Swel's Blog
Swel'Blog: Life style/ Education/ Health/ Motivation/ delicious food share to all Personal Blog/ Life Style
14/10/2020
#သူတို့ကိူလဲနေရာပေးလိုက်ပါ
တစ်ချို့ဆယ်ကျော်သက်လေးတွေ (၈တန်း ၉တန်းလောက်ကို ကျွန်မဆိုလိုပါသည်) လူကြီးတွေထက်ပိုပြီး Brain Strong ဖြစ်ကြတယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးချင်စိတ် ရှိကြတယ်။ သူတို့အတွက် သိပ်ဂုဏ်ယူတယ်။ တစ်ခါတစ်လေ လူကြီးတွေက ဗျာများပြီး စဥ်းစားလိူ့မရတဲ့အချက်လေးတွေ သူတို့ဆီက ရတတ်ကြတယ်။ သူတို့မှာတစ်ချို့က တည့်မတ်ပေးကြရတဲ့လူငယ်လေးတွေရှိသလို တစ်ချို့ကတော့ ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ တစ်လမ်းတည်းသွားနေတတ်ကြတယ်။
တစ်လမ်းတည်းသွားနေတဲ့ ကလေးတွေကျတော့ အားလုံးနဲ့ကွဲထွက်နေတာဖြစ်တဲ့အတွက် သူတို့ကို ထိန်းချုပ်ထားတာမျိုးက သိပ်အဆင်ပြေမနေဘူး။ အဲ့လိုလူငယ်တွေက ပိူထက်မြက်တယ်။ နောက်ပြီး သူတို့လိုလူတွေက ဘယ်အရာမဆို စူးစမ်းချင်ကြတယ်။ တစ်ခုခုဆို ကိုယ်တိုင်လုပ်ပြီး စူးစမ်းလိုက်ရမှ ကျေနပ်သူတွေပေါ့။
လူကြီးတွေကကျတော့လဲ လူငယ်တွေကို မှားမှာစိုးတယ်။ အမှန်ကိုပဲ ပိူ့ပေးချင်တယ်။ လူငယ်ကတော့ စူးစမ်းရမှကျေနပ်တယ်။ အဲ့မှာ လူကြီးလူငယ် အဆင်မပြေတာလေးတွေ စတော့တာပဲ။ "အမှန်ဆိုတာ အမှားတွေအများကြီးလုပ်ပြီးမှ ရလာတာ လိူ့" စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ "မလုပ်ရဘူး" လိူ့ ထိန်းချုပ်လိုက်တာထက်စာရင် အမှားလေးတွေကနေ အမှန်လေးတွေမြင်တတ်အောင် ဖေးမပေးလိုက်တာက ပို့ပီးတော့ သူတို့စိတ်လေးတွေကို ခိုင်မာရင့်သန်စေတယ်။
လူငယ်တွေကို နေရာပေးကြည့်ပါ။ အရာရာ သူတို့လေးတွေနဲ့ ညှိယူကြည့်ပါ။ အပေါ်မှာ ပြောခဲ့သလိုပေါ့...............သူတို့ဆီကလဲ အကြံညာဏ်ကောင်းတွေ ရနိုင်ပါတယ်။ "လူကြီးတွေလုပ်နေတာ / လူကြီးတွေပြောနေတာ ကလေး ကလေးလိူနေ" ဆိုတဲ့ ခေတ်ဟောင်းအတွေးအခေါ်တွေပစ်ပြီး သူတို့လေးတွေကို နေရာပေးဆက်ဆံကြည့်ပါ။
(ကျွန်မ ဒီစာလေးကိူရေးတာ အဖြစ်အပျက်လေးတစ်ခုကို သတိရသွားလိူ့ Sharing လုပ်ပေးခြင်းပါ။ ကလေးပြုစုပျိုးထောင်ရေးစာသားများ မဟုတ်ရပါ။ သိရှိပြီးသောသူများ ကျော်သွားနိုင်ပါတယ်ရှင်)
27/09/2020
လွတ်လပ်ခွင့်ပေးလိုက်ပါ 💙
မချုပ်ချယ်ပါနဲ့ ❌
လွတ်လပ်ခွင့်ပေးလိုက်ပါ။ ယောကျာ်းတစ်ယောက်ကို လိုတာထက်ပိုပြီး မချုပ်ချယ်ပါနဲ့။ လူတွေက ကိုယ့်ကိုချုပ်ချယ်တာကိုတော့ သိပ်မုန်းတတ်ကြတယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်ကတော့ ကိုယ်ချစ်တဲ့သူတွေကို ချုပ်ချယ်မှန်းမသိ ချုပ်ချယ်မိနေတယ်ဆိုတာကိုတော့ ဘယ်သူမှသတိမထားမိကြပါဘူး။
