Solar Plus

Solar Plus

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Solar Plus, Entrepreneur, Minnandar Road, Yangon.

16/07/2026

☀️ ပူလေ... ပိုစွမ်းအင်ထွက်လေ... Prime နဲ့ဆို အဆင်ပြေ !🔋

ရာသီဥတု ဘယ်လောက်ပြောင်းလဲပါစေ
အပူဒဏ်၊ အအေးဒဏ် ၊မိုးဒဏ် ကို ကြံ့ကြံ့ခံပြီး အကောင်းဆုံး လျှပ်စစ်စွမ်းအင်ကို အပြည့်အဝ ထုတ်လုပ်ပေးနိုင်မယ့် Prime solar panels
ရှိပါတယ်။

"Maximize Energy Output in Hot and Sunny Environments" ဆိုတဲ့အတိုင်း ပြင်းထန်တဲ့ နေရောင်အောက်မှာလည်း အားကိုးရဆုံး ဖြစ်နေမှာပါ။ 😎

သင့်အိမ်၊ သင့်လုပ်ငန်းခွင်အတွက် ယုံကြည်စိတ်ချရတဲ့ ဆိုလာစနစ်တစ်ခု တပ်ဆင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အခုပဲ ဆက်သွယ်လိုက်ပါရှင့်။

Solar နဲ့ ပတ်သက်ရျ် အသေးစိတ်သိရှိလိုပါက Page cb &Viber
☎️ 09783286612 - 09422196007 ကို
ဆက်သွယ်မေးမြန်းနိင်ပါတယ်ရှင့် ။

Google map -https://maps.app.goo.gl/SKWC1JzYFi6HUPmQA?g_st=ifm

ဆိုင်လိပ်စာ -
📍တောင်ကြီး - ၇/၂၅၉ အနောက်မြို့ပတ်လမ်း၊ ကျောင်းကြီးစုရပ်ကွက် နယ်မြေ(၈) ၊ 212စျေးအကျော် Mytel ရုံးမျက်စောင်းထိုး ဟွမ်ဆန်း အီလက်ထရောနစ် ဆိုင်မျက်နာချင်း တွင်ရှိပါတယ်။

📍ရန်ကုန် - အမှတ် ၂၄၉၊ မင်းနန္ဒာလမ်းမ ၊ဧရာဝတီဘဏ်ဘေး(သာကေတ capital အနီး)၊ ဒေါပုံမြို့နယ်၊ ရန်ုကုန်။

📍နေပြည်တော် - ဒ/ ၃၀၁၆၉ ရွှေသပြေ ၁၀ လမ်း၊ ဒက္ခိဏ သီရိမြို့နယ်။

TikTok - tiktok.com/

#တောင်ကြီး

06/07/2026

🌧️ မိုးရွာရင် Solar က အလုပ်လုပ်သေးလား?
မိုးရာသီမှာ Solar System ရဲ့ အားသာချက်နဲ့ အားနည်းချက်များ 🌦️

ဒီရက်ပိုင်း မိုးအုံ့ပြီး နေ့တိုင်းလိုလို မိုးရွာနေတော့ Solar တပ်ထားတဲ့သူတွေရော၊ တပ်ဖို့ စဉ်းစားနေတဲ့သူတွေပါ စိတ်ပူနေကြတဲ့ မေးခွန်းတစ်ခုရှိပါတယ်— "မိုးရာသီမှာ Solar က အဆင်ပြေပါ့မလား?" 🤔

တကယ်တော့ မိုးရာသီမှာလည်း Solar ရဲ့ ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်တွေ ရှိနေပါတယ်။

🔋 အားသာချက်များ (Advantages)
⚡️မိုးရွာပေမဲ့ လျှပ်စစ်ထုတ်နိုင်ဆဲပါ:
Solar ပြားတွေဟာ နေရောင် တိုက်ရိုက်မရရင်တောင် တိမ်တွေကြားက ဖြာထွက်လာတဲ့ အလင်းရောင် (Diffused Light) ကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်ပါတယ်။ (ထုတ်လုပ်မှုနှုန်းတော့ လျော့သွားနိုင်ပါတယ်)။

🌧သဘာဝအတိုင်း အခမဲ့ ဆေးကြောပေးခြင်း: နွေရာသီတုန်းက Solar ပြားပေါ်မှာ တင်နေတဲ့ ဖုန်မှုန့်တွေ၊ သစ်ရွက်ခြောက်တွေကို မိုးရေက သဘာဝအတိုင်း အခမဲ့ ဆေးကြောသန့်စင်ပေးပါတယ်။ Solar ပြား ပြောင်စင်သွားတော့ အလင်းရောင် ပိုရစေတာပေါ့။

🌤အပူချိန်ကျလို့ စွမ်းဆောင်ရည်တက်ခြင်း: Solar ပြားတွေဟာ အရမ်းပူပြင်းတဲ့ နွေရာသီထက် အေးမြတဲ့ ရာသီဥတုမှာ လျှပ်စစ်စီးဆင်းမှု ပိုကောင်းပါတယ်။ ဒါကြောင့် မိုးရွာပြီး အလင်းပွင့်လာတဲ့အချိန်မျိုးမှာ Solar ရဲ့ အလုပ်လုပ်နိုင်စွမ်းက ပိုကောင်းတတ်ပါတယ်။

⚠️ အားနည်းချက်များ (Disadvantages)

🪫ဓာတ်အားထုတ်လုပ်မှု လျော့နည်းခြင်း: မိုးသည်းထန်စွာရွာပြီး တိမ်ထူတဲ့နေ့တွေမှာ ပုံမှန်ထက် ဓာတ်အားထုတ်လုပ်မှု ၅၀% ကနေ ၈၀% အထိ ကျဆင်းသွားနိုင်ပါတယ်။

❗️Battery စနစ် ပိုလိုအပ်ခြင်း:
နေ့ခင်းဘက် နေသိပ်မပြတော့တဲ့အတွက်
ညဘက်သုံးဖို့ Battery ထဲမှာ အားအပြည့် သိုလှောင်ထားနိုင်ဖို့ ခဲယဉ်းသွားတတ်ပါတယ်။

🌩ရာသီဥတုအန္တရာယ်:
မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာတွေရှိလို့ မိုးကြိုးလွှဲစနစ် (Lightning Arrester) စနစ်တကျ တပ်ဆင်မထားရင် System ပျက်စီးနိုင်ခြေ
ရှိပါတယ်။

💡 မိုးရာသီအတွက် အကြံပြုချက်
မိုးတွင်းမှာ Solar ကနေ မီးအပြည့်အဝရဖို့ဆိုရင် မလိုတဲ့ မီးချောင်းတွေ၊ ပန်ကာတွေကို ပိတ်ပြီး အရေးကြီးတဲ့ ပစ္စည်းတွေကိုပဲ ချွေတာသုံးစွဲဖို့ လိုအပ်ပါတယ်။ နောက်ပြီး မိုးကြိုးလွှဲ (Earthing) ကောင်းကောင်း ရှိမရှိကိုလည်း ကြိုတင်စစ်ဆေးထားသင့်ပါတယ်။

🌧️ မိုးရာသီမှာ စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းနိုင်ပေမဲ့ Solar က ပေးတဲ့ အကျိုးကျေးဇူးကတော့ ရှိနေဆဲပါပဲ။

မိမိအိမ်မှာ Solar တပ်ထားတဲ့သူတွေရော ဒီရက်ပိုင်း မီးအခြေအနေ ဘယ်လိုရှိလဲ... ကွန်မန့်မှာ မျှဝေခဲ့ကြအုန်းနော် ။ 👇

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Minnandar Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00