GSLA - Good Shepherd Learning Academy
အင်္ဂလိပ်၊ မြန််မာစာအတန်း၊ အခြေခံပန်းချီ အတန်း၊
Study Guideအတန်း များ တက်ရောက်နိုင်ပါပြီ
☎️09 954 279 017 / 09 980 790 170
26/10/2025
📚✨ ဒီနေ့ အတန်းအပ်ရင် တစ်ပြိုင်တည်း Young Learners English Classes ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။
သားသားမီးမီးလေးတွေက ပျော်ရွှင်စွာ အတန်းတက်ရောက်နေတာကို မြင်ရတာ ပျော်ရွှင်မိပါတယ်။ 💕
မိဘများအနေနဲ့လည်း သားသမီးလေးတွေရဲ့ ဘာသာစကားလေ့လာမှုခရီး ကို ဆက်လက်ပံ့ပိုးပေးကြပါစို့နော်။ 🌈
Our Young Learners English Classes have officially started today! 🎉
We’re so happy to see our little learners join with excitement and big smiles. 😊💛
Let’s keep supporting our children on their language learning journey — every word they learn brings them one step closer to confidence and success! 🌟
#
📌မိမိတို့ ရင်သွေးလေးကို (၃) လအတွင်း English Skills တွေတိုးတက်လာစေလိုပါသလား ??
📌ကျောင်းစာတွေကို လေ့လာတဲ့အခါ ၊ သင်ယူတဲ့အခါ အာရုံစူးစိုက်မှုအားကောင်းစေလိုပါသလား ??
🌿ဒါဆိုရင်တော့ မကြာခင်မှာ GSP - Good Shepherd Preschool & Learning Academy က ဖွင့်လှစ်တော့မယ့် 👇🏽👇🏽
🎨ပန်းချီအခြေခံရေးဆွဲနည်း အတန်းလေးနဲ့ 🎨
👩🏽🏫Young Learners English class လေး တွေနဲ့ မိတ်ဆက်ပေးပါရစေ။
🌿YLE ဆိုတာကတော့ ကလေးတို့အတွက် English စာကိုလေ့လာရာမှာ ရှင်းလင်းလွယ်ကူစေရန် ၊ English ကို ခက်ခဲတဲ့ဘာသာရပ်အဖြစ် မမြင်တော့ဘဲ စိတ်ပါဝင်စားပြီး ပျော်ရွှင်စွာ သင်ယူနိုင်စေရန်၊ သင်တန်းပြီးသွားတဲ့အခါ ကိုယ်တိုင် လေ့လာတတ်စေရန်အတွက် ရည်ရွယ်ပြီး ထိရောက်မှုရှိစေမယ့် သင်ခန်းစာများဖြင့် သင်ကြားပေးမယ့် အတန်းလေးပဲဖြစ်ပါတယ်။
🌿ကလေးတို့ အသက် ၄ နှစ်မှ ၁၄ နှစ်အထိ တက်ရောက်နိုင်ပြီး အသက်အလိုက် ၊ ကလေးရဲ့ English Level အလိုက် မတူညီတဲ့ သင်ကြားမှုပုံစံလေးတွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်။
🧸 အသက် 4-6 (မူကြို- KG အရွယ်) ကလေးများအတွက်
English Language ကို ရှင်းလင်းစွာပြောနိုင်လာစေရန် ၊ လွယ်ကူသော စကားလုံးများနှင့် စကားစုတိုများကို သုံးနိုင်လာစေရန် အတွက် သင့်တော်ရာ သင်ရိုးညွှန်းတမ်းစာမုပ်များ ၊ Activity များ ၊ သင်ထောက်ကူများ ၊ Audio File များကို အသုံးပြုကာ ထိရောက်မှုရှိအောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🧒 အသက် 6 နှစ်မှ 8 နှစ် အရွယ်ကလေးများ ၊ အတန်းအားဖြင့် (မူလတန်း G -1 မှ G-3 ) Class လေးကိုတော့ ရှင်းလင်း လွယ်ကူသောစာကြောင်းများ ၊ ဝါကျတိုများသုံးကာ ဆွေးနွေး လေ့ကျင့် ပေးခြင်းဖြင့် English လိုပြောဆိုနိုင်လာ စေရန် ယုံကြည်မှုတည်ဆောက်ပေးကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
👩🏽🦱သင်ကြား ပေးမည့် ပုံစံကတော့ အပြန်အလှန် စကားပြောလေ့ကျင့် ပေးခြင်း ၊ နေ့စဉ်သုံး စကားလုံး ဝါကျများမှ စတင်ကာ English လိုရဲဝံ့စွာပြောနိုင်အောင် သင်ကြားပေးခြင်း ၊ ကလေးရဲ့ အသက်အလိုက်ထိရောက်မှုရှိစေမည့်သင်ရိုးစာအုပ် ၊ သင်ထောက်ကူများ ၊ Activity များ ၊ Game ကစားနည်းများအသုံးပြုကာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🧑🎓 အသက် (၈) နှစ်မှ မှ (၁၄) အတန်းအားဖြင့် (မူလတန်း G4 မှ G6အထိ ) ကိုတော့ မိမိတို့ စိတ်ကူးများကို ဖော်ပြတတ်စေရန် နေ့စဉ်ဘဝအကြောင်း ဆွေးနွေးပေးပြီး English လိုပြောဆိုရာမှာ Grammar ကို မှန်မှန်ကန်ကန်အသုံးချတတ်စေရန် အတွက် ရည်ရွယ်ကာ လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကလေးတို့အတွက် အသက်အလိုက် သင့်တော်မှုရှိစေဖို့ သေချာစိစစ်ရွေးချယ်ထားသော သင်ရိုးညွှန်းတမ်းစာအုပ်များကို အခြေခံကာ ၊ Game ကစားနည်းများ Viedo/short stories များအသုံးပြုထားတာဖြစ်လို့ ကလေးတို့အနေနဲ့ စာသင်ရတယ်လို့မခံစားရဘဲ တိုးတက်မှုကိုခံစားရမှာပါရှင့်။
🎨ပန်းချီ သင်တန်းလေးကတော့ အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ်ကလေးတို့အတွက် ဖွင့်လှစ်တဲ့ သင်တန်းလေးဖြစ်ပြီး သင်တန်းလေးကို တက်ရောက်စေခြင်းဖြင့် ⬇️⬇️
-ကလေးများ၏ ဖန်တီးမှုစွမ်းရည်များ တိုးတက်စေခြင်း
- အရောင်အသုံးပြုစွမ်းရည်များ တိုးတက်လာစေခြင်း
- စိတ်ကူးယဉ်စွမ်းအား တိုးတက်လာစေခြင်း
- စိတ်အားငယ်မှု၊ စိတ်ဖိစီးမှုများ လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်ရှင့်။
👩🎨ဒါ့အပြင် ⬇️⬇️
- အခြေခံ ပန်းချီနည်းစနစ်များ
- အရောင်ပေါင်းစပ်နည်းများ
- ပန်းချီပစ္စည်းအသုံးပြုပုံ
- ဖန်တီးမှုစွမ်းအားများ
- ကိုယ်ပိုင်ပန်းချီလက်ရာများ ဖန်တီးခြင်းများကိုပါသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။
ဒါကြောင့် မိမိတို့ ရင်သွေးလေးကို English Skills တွေ မြှင့်တင်လိုတာဖြစ် စေ၊ အာရုံစူးစိုက်မှုအားကောင်းပြီး သင်ယူသမျှကို မှတ်မိစေလွယ်စေရန်ဖြစ်စေ GSP - Good Shepherd Preschool & Learning Academy က ဖွင့်လှစ်တဲ့ YLE အတန်းလေးနဲ့ ပန်းချီအတန်းလေးတွေကို ဆက်သွယ်အပ်နှံဖို့ ဖိတ်ခေါ်ပါရစေရှင့်။
📅သင်တန်းကာလ
၂၆.၁၀.၂၀၂၅ကနေ ၂၅.၁.၂၀၂၆ အထိ
(၃ လတာ)
⏰ သင်တန်းအချိန်
စနေနေ့၊ တနင်္ဂနွေ့နေ့
👩🏽🏫သင်ကြားမှုပုံစံ
Fun and Learn styles
💸သင်တန်းကြေး
🎨ပန်းချီ ➡️ စာအုပ် စာတမ်းအပြီးအစီး ၂၀၀,၀၀၀ကျပ်
👩🏽🏫YLE ➡️စာအုပ် စာတမ်းအပြီးအစီး ၂၀၀,၀၀၀ကျပ်
ကျောင်းလိပ်စာ
အမှတ် ၁၉၊စံပယ်လမ်းမ(စံပယ် ၆ လမ်းအနီး)
ဌရပ်ကွက်၊မြောက်ဥက္ကလာပမြို့။
☎️09954279017 / 09980790170
03/08/2025
မြောက်ဥက္ကလာပမှာ တည်ရှိတဲ့ Good Shepherd Preschool နှင့် လက်တွဲလုပ်ကိုင်ရန်⬇️⬇️
#သန့်ရှင်းရေးဝန်ထမ်း (၁) ဦး ခန့်အပ်လိုပါတယ်ရှင်။
💥လိုအပ်တဲ့သတ်မှတ်ချက်ကလေးတွေကတော့
📌မိမိတာဝန်ယူထားသည့် သန့်ရှင်းရေးကိစ္စများ ကိုစနစ်တကျ လုပ်ကိုင်တတ်ရမည်။
📌အသက် ၂၀ မှ ၄၀ အတွင်း ဖြစ်ရမည်။
📌မူကြိုကျောင်းဖြစ်သည့်အတွက် ကလေးများကို ချစ်တတ်ပြီး စိတ်ရှည်ရမည်။
📌အသင်းအဖွဲ့နှင့် လိုက်လျောညီထွေဆောင်ရွက်တက်မှု ရှိရမည်။
📌 မြောက်ဥက္ကလာပအတွင်းနေထိုင်သူဖြစ်ပါက ဦးစားပေးခန့်အပ်သွားပါမည်။
စိတ်ဝင်စားလို့လျှောက်ထားလိုပါက အောက်ပါလိပ်စာ၊ ဖုန်းနံပါတ် သို့ဖြစ်စေ ၊ page messenger သို့ဖြစ်စေလာရောက်လျှောက်ထားနိုင်ပါတယ်ရှင့်။
ကျောင်းလိပ်စာ
အမှတ် ၁၉၊စံပယ်လမ်းမ(စံပယ် ၆ လမ်းအနီး)
ဌရပ်ကွက်၊မြောက်ဥက္ကလာပမြို့။
☎️09954279017 / 09980790170
#အလုပ်ခေါ်စာ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 12:00 - 20:00 |