံးတံတားအောက် သစ်ပင်အောက် မီးကြိုးများနှင့် ဆိုင်းဘုတ်များအောက်တွင်လဲ ကားရပ်မထားပါနဲ့။

ငလျင်ပြီးတဲ့အထိ ငြိမ်နေပါ။ ငလျင်ပြီးသွားတဲ့အခါ မိမိမှာ ဒဏ်ရာ ရ မရ စစ်ဆေးပါ။ လိုအပ်တဲ့ ကုသမှုတွေခံယူပါ။ မိသားစုဝင်တွေကိုလဲ ဂရုစိုက်ပေးပါ။ လိုအပ်ပါက ကူညီကယ်ဆယ်ရေး အဖွဲ့များထံ ဆက်သွယ်အကူညီတောင်းခံပါ။

#ငလျင် #ထွန်းအခမဲ့ဆေးခန်း

20/03/2025

U=U ဖြစ်တာက HIV ပိုးပျောက်သွားတာလား?

❓အမြဲလိုလို မေးတတ်ကြတာက U=U ဖြစ်ရင် HIV ပိုးမရှိတော့တာလား ပျောက်သွားတာလား ဆိုတာပဲဖြစ်ပါတယ်။

🔺U=U ဖြစ်တာက HIV ပိုးကောင်ရေကို ထိန်းချုပ်ထားနိုင်ခြင်းကို ဆိုလိုတာပါ။

🔬ဘယ်လောက်အထိတောင် ထိန်းချုပ်ထားနိုင်လဲဆိုရင် သွေးထဲမှာရှိတဲ့ HIV ပိုးကောင်တွေကို စက်နဲ့ရှာဖွေ့လို့မရသည်အထိ ထိန်းချုပ်ထားနိုင်တာပဲဖြစ်ပါတယ်။

💁သွေးထဲမှာ HIV ပိုးကောင်ရေကို ထိန်းချုပ်ထားနိုင်ပေမယ့် အရှင်းပျောက်သွားအောင်တော့မလုပ်ဆောင်နိုင်ပါဘူး။

ဒါပေမယ့် HIVပိုးပျောက်သွားသကဲ့သို့ ကောင်းကျိုးများစွာကိုဖြစ်စေပါတယ်။

🛑ကိုယ့်စီကနေသူများကို လိင်မှုကိစ္စကနေကူးစက်ခြင်းမရှိတော့ဘူး၊ ဒီရောဂါကြောင့် နောက်ဆက်တွဲဝင်လာနိုင်တဲ့ရောဂါတွေလဲ အလွယ်တကူမဖြစ်နိုင်တော့ဘူး၊ ချစ်ရသူနဲ့လဲလက်တွဲသွားနိုင်ပြီး ပျော်ရွှင်ရတဲ့နေ့ရက်တွေကို သာမန်လူတစ်ယောက်အတိုင်း အပြည့်အဝ ရရှိစေပါတယ်။

🙆အရှင်းပျောက်သွားတာမဟုတ်ပေမယ့် ဒါသည် အရှင်းပျောက်သလို အကောင်းဆုံးအခြေနေတစ်ခုပါ။

🌝ဆေးကိုနေ့စဉ်အချိန်မှန်သောက်၍ U=U ဖြစ်အောင်ကြိုးစားပါ၊ U=U ဖြစ်ရင်လဲ ဆက်လက်ထိန်းသိမ်းပါ။

HIV နဲ့ပတ်သက်ပြီးဖြစ်ဖြစ် U=U နဲ့ပတ်သက်ပြီးဖြစ်ဖြစ် သိချင်တာတွေရှိခဲ့ရင် Page Messenger နှင့် Hotline 09259512012 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ထွန်းအခမဲ့ဆေးခန်း

17/03/2025

ဘယ်အချိန်မှာသွေးစစ်ရမလဲ ???

လိင်မှတဆင့်ကူးစက်ရောဂါတွေနဲ့ပတ်သက်ပြီး ရောဂါရှာဖွေဖို့အတွက် သွေးစစ်ဆေးတဲ့အခါမှာ ကူးစက်နိုင်တဲ့ ထိတွေ့မှုဖြစ်ဖြစ်ခြင်း စစ်ရတာမျိုးမဟုတ်ဘဲ သွေးစစ်ဆေးခြင်းဖြင့် သိနိုင်မယ့် အချိန်တစ်ခုကို စောင့်ရပါတယ်။ ဒါမှ ကိုယ်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကူးစက်ခဲ့လား မကူးစက်ခဲ့လားဆိုတာကို တိကျတဲ့ သွေးအဖြေ ရရှိမှာပဲဖြစ်ပါတယ်။

လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ HIV၊ ဆစ်ဖလစ် ( ကာလသားရောဂါ )၊ Bပိုး နဲ့ Cပိုးရောဂါတွေပဲဖြစ်ပါတယ်။ ဒီရောဂါရှိမရှိ အဖြေရှာဖို့အတွက် ဘယ်အချိန်မှာ သွေးစစ်ရမလဲဆိုရင်….

🔬HIV အတွက်ဆိုရင်တော့

ကူးစက်နိုင်တဲ့အပြုအမူဖြစ်ပြီး တစ်လ ခွဲ ကနေ သုံးလ အတွင်းမှာ သွေးစစ်ဆေးခြင်းဖြင့် မိမိမှာ HIVရှိ မရှိ သိနိုင်ပါတယ်။

🧫ဆစ်ဖလစ်(ကာလသားရောဂါ) အတွက်ဆိုရင်တော့

ကူးစက်နိုင်တဲ့အပြုအမူဖြစ်ပြီး ရောဂါလက္ခဏာပြတဲ့အချိန်မှာဖြစ်စေ၊ ကူးစက်နိုင်တဲ့အပြုအမူဖြစ်ပြီး ၁၄ရက် မှ သုံးလအတွင်းမှာဖြစ်စေ သွေးစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

🧪Bပိုး Cပိုး အတွက်ဆိုရင်တော့

ကူးစက်နိုင်တဲ့အပြုအမူဖြစ်ခဲ့ပြီး သုံးလအကြာမှာ သွေးစစ်ဆေးခြင်းဖြင့် မိမိမှာ ရှိမရှိ ကိုသိနိုင်ပါတယ်။

🚨အကယ်၍ မိမိက ကူးစက်နိုင်တဲ့အခြေနေမျိုးတွေမကြာမကြာလုပ်ဖြစ်တယ်ဆိုရင်တော့ သုံးလ တစ်ခါ ဖြစ်စေ ခြောက်လ တစ်ခါဖြစ်စေ ကိုယ့်ကျန်းမာရေးအတွက် ပုံမှန်သွေးစစ်ဆေးသင့်ပါတယ်။

👱သင့်ကျန်းမာရေးအတွက် သွေးစစ်ဆေးချင်တယ်ဆိုရင် ထွန်းအခမဲ့ဆေးခန်းမှာ အခမဲ့ စစ်ဆေးလို့ရပါတယ်။

သွေးစစ်ဆေးဖို့ဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးဖို့ပဲဖြစ်ဖြစ် 🔊09259512012 ကို ဆေးခန်းဖွင့်ချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ထွန်းအခမဲ့ဆေးခန်း #ထွန်းပိတောက်၁

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address

ဘာအံလမ်း နှင့် မင်းလှ လမ်းထောင့်၊ (၉) ရပ်ကွက်၊ စနေမ မှတ်တိုင်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။
Yangon