KM
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KM, Myitkyina.
18/05/2020
အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊
ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ရှင့် ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ်ရှင့် 💁♀️
ပထမဆုံးပြောမယ်ခလုတ်လေး က ❤️On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါရှင့် ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်
နောက်တစ်ခုက ✳️Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ်ရှင့် အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်
ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
🔸Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်
ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်ရှင့်
တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။
စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။
နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်ရှင့်
🔸Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်
🔴တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။
✳️Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။
✳️Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။
✳️Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။
✳️Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။ Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။
အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ✳️ Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ ” တီ” ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်
Credit to Myanmar Click
Click here to claim your Sponsored Listing.