YBS Mailbox
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YBS Mailbox, Thant zin 4 Street, Yangon.
23/05/2026
ဒီနေ့ ၂၃ ရက်နေ့ ညနေ 6နာရီလောက် ၆၄ စီးဖို့စောင့်ရင်း မြောက်ဥက္ကလာ ကန်သာယာမှတ်တိုင်မှာတွေ့တဲ့ Sport shirtအဖြူစင်းလေးဝတ်ထားပြီး မျက်မှန်နဲ့ Airpod တပ်ထားတဲ့ကောင်လေးကိုရှာချင်လို့ပါ
ညီမနားလာရပ်တာ ညီမထက်ငယ်မယ်တော့ထင်တယ် အသားဖြူဖြူလေးနဲ့ပါ
ညီမဘေးနားလေးကပ်ပြီးလာရပ်တာ သူက ဖုန်းကြည့်တာ ညီမဘက်စောင်းပြီးကြည့်တာ ညီမကို တစ်ခုခုမေးမို့ထင်လို့
သူနဲ့အကြည့်ချင်းဆုံတော့ သူကပြုံးပြတယ် ချစ်စရာလေးပါ💞
64ကားလာတော့ တက်စီးပြီး တမှတ်တိုင်ထဲပဲ တူတူဆင်းကြတာ
အဲဒါသူ့ရဲ့accလေးဖြစ်ဖြစ်သိချင်လို့ပါ💕
20/05/2026
Tiktok မှာ trendဖြစ်နေတဲ့
YBSကားပေါ် တဆင့်တက်ပြီးဂုန်းပိုးပြေးတာက်ိုဘယ်သူကစပြီးထွင်လိုက်တာလဲဟင်🙃🙂
20/05/2026
မင့်"ရဲ့ အသဲတွေအားလုံးဘဲ စောစီးမောနီး မင်္ဂလာပါလို့ 💗
မင့်"အတွက်ကတော့ ကိုယ့်အားပေးတဲ့အသင်း PL Champion ဖြစ်သွားတော့ ပိုပြီးမင်္ဂလာရှိပြီး ပျော်ရွှင်ရတဲ့ရက်ကလေးတစ်ရက်ပေါ့ 🥇🥰
မင့်"ချစ်ရတဲ့အသင်း Champion 🏆 ဖြစ်သွားတဲ့အထိမ်းအမှတ်အနေနဲ့ ချစ်ရတဲ့ ဖန်လေးတွေကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲ ဝိုင်းစဉ်းစားပေးကျပါအုံး ရှိတာလေးနဲ့ဖန်လေးတွေအတွက်အမှတ်တရပေးချင်လွန်းလို့ပါ လုပ်ပေးမဲ့အစီအစဥ်ေလးကို မင်"တနင်္ဂနွေကျ Pageကနေ ကြေငြာပေးပါ့မယ်နော် 💖
Admin Thant Zin Aung
#ချန်ပီယံအာဆင်နယ်
Hello ဒီနေ့ဖြစ်သွားတဲ့ကိစ္စလေး တင်ပေးစေချင်လို့ပါ ညီမလိုမဖြစ်အောင်လို့ပါ ညီမဒီနေ့ ၁၂ နာရီလောက်က ၂ စျေးကနေစပြီး ၃၆ စီးတာ ချော်တွင်းကုန်းမှတ်တိုင်နားရောက်တော့ ညီမအနောက်ကို အသက် ၆၀ ကျော် ၇၀ နီးပါးလောက် အဖိုးကြီးတစ်ယောက်လာရပ်ပါတယ် သူဘယ်တုန်းတည်းကရပ်လည်း ညီမမသိပါဘူး ညီမကဆင်းမဲ့တံခါးပေါက်နားက ခုံကိုကိုင်ပြီးရပ်နေတဲ့နေရမှာပါ လူအရမ်းများလို့ အဲ့ချိန်အဲ့အဖိုးကြီး ညီမအနောက်ဘက်ကိုအတင်းတိုးပြီး ကပ်ပါတယ် ညီမကလူကြပ်တယ်ထင်လို့ ရှေ့တိုးပေးလိုက်တာ လိုက်တိုးပါတယ် သူ့အောက်ပိုင်းက ညီမတင်ပါးနားကို သူ့အောက်ပိုင်းနဲ့လာထောက်နေတာပါ ညီမအဆင်မပြေတာနဲ့ ညာဘက်ကအတွဲတစ်တွဲနား ကပ်တော့ သူလိုက်ကပ်ပါတယ် စိတ်ထဲဒေါသတဖြည်းဖြည်းထွက်လာလို့ ဘယ်ဘက် တိုင်နားကပ်လိုက်လည်း သူကထပ်ကပ်လာပါတယ် လူကလည်းကြပ်နေတော့ သူ့ရှေ့ကဖယ်ပြီး ညီမညာဘက်အတွဲဘက်ကို ဘေးစောင်းမျက်နှာမူလိုက်တော့ သူကအဲ့ဘေးစောင်းအတိုင်း လိုက်ကပ်တာပါ ညီမဒေါသအတော်ထွက်လာတာပါ ငြိမ်ခံပြီးကြောက်မဲ့ထဲမပါဘူး အရမ်းဒေါသထွက်ပြီးအော်လိုက်ချင်တာ ရုပ်ကဗြောင်ငြင်းမဲ့ရုပ်ပေါက်နေပြီး သူမဟုတ်တဲ့အတိုင်းနေနေလို့ ညီမဒီလိုကြုံနေရတဲ့ တွေ့တဲ့လူကတွေပါတယ် ဒါမဲ့ကိုယ်မဟုတ်သလိုနေနေကြပြီး ညီမအော်ရင်တောင် ညီမကိုဝိုင်းမကူတဲ့အပြင် ရူးနေလား အရှက်မရှိဘူးဆိုပြီး ကြည့်မဲ့ရုပ်တွေဖြစ်နေကြလို့ပါ တစ်ချို့လူတွေက အဲ့တော့ ညီမလည်းဘေးနားအတွဲက အကိုကြီးကို နေရာခဏလဲခိုင်းမိပါတယ် သူ့ကောင်မလေးလည်း ညီမခဏနေဆင်းရမှာမို့ ပြောလိုက်ပါတယ် ညီမမြန်ပလာဇာနားဆင်းမှာမို့ နေရာလည်းပေးတဲ့ အကိုကြီးကိုလည်းကျေးဇူးတင်ပါတယ် ညီမကျေးဇူးတင်စကားမပြောမိလိုက်လို့ ဒေါသထွက်ပြီး ဆင်းသွားတာမို့ ညီမကားပေါ်
ကဆင်းတော့လည်း အရမ်းဒေါသထွက်ပြီး စိတ်ထဲဆဲနေမိတာ ဓာတ်ပုံလည်းမရိုက်ခဲ့လိုက်ရပါဘူး လူအရမ်းများနေလို့ ညီမကြုံခဲ့ရတာလေး ပြန်ဝေမျှချင်တာပါ ညီမလိုမိန်းကလေးတွေ ကြုံရရင် မကြောက်ပါနဲ့ အော်ရင်အော်ချမဟုတ်ရင် ဘေးကလူသာ နေရာလဲပြီး အကူအညီတောင်းပါ တဏှာကောင်တွေကတော့ သူတို့ဟာသူတို့အတွက်လိုက်ချောင်းနေမှာပါပဲ
18/05/2026
18.5.2026
ဒီနေ့ ညနေပိုင်း ၇နာရီမထိုးခင်လောက် ၄၂ပေါ်မှာတွေ့တာပါဗျ
အဆင်းနားကခုံမှာထိုင်နေတဲ့ မျက်မှန်လေးနဲ့ကောင်မလေးပါ
တခါတော့အကြည့်ချင်းဆုံလိုက်တယ်ထင်ပါတယ်
ကျနော်က polo နက်ပြာနဲ့ ၀န်ထမ်းကဒ်ကို ကြိုးအပြာလေးနဲ့ဆွဲထားပါတယ်ဗျ
ခုံရတော့လည်း သူ့အရှေ့မှာပါ
အဲ့မိန်းကလေးက ထန်းခြောက်ပင်မှတ်တိုင်မှာ ဆင်းသွားတယ်ဗျ
အဲ့ဒါ ဆိုင်သူမရှိရင် ခင်မင်ရင်းနှီးခွင့်လေးရချင်လို့ပါ အကယ်၍ သူတွေ့ခဲ့လို့ စကားပြောချင်ရင် care react လေးပေးခဲ့ပါလို့
K နဲ့စတဲ့ acc နဲ့လာadd ပါမယ်လို့...
18/05/2026
၇၈ ကားပေါ်မှာ ၁၅ ရက်နေ့ကတွေ့တာပါဗျ
အကောင့်လေးပဲသိချင်တာပါ ဒီတိုင်းလေး သဘောကျမိတဲ့ type ဖြစ်နေလို့ပါ
ခိုးရို - က်မိလိုက်တဲ့အတွက်လည်းတောင်းပန်ပါတယ်ဗျာ
Click here to claim your Sponsored Listing.
Contact the public figure
Telephone
Website
Address
Yangon