Thate Pan Solutions
A professional provider of flexible and innovative skill development trainings and solutions Let’s get to know Thate Pan Solutions!
24/06/2026
Introducing "Project စွမ်း - SWAM" by Thate Pan Solutions
ဒီနေ့ခေတ်မှာ ဉာဏ်ရည်တုနည်းပညာ (AI) ဟာ ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ပြောင်းလဲမောင်းနှင်နေပြီ ဖြစ်ပါတယ်။
ဒီလိုခေတ်ရေစီးကြောင်းထဲမှာ ပြည်တွင်းက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) တွေအနေနဲ့ အနောက်ကျမကျန်ရစ်စေဘဲ AI နည်းပညာကို လက်တွေ့အသုံးချပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်တွေကို အဆင့်မြှင့်တင်နိုင်ဖို့ Thate Pan Solutions မှ "Project စွမ်း - SWAM" ကို မိတ်ဆက်ပေးလိုက်ပါတယ်။
"SWAM" ဆိုတာ Smart Workforce & AI for MSMEs ဖြစ်ပြီး မြန်မာလိုတော့ MSMEsတွေရဲ့"စွမ်းဆောင်ရည်" ကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးမယ့် ပရောဂျက်တစ်ခု ဖြစ်ပါတယ်။
💡 Project စွမ်း (SWAM) မှာ ဘာတွေ သင်ယူရမှာလဲ?
MSME လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်ထဲက တကယ့်အခက်အခဲတွေကို AI Tool တွေအသုံးပြုပြီး ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုမျိုး တိုးတက်အောင် လုပ်မလဲ ဆိုတာတွေကို အွန်လိုင်းကနေ နားထောင်ရုံတင်မဟုတ်ဘဲ လူကိုယ်တိုင် တက်ရောက်ရမှာဖြစ်လို့ သင်တန်းဆရာတွေနဲ့ တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်မယ့်အပြင် မိမိလုပ်ငန်းနဲ့ ကိုက်ညီမယ့် AI နည်းလမ်းတွေကိုပါ လက်တွေ့ Challenge လုပ်ရင်း လေ့လာရမှာ ဖြစ်ပါတယ်။
🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ?
• နည်းပညာကို အသုံးချပြီး လုပ်ငန်းကို အရှိန်အဟုန်နဲ့ တိုးတက်ချင်တဲ့ MSME လုပ်ငန်းရှင်များ
• လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်သက်သာပြီး ရလဒ်ကောင်းတွေ ထွက်ချင်တဲ့ မန်နေဂျာများနှင့် ဝန်ထမ်းများ
• AI အကြောင်းကို အခြေခံကစပြီး လက်တွေ့အသုံးချတတ်ချင်သူ မည်သူမဆို။
ကိုယ့်ရဲ့ MSME လုပ်ငန်းတွေကို ခေတ်ရှေ့ပြေးတဲ့ ဒစ်ဂျစ်တယ်စွမ်းအားတွေ ဖြည့်တင်းဖို့ Project စွမ်း (SWAM) မှာ ပါဝင်ကြဖို့ ကြိုပြီး ဖိတ်ခေါ်လိုက်ရပါတယ်။ သင်တန်းတွေ အကုန်လုံးကို အခမဲ့ ပြုလုပ်ပေးသွားမှာမို့ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေကို ပံ့ပိုးပေးချင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ပူးပေါင်းဖို့ ဆက်သွယ်နိုင်ပါတယ်။
🚀 သင်တန်းရက်စွဲ၊ နေရာနဲ့ အသေးစိတ်အချက်အလက်တွေကို မကြာမီ ထပ်မံကြေညာပေးသွားမှာ ဖြစ်လို့ Thate Pan Solutions Page ကို See First လုပ်ထားပြီး စောင့်မျှော်ပေးကြပါဦးနော်။
23/05/2026
စနေနေ့တိုင်း လက်တွေ့ကျတဲ့ အဖြေတွေကို ယူဆောင်လာပေးမယ့် "Solutions from Thate Pan Solutions" ✨
နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်မှာ အနာဂတ်အတွက် Future-Ready ဖြစ်ဖို့ ပြင်ဆင်နေပြီလား။ “ဘယ်ကနေ စလေ့လာရမလဲ” “လုပ်ငန်းခွင် စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းရမလဲ” ဆိုတဲ့ မေးခွန်းတွေအတွက် ✨
Thate Pan Solutions (TPS) ကနေ ဒီနေ့ကစပြီး အပတ်စဉ် စနေနေ့တိုင်းမှာ "Solutions from Thate Pan Solutions" ဆိုတဲ့ အစီအစဉ်သစ်နဲ့ အဖြေရှာပေးသွားတော့မှာ ဖြစ်ပါတယ်။ 💡✨
ဒီအပတ်မျှဝေသွားမှာလေးကတော့။ AI ဆီက အဖြေလွဲတွေပဲ ရနေသလား?⁉️
AI ကို အသုံးပြုတဲ့အခါ ကိုယ်လိုချင်တဲ့ ရလဒ်နဲ့ ထွက်လာတဲ့ အဖြေ ထပ်တူမကျတာမျိုး ကြုံဖူးပါသလား? 🤔
ဒါက AI ရဲ့ အားနည်းချက်ထက် ကျွန်တော်တို့ရဲ့ ခိုင်းစေတဲ့ပုံစံ (Prompt) လိုအပ်ချက်ကြောင့် ဖြစ်တာက ပိုများပါတယ်။ AI ဆိုတာ ပေးထားတဲ့ အချက်အလက်နဲ့ အကြောင်းအရာပေါ်မူတည်ပြီး သင့်လျော်တဲ့ ရလဒ်ကိုထုတ်ပေးတဲ့ လူကပြုလုပ်ထားတဲ့ " Predictive Engine " တစ်ခုသာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့က AI ကိုခိုင်းတဲ့အခါမှာ သေချာပြောပေးဖို့လိုအပ်ပါတယ်။💁
၁။ နေရာတခုသတ်မှတ်ပေးပါ☝️
AI ကို အလုပ်တစ်ခု မခိုင်းခင်မှာ သူက ဘယ်သူ့နေရာကနေ စဉ်းစားပေးရမလဲဆိုတဲ့ Context ကို အရင်ပေးရပါမယ်။ ဒီလို Role သတ်မှတ်ပေးတာက ကိုယ်လိုချင်တဲ့နေရာကနေ စဉ်းစားပြီးအဖြေတွေပေးတာဖြစ်လို့ ပိုတိကျပြီး အရည်အသွေးမြင့်တဲ့ အဖြေတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။✨
၂။ ရှင်းလင်းပြတ်သားစွာ ခိုင်းပါ 💬
ယေဘုယျဆန်တဲ့ အကြောင်းအရာတွေထက် ကိုယ်အမှန်တကယ် လိုချင်တဲ့ ရလဒ်ကို တိတိကျကျ ဖော်ပြပေးဖို့လိုပါတယ်။ လိုအပ်တဲ့ အရေအတွက်၊ ပုံစံနဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ပြောပြတာက အမှားတွေအလွဲတွေကို အနည်းဆုံး ဖြစ်စေပါလိမ့်မယ်။ 💫
၃။ Step by step ခိုင်းပါ 👣
AI ကို အလုပ်တစ်ခုပေးတဲ့အခါ ချက်ချင်းကြီး အပြီးသတ်ရလဒ်ကို တောင်းမယ့်အစား step by step သေစာပြောပြပြီးခိုင်းပါ။ ဒီလိုခိုင်းတာဟာ ရှုပ်ထွေးတဲ့ Data တွေကို စိစစ်တာ၊ Code ရေးတာကအစ အလုပ်တစ်ခုလုံးကို အပိုင်းပိုင်းခွဲပြီး စနစ်တကျ လုပ်ဆောင်ပေးမှာ ဖြစ်လို့ အမှားအယွင်းမရှိဘဲ အတိကျဆုံး ရလဒ်ကို ရရှိစေပါတယ်။✅
ဒါကြောင့် AI ဆိုတာ ကောင်းကောင်းခိုင်းတတ်မှ ကောင်းကောင်းလုပ်ပေးနိုင်တဲ့ "လက်ထောက်" တစ်ယောက်လို ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘက်က Role နဲ့ Task ကို စနစ်တကျ ချပြနိုင်လေလေ၊ AI က ကျွန်တော်တို့ရဲ့ Productivity ကို ပိုမိုမြှင့်တင်ပေးနိုင်လေလေ ဖြစ်ပါတယ်။ 🦾
🚀 လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေပဲဖြစ်ဖြစ်
🚀 Professional Growth ကို လိုချင်တဲ့ လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်
သင့်အတွက် အသုံးဝင်မယ့် Tips & Tricks တွေ၊ လက်တွေ့ကျတဲ့ Learning Solutions တွေကို စနေနေ့တိုင်း မျှဝေပေးသွားမှာမို့ Thate Pan Solutions (TPS) Page ကို အခုပဲ Like & Follow လုပ်ထားလိုက်တော့နော်။ 🚀✨
12/05/2026
• Future-Ready Skills တွေကို တစ်နေရာတည်းမှာ လေ့လာနိုင်မယ့် Thate Pan Solutions •
