Victory Vision Accountancy

Victory Vision Accountancy

Share

Victory Vision Accountancy Service

01/05/2025

"အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့"

မေလ 1 ရက် 2025 ခုနှစ် (ကြာသပတေး)နေ့တွင် ကျရောက်အပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

26/03/2025

Value-EBITDA Ratio ဆိုတာ ဘာလဲ?
============================
Value-EBITDA Ratio ဆိုတာ ကုမ္ပဏီတစ်ခု၏ Financial value ကို အကဲဖြတ်ရာတွင် အသုံးပြုသော ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကိန်းတစ်ခုဖြစ်သည်။

ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုး (Enterprise Value, EV) နှင့် ၎င်း၏ EBITDA (Earnings Before Interest, Taxes, Depreciation, and Amortization) တို့ကြား အချိုးကို တွက်ချက်တိုင်းတာပါ။

Value-EBITDA Ratio ကို ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းတန်ဖိုးတွေကို နှိုင်းယှဉ်ရန်နှင့် အဲ့ ကုမ္ပဏီ တွေရဲ့ Financial Health ကို အကဲဖြတ်ရန် မကြာခဏ အသုံးပြုကြပါတယ်။

Enterprise Value သည် ကုမ္ပဏီတစ်ခု၏ စုစုပေါင်းတန်ဖိုးကို ကိုယ်စားပြုသည်။ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး (Market Capitalization)၊ ကြွေးမြီများ (Debt)၊ Cash and Cash Equivalents တို့ ပါဝင်သည်။

EV = Market Capitalization + Total Debt - Cash and Cash Equivalents

EBITDA သည် ကုမ္ပဏီ၏ အတိုးနှင့် အခွန် မဆောင်ရသေးခင် ရရှိသော အမြတ်ငွေကို ရည်ညွှန်းသည်။ ၎င်းသည် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုမှ ရရှိသော အမြတ်ငွေကို တိုင်းတာသည့် ညွှန်ကိန်းတစ်ခုဖြစ်သည်။

Value-EBITDA Ratio ကို တွက်မယ်ဆိုရင်
Value-EBITDA Ratio = Enterprise Value (EV) / EBITDA

ဒီနေရာမှာ EV/EBITDA တန်ဖိုးသည် (Undervalued) တန်ဖိုးနည်းပါက အမြတ်ထုတ်နိုင်စွမ်း ကောင်းပြီး ရင်းနှီးမြုပ်နှံဖို့ အခွင့်ကောင်းဖြစ်နိုင်ပါတယ်။

အကယ်၍ တန်ဖိုးက (Overvalued) ဖြစ်နေပါက ကုမ္ပဏီ တန်ဖိုးမြင့်နေပြီး အမြတ်ထုတ်နိုင်စွမ်း နည်းသည်ဟု ယူဆနိုင်ပါသည်။

ရင်းနှီးမြှုပ်နှံသူများသည် Value-EBITDA Ratio ကို အသုံးပြု၍ ကုမ္ပဏီတစ်ခု၏ စီးပွားရေးလုပ်ငန်းတန်ဖိုးကို အကဲဖြတ်နိုင်သည်။

၎င်းသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အထောက်အကူပြုပါသည်။

ကုမ္ပဏီများ ဝယ်ယူခြင်း သို့မဟုတ် ပေါင်းစည်းခြင်း (Mergers and Acquisitions, M&A) လုပ်ငန်းများတွင် Value-EBITDA Ratio ကို အသုံးပြု၍ ကုမ္ပဏီ၏ တန်ဖိုးကို အကဲဖြတ်နိုင်ပါသည်။

SWMA@Copyright2025
SWMA
VVA
Serial:1432625

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

14/03/2025

Accounting Concepts စာရင်းဆိုင်ရာ အခြေခံ သဘောတရားများ
=====================================
Accounting concept တွေဆိုတာက လုပ်ငန်း တစ်ခုရဲ့ ငွေကြေးအကြောင်းအရာတွေ ကို မှတ်တမ်းတင် စာရင်းရေးသွင်းတဲ့ အခါ အခြေခံအဖြစ် အသုံးပြုရတဲ့ အတွေးအခေါ်တွေ ယူဆချက်တွေ အခြေအနေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီ အခြေခံ အတွေးအခေါ် အယူအဆ တွေက လုပ်ငန်းရဲ့ စာရင်း အကြောင်းအရာ အသွားအလာ တွေကို မှန်မှန်ကန်ကန် အဓိပ္ပါယ် ကောက်နိုင်ပြီး စာရင်းရေးသွင်းရာမှာ အထောက်အကူ ရစေမှာ ဖြစ်ပါတယ်။

