DM Sensor

DM Sensor

Share

မိသားစုတိုင်းအတွက် စိတ်အေးရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု DM Concept

20/04/2026

သင့်ထမင်းဝိုင်းကနေ စတင်ရမယ့် သွေးတိုး၊ ဆီးချို ကာကွယ်နည်း

မြန်မာနိုင်ငံမှာ သွေးတိုးနဲ့ ဆီးချိုရောဂါဟာ အသက်ကြီးတဲ့သူတွေမှာပဲ ဖြစ်တတ်တဲ့ ရောဂါမျိုး မဟုတ်တော့ဘဲ အသက် (၃၀) ဝန်းကျင် လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားထဲမှာပါ စိုးရိမ်စရာကောင်းလောက်အောင် အဖြစ်များလာနေပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေဖြစ်တဲ့ အစားအသောက် အဆင်မပြေမှု၊ အလုပ်ခွင်ထဲက စိတ်ဖိစီးမှုတွေနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာတာတွေဟာ ဒီရောဂါတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။

တကယ်တော့ သွေးတိုးနဲ့ ဆီးချိုဆိုတာ ရောဂါဖြစ်လာမှ ဆေးသောက်ပြီး ကုသရတာထက်၊ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ နေ့စဉ်စားသောက်နေထိုင်မှု အမူအကျင့်လေးတွေကို နည်းနည်းလေး ပြောင်းလဲလိုက်ရုံနဲ့တင် ရောဂါဘယကင်းဝေးပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ အခုပြောပြမယ့် နည်းလမ်းကောင်းလေးတွေကို သေချာဖတ်ကြည့်ပြီး လိုက်နာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်

⚠️ ၁။ "အငန်" လျှော့စားပါ။

ကျွန်တော်တို့ မြန်မာထမင်းဝိုင်းမှာ ငါးပိရည်၊ ငံပြာရည်နဲ့ အချိုမှုန့်ဆိုတာ "မပါမဖြစ်" လို ဖြစ်နေပါပြီ။ ဒီအရသာနောက်မှာ ပါလာတဲ့ ဘေးထွက်ဆိုးကျိုးကတော့ မသေးလှပါဘူး။ ဆားတွေ အစားများတဲ့အခါ သွေးကြောတွေက ကျုံ့လာ၊ တင်းလာပြီး သွေးတိုးရောဂါကို တိုက်ရိုက်ဖိတ်ခေါ်လိုက်သလို ဖြစ်စေပါတယ်။ ဟင်းချက်ရင် ဆားကို "အရသာရှိရုံ" ပဲ ခတ်ပါ။ ငါးပိရည်ကို အားပါးတရ သောက်မယ့်အစား တို့စရာလေးနဲ့ "တို့ရုံ" ပဲ စားပေးတာက သင့်ကျန်းမာရေးအတွက် အများကြီး ပိုဘေးကင်းစေပါတယ်။

⚠️ ၂။ "ဆီပြန်ဟင်း" တွေလျှော့စားပါ။

"ဆီမပါရင် ဟင်းမမြိန်ဘူး" ဆိုတဲ့ အစွဲက မြန်မာပြည်သားတော်တော်များများရဲ့ သွေးကြောတွေကို ပိတ်ဆို့စေတဲ့ အဓိကတရားခံပါ။ အထူးသဖြင့် ဆီခဲတွေ၊ ပြန်ကြော်ဆီတွေဟာ သွေးကြောနံရံမှာ အဆီခဲတွေအဖြစ် ကပ်ငြိသွားပြီး သွေးတိုးနဲ့ နှလုံးရောဂါကို ဖြစ်စေတာပါ။ တစ်ပတ်မှာ အနည်းဆုံး (၃) ရက်လောက်တော့ ဆီပြန်ဟင်းတွေမစားပါနဲ့။ အသား/ငါး အပြုတ်၊ အသုတ် ဒါမှမဟုတ် ပူပူစပ်စပ် ဟင်းခါးလေးတွေနဲ့ အစားထိုးကြည့်ရင် ခန္ဓာကိုယ်က ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။