နောက်လာမယ့် (၄) နှစ်ဖြစ်တဲ့ ၂၀၃၀ ခုနှစ်မှာ Professional တစ်ယောက်ဖြစ်လာနိုင်ဖို့ ဘယ်လို Skill တွေ လိုအပ်မယ် ထင်ပါသလဲ။
ဒီနေ့ခေတ်မှာ နည်းပညာတွေကလည်း အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်လာတာ မြန်တာကြောင့် လူငယ်တွေအတွက်ဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေအတွက်ဖြစ်ဖြစ် Skill တစ်မျိုးတည်းနဲ့တော့ ရပ်တည်ဖို့ မလုံလောက်တော့ပါဘူး။
ခေတ်နဲ့အညီ ပြောင်းလဲနိုင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို ယှဉ်ပြိုင်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ Career, Business ကို နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် Future-Ready Skills တွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာနေပါပြီ။
ဒါပေမယ့် “ဘယ်ကနေ စလေ့လာသင့်လဲ” “ဘယ် Skill က ကိုယ့်အနာဂတ်အတွက် တကယ်အသုံးဝင်မလဲ” ဆိုတဲ့ မေးခွန်းတွေက လူငယ်အများစုအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲပါ။
ဒီလို လိုအပ်ချက်တွေအတွက် Thate Pan Solutions (TPS) ကနေ Modern Workforce အတွက် လိုအပ်တဲ့ Skills နဲ့ လက်တွေ့ကျတဲ့ Learning Solutions တွေကို တစ်နေရာတည်းမှာ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ✨
🚀 လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ယောက်လား
🚀 ကိုယ့်ရဲ့ Business နဲ့ Professional
Growth ကို Next Stage တက်ချင်တဲ့ Entrepreneur တစ်ယောက်လား
💡Thate Pan Solutions မှာ သင့်အတွက် အကောင်းဆုံး Solutions တွေ အသင့်ရှိနေပါတယ်။
အခွင့်အလမ်းအသစ်တွေနဲ့ Future-Ready Skills တွေကို လက်မလွှတ်ရအောင် Thate Pan Solutions (TPS) Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ ✨🇲🇲
17/04/2026
မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးအခါသမယတွင် Thate Pan Solutions မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ ✨
နွေဦးရဲ့ အတာရေအေးနဲ့အတူ
စိတ်သစ်၊ လူသစ်၊ အင်အားသစ်တွေ ရရှိပါစေ။✨
မင်္ဂလာရှိသော မြန်မာနှစ်သစ် ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။✨
17/03/2026
🌟 Portfolio ဆိုတာ Project တွေ စုစည်းမှုထက် ပိုတယ်ဆိုတာ သက်သေပြနိုင်ခဲ့တဲ့ ၂ ရက်တာလေးပါ၊
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ နဲ့ မတ်လ ၁ ရက်နေ့မှာ Thate Pan Hub က ကျင်းပခဲ့တဲ့ "Showcase Your Skillset: A 2-Day Portfolio Building Workshop" လေး အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။ 🎉
စေတနာအပြည့်နဲ့ Sharing လုပ်ပေးသွားခဲ့တဲ့ Ma Amy နှင့် Ma Aye Nandar Bo တို့အပြင် Workshop တစ်လျှောက် တက်တက်ကြွကြွ ပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။
အခုရရှိသွားတဲ့ Knowledge တွေနဲ့ အမိုက်စား Portfolio တွေတည်ဆောက်နိုင်ကြပါစေ။ 🚀
22/02/2026
🔥 Skill ရှိတယ်… ဒါပေမယ့် အလုပ်
အခွင့်အလမ်းတွေမရဘူးလား?
💻 Project တွေလုပ်ထားတယ်… ဒါပေမယ့် professional portfolio မရှိသေးဘူးလား?
ယနေ့လို IT နဲ့ Technical tools တွေထွန်းကားနေတဲ့ digital ခေတ်မှာ Recruiter တွေက CV form တခုထက် သင်လုပ်ထားတဲ့အရာတွေကို ဘယ်လိုဖော်ပြထားလဲဆိုတာကို ပိုကြည့်လာကြပါတယ်။
ဒါ့ကြောင့် CV ထက် ကျွန်တော်တို့ Portfolio ကပိုအရေးကြီးလာပြီး skill ရှိနေရုံတင်မက သေသေချာချာ showcase လုပ်တတ်ဖို့လည်း အဓိကကျလာပါတယ်။🌟
ဒီလိုအရာတွေအတွက် Thate Pan Solutions × Thate Pan Hub ကနေ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ job seekers တွေအတွက် အထောက်အကူဖြစ်စေမယ့် Showcase Your Skillset: A 2 Day Portfolio Building Workshop လေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။✨😊
ဒီ training workshop လေးမှာဆိုရင်တော့ Portfolio ကောင်းတခု ဘယ်လိုတည်ဆောက်ရမလဲ။ ကိုယ့်ရဲ့ skill တွေ နဲ့
Ability တွေကို အလုပ်ရှင်တွေသဘောကျအောင် ဘယ်လိုဖော်ပြရမလဲဆိုတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။⚡️
ဒီ training workshop လေးဟာဆိုရင် 2 ရက်တာပြုလုပ်သွားမှာဖြစ်ပြီး
Day 1 - Tell Your Story: Building a Portfolio That Brands You
ပထမနေ့မှာဆိုရင်တော့✨
ကိုယ့်ရဲ့ skill နဲ့ experience တွေကိုအသုံးပြုပြီး ကိုယ့်ကိုယ်ကို professional brand အဖြစ် ဘယ်လိုတည်ဆောက်မလဲ
Portfolio ကို story တစ်ခုလို ဘယ်လိုပြမလဲ။
Strong project တွေကို ဘယ်လိုရွေးချယ်ရမလဲ
Portfolio တည်ဆောက်ဖို့အတွက် ဘယ်လို tools နဲ့ platforms တွေကိုအသုံးပြုရမလဲ စတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။🙌
Day 2 - Show, Don't Just Tell: Building a Portfolio That Codes for Success.
ဒုတိယနေ့မှာတော့
Tech Portfolio တခုရဲ့ power နဲ့ များပြားတဲ့ အခွင့်အလမ်းတွေ ဘယ်လိုယူဆောင်လာနိုင်သလဲ
Tech & IT Recruiters တွေ Candidate တစ်ယောက်ရဲ့ Digital Presece မှာ တကယ်တမ်း ဘာတွေကိုမျှော်လင့်လဲ
GitHub နဲ့ တခြားသော High-impact platforms တွေကို အသုံးချပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို ဘယ်လို Branding လုပ်မလဲ?