🍀Accrual Concept
Accrual Concept ကို Matching Principle လို့လည်း ခေါ်ကြပါတယ်။ Accrual Concept ဆိုတာက Income Statement မှာ Expense တစ်ခုကို ထည့်သွင်း‌ဖော်ပြရင် အဲ့ဒီ expense နဲ့ သက်ဆိုင်တဲ့ Related Income ကိုလည်း
ထည့်သွင်း ဖော်ပြရမယ်လို့ ဆိုလိုတာပါ။

ထို့ပြင် Income Statement မှာ lncomeတစ်ခုကို ထည့်သွင်းဖော်ပြရင် အဲ့ ဝင်ငွေရဖို့ ကုန်ကျခံရတဲ့ Related Expenses တွေကိုလည်း ထဲ့သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ စာရင်းရေးသွင်းမလဲ ဆိုတဲ့ Recognition ကို စဉ်စား ဆုံးဖြတ်တဲ့ အခါမှာလည်း ဝင်ငွေဆိုရင် ပိုင်ဆိုင်မှု တာဝန်ယူမှု လွဲပြောင်းပြီးမှ၎င်း အသုံးစရိတ်ဆိုရင် သက်ဆိုင်ရာ စာရင်းကာလ မှာ ကျခံပြီးမှ ဖော်ပြကြရမှာ ဖြစ်ပါတယ်။

🍀Consistency Concept
Financial Accounting Process မှာ ယခင် မူလအသုံးပြုနေတဲ့ Policies, Method နဲ့ Techniques တွေကိုသာ မပြောင်းမလဲ တစ်သတ်မှတ်တည်း အသုံးပြုစေဖို့ ဖြစ်ပါတယ်။ သို့သော် အပြောင်းအလဲ ပြုလုပ်ခြင်းဖြင့် True and Fair ပိုဖြစ်စေမယ့် အခြေအနေ ရှိရင် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
ဥပမာ Depreciation Method, Valuation Method

🍀Going Concern Concept
ကြိုမမြင်နိုင်တဲ့ အနာဂတ်မှာလည်း လုပ်ငန်းဆက်လက်လည်ပတ်နေမယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ အနာဂတ်မှာ လုပ်ငန်းဆက်လည်ပတ်နေမယ်လို့ ယူဆရင် စာရင်းလုပ်ငန်းစဉ်က ပုံမှန်အတိုင်း ဆက်သွားမှာ ဖြစ်ပေမယ့် လုပ်ငန်းက တရားဝင် ဖျက်သိမ်းလိုက်ဖို့ ဆုံးဖြတ်ထားပြီးသား ဆိုရင်တော့ Accounting Treatment တွေက တစ်မျိုးတစ်မည် ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်အခြေအနေ တစ်ခုက လုပ်ငန်းက Going Concern အရ ပြဿနာ ရှိနေပေမယ့် ကယ်လို့ ဆယ်လို့ ရနိုင်သေးတယ်ဆိုရင် Disclosure Note မှာ Corrective Action ဘာတွေ လုပ်ဆောင်မလဲ ဆိုတာ ဖော်ပြပြီး စာရင်း လုပ်ငန်းစဉ်ကိုတော့ ပုံမှန်အတိုင်း သွားနိုင်ပါတယ်။

🍀Prudence Concept
ဆင်ခြင်မျှော်တွေးမှု သဘောတရား ဆိုတာကတော့ လုပ်ငန်းမှ စာရင်းအစီရင်ခံဖို့ တာဝန်ရှိသူတွေ အနေနဲ့ စာရင်းစံသတ်မှတ်ချက်တွေ နဲ့ ပြဌာန်းထားတဲ့ ဥပဒေများ နဲ့ လက်တစ်လုံးခြား ကိစ္စရပ်တွေကို မလုပ်ဖို့၊ Judgement ဆုံးဖြတ်ချက်တွေ လုပ်ရတဲ့အခါ မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝင်ငွေတွေ အမြတ်တွေကို အမှန်တကယ် ရတာမျိုး၊ ဖြစ်တာမျိုးကိုဘဲ ပြရမှာ ဖြစ်ပြီး ပို မပြကြဖို့။
ဥပမာ Asset တန်ဖိုး တွေ Income တွေကို Overstate
မလုပ်ကြ‌ဖို့။ Equity, liabilities, Expenses တွေကို Understate မလုပ်ကြဖို့ ဖြစ်ပါတယ်။

🍀Business Entity Concept
လုပ်ငန်းနှင့် လုပ်ငန်းပိုင်ရှင်က သီးခြားစီလို့ မှတ်ယူရမှာ ဖြစ်ပြီး စာရင်းကိုင်တွေ အနေနဲ့က စာရင်းကို Business နေရာက Stand လုပ်ပြီး စာရင်းမှတ်သား ရေးသွင်းကြရတဲ့ သဘောကို ပြောတာ ဖြစ်ပါတယ်။

စာရင်းကိုင် ဆိုတာ လုပ်ငန်းရှု့ထောင့် ကနေ အမြဲ ကြည့်ရပြီး သမာသမတ် ကြဖို့ကလည်း လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ တရားသူကြီးတွေ ဘက်လိုက်ပြီး ဆုံးဖြတ်ရင် တရားလို တရားခံ တွေ နစ်နာကြသလို စာရင်းကိုင် သမာသမတ်
မကျရင် Stakeholders တွေ နစ်နာ ကြပါတယ်။

🍀Materiality Concept
အရေးကြီးသော အရာများကို ဦးစာပေး လုပ်စေဖို့ နဲ့ အဓိက အရေးပါတာများကို အမှားအယွင်း မဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

စာရင်းတွေမှာ အမှားအယွင်း ရှိခဲ့ရင် Accounting Users တွေရဲ့ Economics Decisions ကို လွှမ်းမိုးမှု ရှိနိုင်သောကြောင့် အထူးဂရုစိုက်ကြရတာ ဖြစ်ပါတယ်။

🍀Money Measurement Concept
လုပ်ငန်းက Financial Accounting မှာ မှတ်သားတဲ့ အကြောင်းအရာတွေ အားလုံးက ငွေကြေးတန်ဖိုးတစ်ခုအနေနှင့် ဖော်ပြထားတာတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ စာရင်းမှတ်တယ်ဆိုတာ Business Transactions တိုင်းကို မှတ်တာ မဟုတ်ပါဘူး။

Business transactions တွေထဲကမှ Financial Transaction တွေကို စာရင်းရေးသွင်း မှတ်တမ်းတင်ကြတာ ဖြစ်ပါတယ်။
ဥပမာ အလုပ်မှာ အစည်းအဝေး ကျင်းပတယ်ဆိုတာ Business Transaction တစ်ခုပါ။ အစည်းအဝေး တစ်ကြိမ် ဆိုပြီး Financial Accounting မှာ စာရင်းမမှတ်ကြပါဘူး။

သို့သော် ထိုအစည်းအဝေး အတွက် ကျွေးမွေးစရိတ် အခန်းငှားခ စသဖြင့် ကုန်ကျစရိတ်တွေ ရှိလာပြီ ဆိုရင်တော့ အစည်းအဝေး အခန်းငှားခ အစည်းအဝေး ဧည့်ခံစရိတ် ဆိုပြီး စာရင်းရေးသွင်းကြပါတယ်။

🍀Historical Cost Concept
လုပ်ငန်းရဲ့ Asset ပိုင်ဆိုင်မှု့တွေကို ဝယ်ရင်းဈေးဖြင့်သာ တန်ဖိုးသင့်ပြီး စာရင်းသွင်းကြရပါတယ်။ လက် ရှိကာလပေါက်ဈေးဖြင့် တန်ဖိုးမသင့်ရ။

🍀Realization Concept
မိမိတို့ ရောင်းချလိုက်သော ပစ္စည်းကို ဝယ်သူကို တာဝန်လွှဲပြောင်းပြီးမှသာ ဝင်ငွေ စာရင်းဖော် ပြဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Matching Principle တို့ Accrual Concept တို့နဲ့လည်း အဆက်အစပ် ရှိနေတာ ဖြစ်ပါတယ်။

🍀Dual Aspect Concept
ဒီ သဘောတရားက Double Entry Bookkeeping စနစ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ စာရင်းအကြောင်းအရာတစ်ခုကို စာရင်းခေါင်းစဉ် နှစ်ခုမှာ စာရင်းမှတ်သားခြင်း ဖြစ်ပါသည်။
စာရင်းခေါင်းစဉ် တစ်ခုမှာ Debit ဆိုရင် အခြားစာရင်းခေါင်းစဉ်တစ်ခုမှာ Credit စာရင်းသွင်းရမှာပါ။

အချုပ်အနေနဲ့ ပြောရရင် Concept မပိုင်ရင် Account မကိုင်နဲ့လို့တောင် ပြောကြပါတယ်။ Concept မပိုင်ပဲ Account ကိုင်ခဲ့ရင် Accounting Equation ကိုက်နေတယ် ဆိုရင်တောင် "အမှိုက်ကား အမှားကိုက် နေတာမျိုး" ဖြစ်နေနိုင်ပါတယ် ဆိုတာ အသိပေးရင်း စာရင်းရဲ့ အခြေခံ သဘော တရားတွေကို မျှဝေလိုက်ပါတယ်။
https://www.facebook.com/share/p/1A3YxYUtsW/

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 138, 48 Street, Botataung TSP
Yangon