One Click AI Online Class Myanmar
...
01/08/2023
•••သင်အဆင်ပြေနေရင်
သင့်အကြောင်း အကောင်းပြောမယ်သင်အဆင်မပြေရင် သင့်အကြောင်းမကောင်းပြောကြမယ် ဒါကလောကသဘာဝပါပဲ။
•••သင်နဲ့ အဆင်ပြေတဲ့အချိန်တော့
စကားတွေက ချိုသာပြီးသင်နဲ့ အဆင်မပြေတော့တဲ့အခါစကားတွေက ခါးသွားကြလိမ့်မယ်။
•••ချီးမွမ်းခြင်းမှာလည်း မပျော်မွေ့နဲ့ကဲ့ရဲ့ခြင်းမှာလဲ စိတ်မထိခိုက်နဲ့သင်ဘယ်လောက် ကောင်းအောင်နေနေသင့်ကို မကြိုက်တဲ့သူကတော့သင့်ကို မကောင်းပြောမှာပဲလေလူတိုင်းကြိုက်အောင်နေပြဖို့မလိုဘူး။
လူတိုင်းအပေါ် ကိုယ်ချင်းစာစိတ် ထားတတ်ဖို့ပဲလိုပါတယ်။
•••ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီးဂရုမစိုက်မိစေနဲ့။သင်အဆင်ပြေနေရင် သာ မလိုကြ တာ
သင်အဆင်မပြေရင် ကြိတ်ဝမ်းသာနေတတ်တာမျိုး။
#မင်းသားကြီး
31/07/2023
ခွင့်လွှတ် မှုနဲ့ မထိုက်တန်တဲ့ သူတွေ သိပ်များတယ် 😀
#မင်းသားကြီး
07/07/2023
” အချစ်ဆိုတာ ဘဝမဟုတ်သလို
ဘဝဆိုတာလည်း အချစ်မဟုတ်ပါ”
_______________________
အချစ်ကို ဗန်းပြပြီးကလေးဆန်ရမယ့် အရွယ်လဲမဟုတ်တော့ပါဘူး
ဘဝဆိုတာကိုလဲ ကလေးဆန်ဆန်အတွေးတွေနဲ့ ဖြတ်သန်းနေသ၍တိုးတက်လာမှာ မဟုတ်ပါဘူးအချစ်နဲ့ ဘဝ ဘာကို ရှေ့တန်းတင်မလဲပေါ့
အချစ်နဲ့ဘဝထပ်တူညီဖို့ဆိုတာကလဲအင်မတန်ကို ခက်ခဲလွန်းလှပါတယ်တစ်ခုခုကိုရှေ့တန်းတင်မိရင်တစ်ခုခုတော့ နောက်ကျကျန်နေမှာအမှန်ပါပဲ
ဒါပေမယ့်ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ဘဝပါပဲ
ဘဝကို အရင်လှအောင် လုပ်မလား?အချစ်ကို အရင် ဦးညွှတ်မလား?ဆိုတာကိုတော့ ကိုယ့်ရဲ့ ရွေးချယ်နိုင်တဲ့အပေါ် မူတည်ပြီး ခံစား စံစားကြရမှာပါပဲ
ထမင်းရည်အပူ အတူသောက်ပြီးတဲအိုပျက်မှာ နေရ နေရဆိုတဲ့စကားကတစ်ကယ့်အပြင်လူ့ဘဝမှာ လွယ်ကူတာမှမဟုတ်ပဲ
တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီအများသူငါလို စားချင် သောက်ချင်ဝတ်ချင်လှချင် အရာရာကိုထိတွေ့ကိုင်တွယ်မက်မောချင်နေကြတာလဲ သဘာဝပါပဲ
မိုးမမြင်လေမမြင် ချစ်စခင်စကြင်နာစတုန်းကတော့ သူ့မျက်နှာလေးမြင်နေရရင်ကို ဗိုက်ပြည့်သွားသလိုလိုအရာရာပြည့်စုံသွားသလိုလိုနဲ့ပါပဲ
တစ်ကယ့် တစ်ကယ်အဆင်မပြေမှုတွေနဲ့လဲ ကြုံရောသူ့မျက်နှာလေးလဲ တစိမ့်စိမ့်ထိုင်ပြီးမငေးနိုင် မကြည့်နိုင်တော့ဘူးထမင်းရည်ပူ အတူမသောက်နိုင်တော့သလို တဲအိုပျက်မှာလဲ
မနေနိုင်ကြတော့ပါဘူး
အချစ်ကိုရှေ့တန်းတင်မိလို့နစ်မွန်းသွားတဲ့ဘဝတွေရှိသလိုဖြစ်ထွန်းသွားတာတွေလဲ ရှိပါတယ်
အဆင်မပြေမှုတွေကြားထဲ နားလည်မှုရှိရှိလက်တွဲသွားကြတဲ့သူတွေကတော့တိုးတက်လာနိုင်ပါတယ်ရှားတော့ ရှားတာပေါ့လေ
ဘဝကိုရှေ့တန်းတင်မိပြန်ရင်လဲအချစ်ဆိုတာကို မေ့နေတတ်ကြပါတယ်ခေါင်းထဲမှာ ကိန်းဂဏန်းတွေပဲရှိပြီးခုန်နေတဲ့ နှလုံးကလဲသွေးလေလည်ပတ်မှု တစ်ခုထဲအတွက်ပဲဖြစ်နေတတ်ပါတယ်
ဒါပေမယ့် ဘဝကိုသာအရင်လှအောင်လုပ်ကြည့်ပါအချစ်ဆိုတဲ့အရာ ဘယ်ကနေဝင်မှန်းမသိကို ဝင်လာပါလိမ့်မယ်
အဲ့ဒီတော့ဘာကို အရင်ရှေ့တန်းတင်မလဲဆိုတာကိုတော့ သေချာလေးစဉ်းစားဆုံးဖြတ်ပါ သူငယ်ချင်းအချစ်က ဘဝမဟုတ်သလိုဘဝဆိုတာကလဲ အချစ်မရှိလို့ မပြည့်စုံနိုင်ပါဘူး
Rose🌹
Click here to claim your Sponsored Listing.