Eros
photographer
01/01/2023
နှစ်သစ်ဆုတောင်း🙏
ဆင်းရဲသည် ဖြစ်စေဖြစ်စေ
ချမ်းသာသည်
နှလုံးသား ဖြူ စင်တဲ့ သူတွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ...။
ပညာတတ်သည် ဖြစ်စေ
စာမတတ်သည် ဖြစ်စေ
ကိုယ်ချင်းစာ တတ်သူတွေကြောင့်
ကမ္ဘာ မြေကြီး သာယာနိုင်ပါစေ... ။
ရုပ်ချောသည် ဖြစ်စေ
ရုပ်ဆိုးသည် ဖြစ်စေ
စိတ်ထား မြတ်သူတေွကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ... ။
အဆင်ပြေသည် ဖြစ်စေ
အဆင် မပြေသည် ဖြစ်စေ
ရိုးသားစွာ ပေးဆပ်သူ တွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ
အသားဖြူ သည် ဖြစ်စေ
အသားမဲသည် ဖြစ်စေ
မခွဲခြားဘဲ ဆက်ဆံတတ်သူ တွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ
ဆာလောင်နေသူကို ဖြစ်စေ
ငိုရှိုက်သံကြားက အရိပ်မဲ့နေသူကို ဖြစ်စေ
ဂရုဏာနဲ့ ကူညီနေသူတွေကြောင့်
ကမ္ဘာ မြေကြီး သာယာနိုင်ပါစေ
ဆပ်နိုင်သည် ဖြစ်စေ
မတတ်နိုင်သည် ဖြစ်စေ
ကျေးဇူးတရားကို
မမေ့တတ်သူတွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ
အရှုံး အမြတ်ကို တစ်စက်မှ မကြည့်သူ
မေတ္တာတရားကို ဝေငှ ပေးရဲသူ
လူသားဆန်တဲ့ သူတွေကြောင့်
ကမ္ဘာမြေကြီး ငြိမ်းချမ်း နိုင်ပါစေ...
ကြောက်နေလည်း
ရှေ့ဆက်တိုးမိတာ
ချစ်ခြင်းမေတ္တာမှာပဲရှိတာပါ...
တစ်ရက်လေးပဲ ပိုပြီး
အတူရှိရ ရှိရ ဆိုပြီးတော့လေ...
11::11PM
25/6/2K22
သတိရခြင်းတောင်
ကိုယ့်အနားက လစ်ရင်လစ်သလို
ထွက်ထွက်ပြေးနေတာ...
မင်းကို ပိုင်ဆိုင်ဖို့
ယုံကြည်ချက်ရှိတယ်ဆိုတာ
အဲ့ဒါ ကိုယ်ညာတာပါကွာ...
11:11PM
24/6/2K22
Click here to claim your Sponsored Listing.