EcoCycle Bio

EcoCycle Bio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EcoCycle Bio, Entrepreneur, Yangon.

Photos from EcoCycle Bio's post 24/04/2026

👏Practical Traceabilty Systems for Food Safety Compliance and Market Access: From Farm to Market ( ၂) ရက်တာ သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်း အမှတ်တရ👏

သင်တန်းသားများ၊ သင်တန်းဆရာမများနှင့် 3Zero House အဖွဲ့သားအားလုံးးဲ့ တက်ကြွစွာ ပါဝင်ဆွေးနွေးမှု၊ အသိပညာမျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် သင်တန်းအစီအစဉ်တွေအလွန်အဓိပ္ပာယ်ပြည့်ဝစွာ ပြီးမြောက်ခဲ့ပါတယ်👏

ပိုမိုလုံခြုံသော အစားအသောက်စနစ်များ၊ ပိုမိုကောင်းမွန်သော ဈေးကွက်ဝင်ရောက်မှုများနှင့် တည်တံ့သော စိုက်ပျိုးရေးစီးပွားရေးများအတွက် အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါစို့နေ

14/04/2026

သင်တန်းမှာ ကူညီပို့ချပေးမယ့် ဆရာမများပါရှင့်
[English Content Below]

🔰 အစားအစာဘေးကင်းလုံခြုံရေးနှင့် ဈေးကွက်အခွင့်အလမ်းများအတွက် လက်တွေ့ကျသော ခြေရာခံနည်းစနစ်များ ဖော်ဆောင်ခြင်းသင်တန်း သင်ကြားမျှဝေသွားမည် trainerများ မိတ်ဆက်ခြင်း

Mekong Institute (MI) တွင် လေ့လာသင်ယူခဲ့သော အတွေ့အကြုံများအပေါ် အခြေခံ၍ MI Alumni ဖြစ်သော EcoCycle Bio နှင့် 3ZERO House Myanmar တို့ ပူးပေါင်းပြီး Food Safety လိုအပ်ချက်များနှင့် ကိုက်ညီစေရန်၊ စျေးကွက်ဝင်ရောက်နိုင်မှု တိုးတက်စေရန်အတွက် လက်တွေ့အသုံးချနိုင်သော၊ ရိုးရှင်း၍ ကုန်ကျစရိတ်နည်းပါးသော Traceability (နောက်ကြောင်းပြန်ခြေရာခံနိုင်မှုစနစ်) နည်းလမ်းများကို ၂ ရက်တာသင်တန်းဖြင့် 3ZERO House Myanmar တွင် မျှဝေသင်ကြားသွားမှာဖြစ်ပါတယ်။

နှစ်ရက်တာသင်တန်းတွင် Guest Speakers အဖြစ် ပါဝင်အားဖြည့်ပေးကြမည့် ကဏ္ဍအသီးသီးမှ ဆရာမများနှင့်ဆွေးနွေးမည့် အကြောင်းအရာများကိုထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်

👩‍💻Ei Khine Wai:Food Safety Consultant, The Compliance

ဆရာမက "အစားအစာဘေးကင်းရေး ခြေရာခံနိုင်မှု- လိုက်နာရမည့် စည်းကမ်းများနှင့် မှတ်တမ်းပြုစုခြင်းဆိုင်ရာ သတ်မှတ်ချက်များ"ခေါင်းစဉ်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆရာမသည် Chemical Engineering နှင့် Quality Management အထူးပြုတစ်ဦးဖြစ်ပြီး၊ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။

HACCP, ISO 22000 နှင့် FSSC 22000 စနစ်များကို ကုန်ထုတ်လုပ်မှုကဏ္ဍအသီးသီးတွင် အကောင်အထည်ဖော်ပေးနေပြီး အစားအစာထောက်ပံ့မှုကွင်းဆက် ရေရှည်တည်တံ့ရေးကို အကြံပေးနေသူ ဖြစ်သည်။

👩‍💻Su Su Win :Co-Founder, My Nature Produce

ဆရာမက "စိုက်ပျိုးရေး SMEs များအတွက် ခြေရာခံနိုင်မှုစနစ် (Traceability) အကောင်အထည်ဖော်ခြင်း"ခေါင်းစဉ်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆရာမသည် My Nature Produce ၏ Co-Founder တစ်ဦးဖြစ်ပြီး အစားအစာဖူလုံရေး၊ ဘေးကင်းရေးနှင့် ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုဆိုင်ရာများတွင် ဆန်းသစ်တီထွင်မှုများ ဖော်ဆောင်နေသူဖြစ်ပါတယ်။ အစားအစာစနစ်များ ပိုမိုကောင်းမွန်လာစေရန် နည်းပညာနှင့် စီမံခန့်ခွဲမှုပိုင်းကို ပေါင်းစပ်လုပ်ကိုင်နေသူလည်း ဖြစ်ပါသည်။