စတဲ့အကြောင်းအရာတွေကို သင်ပြပေးသွားမှာဖြစ်ပါတယ်။🤗
Training 2 ရက်လုံးရဲ့အဆုံးမှာဆိုရင်လည်း Q&A Session ပါဝင်မှာဖြစ်တဲ့အပြင် limited seat ဖြစ်တာကြောင့်အခုပဲ အောက်က link လေးနှိပ်ပြီး register လိုက်တော့နော်✨
📌 Workshop Detail
📅Date - 28.2.2026/ 1.3.2026
⏰Time - 7:30 - 9:30 pm
📍Platform - Zoom
Registration Form : https://forms.gle/uCSWqMpddehzuCTi8
12/01/2026
🤖One Day Left to Register 🤖
AI နဲ့ ChatGPT ကို တကယ်ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ပြီလား🤖?
နည်းပညာတွေထွန်းကားနေတဲ့ ခေတ်ကြီးမှာ AI နဲ့ ChatGPT ကို pro ကျကျ အသုံးမချတတ်သေးဘူးဆိုရင်တော့ နောက်ကောက်ကျနေပြီလို့ပြောရမှာပါပဲ‼️
🚫ဒါပေမယ့် မပူပါနဲ့။
Thate Pan Solutions နဲ့ Thate Pan Hub တို့ ပူးပေါင်းစီစဉ်တဲ့ " How to use ChatGPT like a Pro " ဆိုတဲ့ Webinar လေး ရောက်ရှိလို့လာပါပြီ✨
ဒီ Webinar လေးမှာဆိုရင်တော့
AI နဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတတွေ
ChatGPT ကို ဘယ်အချိန်မှာ ဘယ်လို အသုံးချသင့်လဲ ဆိုတဲ့ Practical Tips တွေ
Prompt engineering ရဲ့အရေးပါပုံ
Machine Learning နဲ့ Large Language Models (LLM) အကြောင်းတွေကို နားလည်လွယ်အောင် ပြည့်ပြည့်စုံစုံရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ 🌟
ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမယ့်သူကတော့
Education Technology နယ်ပယ်မှာ 4 နှစ်ကျော် အတွေ့အကြုံရှိပြီး ယခုလက်ရှိလည်း Parami University မှာ Education Technology Manager အဖြစ် တာဝန်ယူထားတဲ့ Ko Zaw Htut Aung (Mason) ပဲဖြစ်ပါတယ်။
ကို Mason ဟာဆိုရင် စာသင်ကြားရေးနဲ့သင်ယူရေး လုပ်ငန်းစဉ်တွေမှာ အဆင်ပြေချောမွေ့အောင် ဆန်းသစ်တဲ့ digital solution တွေနဲ့ EdTech Tools တွေကို ပေါင်းစပ်ပြီးဖြေရှင်းပေးနေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေ AI နည်းပညာကို ပေါင်းစပ်အသုံးချနိုင်စေဖို့ ရည်ရွယ်တဲ့ Padauk Classroom Project ကိုလည်း ဉီးဆောင်လုပ်ကိုင်ခဲ့သူလည်းပါတယ်။ 🤩
ဒါ့အပြင် Hands-on Experience Session လည်းပါဝင်မှာဖြစ်လို့ AI နဲ့ ChatGPT ကို တကယ် အသုံးချတတ်ချင်သူတိုင်း လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်✨
AI ကို စတင်လေ့လာချင်သူ၊ ChatGPT ကို Pro တစ်ယောက်လို အသုံးချချင်သူဆိုရင် အခုပဲ register လုပ်လိုက်တော့နော် 🙌
📌Webinar Details
📅Date - 13.1.2025
⏰Time - 8:30 - 10:00 pm
📍Platform - Zoom
Registration Link: https://forms.gle/83TvKUeTp4pLpytM9
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
Yangon
11111
Opening Hours
| Monday | 09:30 - 17:00 |
| Tuesday | 09:30 - 17:00 |
| Wednesday | 09:30 - 17:00 |
| Thursday | 09:30 - 17:00 |
| Friday | 09:30 - 17:00 |