⚠️ ၃။ "ထမင်းဖြူ" ဆိုတာ သကြားခဲတွေလိုပါပဲ။

ကျွန်တော်တို့က ဟင်းနည်းနည်း ထမင်းများများ စားတတ်တဲ့ သူမျိုးတွေပါ။ ထမင်းဖြူအများကြီး စားတာက ဆီးချိုဆီကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ။ ထမင်းဖြူမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်ထဲရောက်တာနဲ့ "သကြားဓာတ်" အဖြစ် တိုက်ရိုက်ပြောင်းလဲသွားပါတယ်။ ဒါက ဆီးချိုဖြစ်စေတဲ့ အဓိက လက်သည်ပါပဲ။ ထမင်းပမာဏကို လျှော့ပြီး ဟင်းသီးဟင်းရွက်နဲ့ အသားကို ပိုစားပါ။ ဖြစ်နိုင်ရင် ထမင်းဖြူထဲကို ဆန်လုံးညို (သို့) ကောက်ညှင်းငချိတ် နည်းနည်းရောချက်စားတာက သကြားဓာတ်တက်တာကို အများကြီး ထိန်းပေးနိုင်ပါတယ်။

⚠️ ၄။ အချိုရည်ဆိုတာ "သကြားရည်" တွေပါ။

လက်ဖက်ရည်ဆိုင်မှာ အချိုကဲတာတွေ အမြဲမှာသောက်တာ၊ အသင့်သောက် အချိုရည်ဘူးတွေကို ရေလိုသောက်နေတာဟာ ဆီးချိုရောဂါကို ဖြတ်လမ်းကနေ သွားနေတာပါ။ သကြားဓာတ်လွန်ကဲမှုဟာ ကိုယ်တွင်းအင်္ဂါတွေကို ရောင်ရမ်းစေပြီး အင်ဆူလင် (Insulin) ထုတ်လုပ်မှုကို ကမောက်ကမ ဖြစ်စေပါတယ်။ ရေကို တစ်နေ့ (၃) လီတာခန့် ပြည့်အောင် သောက်ပါ။

⚠️ ၅။ "အထိုင်များ" တာသတိထားပါ။

အလုပ်တွေ ဘယ်လောက်များများ ကိုယ်လက်လှုပ်ရှားမှုမရှိရင် ခန္ဓာကိုယ်က သကြားဓာတ်နဲ့ အဆီတွေကို မလောင်ကျွမ်းနိုင်တော့ဘဲ သွေးထဲမှာ ပိုလျှံလာပါတော့တယ်။တစ်နေ့ကို (၁၅ မိနစ် ကနေ ၃၀ မိနစ်) လောက် ချွေးထွက်အောင် လမ်းလျှောက်ပါ။ ဖုန်းပြောနေရင်း လမ်းလျှောက်တာမျိုး၊ ဓာတ်လှေကားအစား လှေကားကို သုံးတာမျိုးက ရိုးရှင်းပေမဲ့ ရောဂါကာကွယ်ဖို့ အင်မတန် ထိရောက်ပါတယ်။

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့အတိုင်း ကိုယ်ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် အခုပြောပြခဲ့တဲ့ အချက်လေးတွေကို ဒီနေ့ကစပြီး လက်တွေ့ကျကျ ပြောင်းလဲနေထိုင်သွားဖို့ တိုက်တွန်းချင်ပါတယ်။ ရောဂါဖြစ်မှ ကုသတာထက် မဖြစ်ခင်ကတည်းက မိမိရဲ့ Lifestyle ကို ပြုပြင်ပြီး ကာကွယ်ခြင်းကသာ အသက်ရှည်ကျန်းမာစွာနဲ့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေကို စောင့်ရှောက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

#ဆီးချို

11/04/2026

"ဟောင်းနွမ်းခဲ့တဲ့ အညစ်အကြေးတွေအားလုံးကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ရင်း...
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်အေးချမ်းပါစေ။
ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေလို့
"မဟာလောက" ကုမ္ပဏီမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"

#သင်္ကြန် #မဟာလောက #သင်္ကြန်ဆုတောင်း

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 6, Moe Ma Kha Street, Malikha Housing, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00