👩‍💻Pyai Pyai Pwint: Operation Manager, MFVP

ဆရာမက "ခြေရာခံနိုင်မှု နှင့် စျေးကွက်ချိတ်ဆက်မှုများ- နိုင်ငံတကာ တင်ပို့ရေးစျေးကွက်များတွင် ခြေရာခံနိုင်မှု၏ အရေးပါမှုနှင့် လယ်ယာထွက်ကုန်များအတွက် စျေးကွက်၏ မျှော်မှန်းချက်များ"ခေါင်းစဉ်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆရာမသည် ထိုင်းနိုင်ငံ (UTCC) မှ MBA (International Business) ရရှိထားပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ တန်ဖိုးကွင်းဆက်များအတွက် Digital Traceability သုတေသနများ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

လက်ရှိတွင် MFVP ၌ Operation Manager အဖြစ် ဆောင်ရွက်နေပြီး အသေးစားလုပ်ငန်းရှင်များအတွက် ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ချိတ်ဆက်မှု မဟာဗျူဟာများကို ကူညီဖော်ဆောင်ပေးနေသူ ဖြစ်သည်။

👩‍💻Seint Yi Htet :Founder, Global Food Safety Institute

ဆရာမက "အစားအစာဘေးကင်းရေး စီမံခန့်ခွဲမှုစနစ်များနှင့် HACCP စံနှုန်းများကို ချိတ်ဆက်ဆောင်ရွက်ခြင်း"ခေါင်းစဉ်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆရာမသည် Global Food Safety Institute ကိုတည်ထောင်သူတစ်ဦးဖြစ်ပါတယ်။

အစားအသောက်ဘေးကင်းရေးနှင့် ထုတ်ကုန် ဖန်တီးရေးအထူးပြုကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။

ဆရာမသည် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စတင်နိုင်ရန်နှင့် အစားအသောက်ထုတ်ကုန်သစ်များ ဖန်တီးနိုင်ရန် online/onsite သင်ကြားပေးလျှက်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

ထို့အပြင် အရှေ့တောင်အာရှနှင့် အာဖရိကဒေသများရှိ နိုင်ငံတကာ အစားအသောက်ဘေးကင်းရေး လှုပ်ရှားမှုများအပါအဝင် လက်တွေ့ အတွေ့အကြုံနှစ် (၂၀)နီးပါ ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

👩‍💻 Aye Thandar Lwin:Technical Coordinator, EcoCycle Bio Social Enterprise

ဆရာမသည် "ခြေရာခံနိုင်မှုစနစ် (Traceability) အတွက် ဓာတ်ခွဲခန်းအချက်အလက်များက ဘာကြောင့် အရေးကြီးတာလဲ?" ခေါင်းစဉ်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆရာမက ၂၀၁၆ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ B.Ag ကျောင်းဆင်းတစ်ဦးဖြစ်ပါတယ်။

ISO 17025:2017 အသိအမှတ်ပြု လက်မှတ်ရထား‌ေသာ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေး ဓာတ်ခွဲခန်းမှာ Quality Manager အနေနဲ့ လုပ်နေပါတယ်။

ဓာတ်ခွဲခန်းအတွေ့အကြုံ ၁၀ နှစ် ရှိပြီး

လက်ရှိ ပြည်တွင်းပြည်ပ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးကို စစ်ဆေးပေးလျက်ရှိပြီး ဓာတ်ခွဲပညာများလည်း မျှဝေပေးလျက်ရှိပါသည်။

EcoCycle Bio Social Enterprise တွင် Technical Coordinator အဖြစ် ဆောင်ရွက်နေပါတယ်။

🔰သင်တန်းအသေးစိတ်:

📅 ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်မှ (၂၁) ရက်အထိ (၂ ရက်တာ)

🕘 အချိန်: နံနက် ၉:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ

📍 နေရာ: 3ZERO House Myanmar

📍လိပ်စာ: အမှတ် ၁၆၇၊ ၄၇ လမ်း - အထက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

📍တက်ရောက်နိုင်မည့် ပုံစံ: (Hybrid) In-person (or) Online

⚠️ သင်တန်းကာလ (၂) ရက်လုံး အပြည့်အဝ တက်ရောက်နိုင်သူ ဖြစ်ရပါမည်။ သင်တန်းကာလအတွင်း နေ့လယ်စာနှင့် ကော်ဖီ၊ မုန့်တို့ဖြင့် စီစဉ်ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Certificate ပေးအပ်မှာ ဖြစ်ပါသည်။

