Nge Po
ကြိုဆိုပါတယ်ဗျ...�
17/08/2023
Goodnight par naw...😘😘😘
16/08/2023
သို့...........
ချစ်သောရေ.........
မေတ္တာတွေထပ်ပေါင်းပြီး ရေးဖွဲ့သီကုံးထားတဲ့ စာလေးတစ်စောင်ပါးလိုက်ပါတယ်.....
ချစ်သောရေ........
စကားတွေပြောရင်း သံယောဇဥ်ဖြစ်မိတာအမှန်ပါ....မပြောရရင် မနေနိုင်လောက်အောင် ချစ်မိတာပါ....မင်းရဲ့ အပြုံး မင်းရဲ့စကားပြောဆိုပုံ အရာအားလုံးကို စွဲလန်းရစ်မူးတွယ်တာနေမိတယ်.....
ချစ်သောရေ........
မင်းက ရာသီအလိုက်ပွင့်တဲ့ပန်းတွေလိုပေါ့....
ကိုယ့် မျက်ဝန်းထဲမှာ သိပ်ကိုလှပလွန်းတယ်... ..နတ်ပြည်ကဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးလို ခံစားမိတယ်......
ချစ်သောရေ.......
ညတိုင်း မင်းနဲ့စကားပြောရတာ ကိုယ့်အတွက် နိဗ္ဗာန်တစ်ခုလိုပါပဲ....မင်းနဲ့စကားပြောပြီး အိပ်ရတဲ့ညတွေဆို အိပ်မက်တွေအမြဲလှပလွန်းတယ်....
ချစ်သောရေ........
ကိုယ့်ရဲ့ ချစ်ချင်းမေတ္တာတွေကို မင်းကိုမြင်စေချင်ပါတယ်....ချစ်တာထက်ပိုပြီး မြတ်နိုးတွယ်တာမိလို့ မေတ္တာထုထည်ကြီးမားလွန်းပါတယ်....
ချစ်သောရေ.......
ကျန်ရှိနေတဲ့ ဘဝအချိန်တွေကို မင်းနဲ့ပဲကုန်ဆုံးချင်ပါတယ်.....ဖြစ်တည်မှုတိုင်းကို မင်းပဲ ဖြစ်စေချင်ပါတယ်....ကိုယ့်ဘဝရဲ့အနာဂါတ်မှာ မင်းကို မိဖုရားတစ်ပါးအဖြစ်တင်မြှောက်ပါရစေ.....
ချစ်သောရေ..........
မင်းက မင်းသမီးတစ်ပါးဆိုရင်....
ကိုယ်က မင်းအနားမှာ အခစားဝင်မယ့် ငယ်ကျွန်ဖြစ်ပါရစေ....သေဆိုသေ ရှင်ဆိုရှင် ထားရာနေ စေရာသွားမယ့်....မင်း ကြိုးစွဲရာ ကမယ့် ရုပ်သေးရုပ်လေး တစ်ရုပ်ပါ....
ချစ်သောရေ.......
ကောင်းကင်ကို ပေလွှာအဖြစ်တင်စားပြီး....
ကြယ်တွေကို စာစီပြီးရေးပြချင်ပါတယ်....
လမင်းကြီးကို သစ္စာတည်ပြီးပြောပါရစေ...
"မင်းကို သိပ်ချစ်တယ် ချစ်သောရေ"
ချစ်သောရေ........
ကိုယ့်ရဲ့ မေတ္တာတွေ စိမ့်ဝင်နေတဲ့....
ဒီစာလေးကို....
ချစ်သော ပြုံး၍ဖတ်ပေးပါ......
#လူကြီး
Click here to claim your Sponsored Listing.
Category
Website
Address
HLAINGTHARYAR