မိန်းကလေးနဲ့ယောက်ျားလေးယှဉ်ရင် ယောက်ျားလေးတွေက လွတ်လပ်မှုကိုမရရင် ပိုလွတ်ထွက်လွယ်တယ်။ သူတို့လုပ်ချင်တာ (၁၀)ခုမှာ (၄)ခုလောက်တော့ ပေးလုပ်လိုက်ပါ။ သူတို့လဲ လွတ်လပ်ချင်ကြမှာပေါ့။ သမီးရည်းစားဖြစ်တိုင်း ကိုယ့်ချစ်သူရဲ့ အချိန်အားလုံးကို ကိုယ်ပိုင်ဆိုင်တာ မဟုတ်ဘူးလေနော်။
"ယောက်ျားလေးဆိုတာ ဘီယာသောက်တတ်တယ်။ ဆေးလိပ်သောက်တတ်တယ်။ ကွမ်းစားတတ်တယ်။ မိန်းမရှုပ်တတ်တယ်။ လောင်းကစား လုပ်တတ်တယ်။" အဲ့ဒါတွေ တစ်ခုမှမလုပ်တတ်ဘူးဆိုရင် ယောကျ်ားမဟုတ်ဘူး လိူ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ အားလုံးက တစ်ခါတစ်လေမှ လုပ်တတ်တာနဲ့ အမြဲလုပ်တတ်တာပဲ ကွာကြတယ်။
တစ်ကယ်တော့ ယောက်ျားလေးတိုင်း လွတ်လပ်မှုကို လိုလားကြတယ်။ အရာအားလုံးဘာမှကို ပေးမလုပ်ပဲ ချုပ်ချယ်နေမယ်ဆိုရင် လွတ်ထွက်သွားတတ်တယ်။ ကိုယ့်ချစ်သူကို တရားမျှတစွာ ချစ်ပါ။ လူတန်းစေ့ ပေါင်းသင်းဆက်ဆံတတ်အောင် လွတ်လပ်မှုတစ်ခုကို ပေးလိုက်ပါ။ ဉာဏ်နဲ့ယှဉ်ပြီးတော့ လွတ်လပ်မှု ဆိုတာကို ပေးတတ်ပါစေ။
Relationship တိုင်း "ချုပ်ချယ်မှု"ဆိုတဲ့ ဘောင်တစ်ခုအတွင်းကနေ လွတ်မြောက်ပြီး သာယာပျော်ရွှင်သော နေ့ရက်များစွာကို ဆက်လက်ဖန်တီးနိုင်ပါစေ။
26/09/2020
Diary ရေးကြည့်ပါ.....📔🖊️
Diary ဆိုတာဘာလဲ .........
Diary ဆိုတဲ့အသုံးအနှုန်းက diarium က ဆင်းသက်လာတယ်လိူ့ စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ်။ အဲ့အသုံးအနှုန်းကို ၁၆၀၀ ခုနှစ်လောက်မှာ စတင်အသုံးပြုခဲ့တာလဲဖြစ်တယ်။
Diary ဆိုတာ မိမိဘဝရဲ့ နေ့စဥ်ဖြစ်ပျက်သမျှအကြောင်းအရာတွေကို ရေးမှတ်ရတဲ့ မှတ်တမ်းတစ်ခုဖြစ်တယ်။ Diary ထဲမှာက ကိုယ့်ရဲ့တစ်နေ့တာ အဖြစ်အပျက်တွေ စိတ်ကူးတွေ အိမ်မက်တွေကို အကုန်ရင်ဖွင့်ရေးချလိူ့ရတယ်။ တစ်ခြားသူတွေကို ပြောလိူ့မရလိူ့ မြိုသိပ်ထားရတာတွေ ကိုယ့်ရဲ့ ဝမ်းနည်းမှု နာကျည်းမှုဆိုတဲ့ ရှိရှိသမျှခံစားချက်တွေကို အားမနာတမ်းရင်ဖွင့်ရေးချလို့ရတဲ့ ကမ္ဘာတစ်ခုဆိူလဲမှန်တယ်။
ပထမဆုံးစရေးတဲ့သူအဖို့တော့ နည်းနည်းအဆင်မပြေဖြစ်လောက်ပေမယ့် ကြာလာတဲ့အခါ စွဲစွဲမြဲမြဲ အချိန်မှန်လုပ်တတ်လာမယ်။ ကြာတဲ့အခါ စာအရေးအသားလည်း ပြေပြစ်လာလိမ့်မယ်။ ခံစားချက်တွေကို ရေးချလိုက်တဲ့အခါ ဒေါသတွေမရှိတော့ပဲ စိတ်တွေပေါ့ပါးသွားလိမ့်မယ်။
အချိန်တွေကြာလိူ့ ပြန်ကြည့်တဲ့အခါမှာလည်း အမှတ်တရတွေအဖြစ် ကျန်ရစ်နိုင်တယ်ဆိုတော့ Diary လေး စမ်းရေးကြည့်ကြရအောင်နော် ။
Click here to claim your Sponsored Listing.