🔰လျှောက်ထားရန်အချက်အလက်များ

📝 စာရင်းပေးသွင်းရန် Link: https://forms.gle/8N72UGRyPZP4XpWt9

⏳ လျှောက်ထားရန် နောက်ဆုံးရက်: ၁၇. ဧပြီ. ၂၀၂၆ (ည ၁၁:၅၉ နာရီအထိ)

📢 သင်တန်းတက်ရောက်ခွင့် ရရှိသူများကို ၁၈. ဧပြီ. ၂၀၂၆ ရက်နေ့တွင် အီးမေးလ် ဆက်သွယ်ပေးပါမည်။

🔶 သင်တန်းကြေးအခမဲ့ဖြင့် မျှဝေသွားမှာဖြစ်လို့ သင်တန်းရွေးချယ်ခံရပါက မပျက်မကွက်တက်ရောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။

လုံခြုံစိတ်ချရသော အစားအစာစနစ်နှင့် ပိုမိုကောင်းမွန်သော ဈေးကွက်များဆီသို့ အတူတူ လျှောက်လှမ်းနိုင်ဖို့ လျှောက်လွှာကို အခုပဲဖြည့်လိုက်တော့နော်။

[English Content]

🔰 Introducing Our Guest Speakers: Practical Traceability Systems for Food Safety Compliance and Market Access

Drawing on insights gained from the Mekong Institute (MI), MI Alumni EcoCycle Bio and 3ZERO House Myanmar are collaborating to host a 2-day intensive training. This program focuses on practical, simple, and low-cost Traceability (Backward Tracking) methods designed to meet Food Safety requirements and enhance market access.

We are excited to introduce our expert Guest Speakers who will be sharing their professional knowledge during this 2-day session:

Meet Our Guest Speakers

👩‍💻 Ei Khine Wai

Food Safety Consultant, The Compliance

Topic: "Food Safety Traceability: Compliance and Documentation Requirements"

A specialist in Chemical Engineering and Quality Management, she holds a Master’s degree from the National University of Singapore (NUS).

She has extensive experience implementing HACCP, ISO 22000, and FSSC 22000 systems across various manufacturing sectors and advises on sustainable food supply chains.

👩‍💻 Su Su Win

Co-Founder, My Nature Produce

Topic: "Implementing Traceability for Agricultural SMEs"

As a Co-Founder of My Nature Produce, she drives innovation in food security, safety, and supply chain management. She specializes in combining technology with management to improve food systems.

👩‍💻 Pyai Pyai Pwint

Operation Manager, MFVP

Topic: "Traceability and Market Linkages: The Importance of Traceability in International Export Markets and Market Expectations for Agricultural Products"

She holds an MBA in International Business from UTCC (Thailand) and has conducted research on Digital Traceability tools in Cambodia and Vietnam.

Currently the Operation Manager at MFVP, she helps small-scale entrepreneurs develop market access and linkage strategies.

👩‍💻 Seint Yi Htet

Founder, Global Food Safety Institute

Topic: "Food Safety Management Systems and HACCP Alignment"

A specialist in food safety and product development with nearly 20 years of international experience across Southeast Asia and Africa.

She provides both online and onsite training to help businesses launch food production ventures and innovate new products.

👩‍💻 Aye Thandar Lwin

Technical Coordinator, EcoCycle Bio Social Enterprise

Topic: "Why is Laboratory Data Important for Traceability?"

A 2016 B.Ag graduate from Yezin Agricultural University with 10 years of laboratory experience.

She serves as a Quality Manager at an ISO 17025:2017 accredited laboratory and is the Technical Coordinator for EcoCycle Bio.

🔰 Training Details

📅 Date: April 20 – 21, 2026 (2-Day Program)

🕘 Time: 9:00 AM – 4:30 PM (MMT)

📍 Venue: 3ZERO House Myanmar

📍 Address: No. 167, 47th Street (Upper Block), Botahtaung Township, Yangon.

📍 Format: Hybrid (In-person or Online)

Lunch and coffee breaks will be provided for in-person attendees. A Certificate will be awarded upon completion.

🔶 Fee: This training is Free of Charge. If selected, you are required to attend without fail.

🔰 How to Apply

📝 Registration Link: https://forms.gle/8N72UGRyPZP4XpWt9

⏳ Application Deadline: April 17, 2026 (by 11:59 PM)

📢 Notification: Selected participants will be contacted via email on April 18, 2026.

Apply now to take the next step toward safer food systems and better market opportunities!

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon