TMK Language Classes
Teaching is continuous learning plus sharing. ��
16/04/2022
ဒီနေ့အတွက် စာရေးသူလေ့လာမိတဲ့ ဆိုရိုးစကား (Saying) လေး တစ်ခုကို ဝေမျှပေးချင်ပါတယ်။ 🤗🤗
စာရေးသူတို့ ငယ်စဥ်ထဲက မိဘတွေ အမြဲဆုံးမခဲ့တာလေးရှိပါတယ်။ 👼👼👼
"ဘယ်အခြေအနေပဲ ရောက်ရောက် မာန မကြီးပါနဲ့။"
"စိတ်ထား (မာန) ကြီးသူကို လောကကြီးက ဒဏ်ခတ်တတ်တယ်။ " စတဲ့ ဆုံးမစကားများက စာရေးသူတို့ အတွက် နားရည်ဝနေခဲ့ပါတယ်။ 🙏🙏🙏
အဂ်လိပ်စကားမှာရော ဒီလို အဓိပ္ပါယ်ဆောင်တဲ့ ဆိုရိုး သို့မဟုတ် အဆိုအမိန့်များ ရှိလေမလားလို့ တွေးမိခဲ့ပါတယ်။ လွန်ခဲ့တဲ့ လတွေကတော့ ဆရာကြီး ဒေါက်တာ စိုးသန်းရဲ့ "စာသင်သားများ၏ မေးခွန်းပဒေသါ" စာအုပ်လေး ဝယ်ယူလေ့လာမိရာမှ ဒီဆိုရိုးလေး လေ့လာမှတ်သားခဲ့ရပါတယ်။ ✍✍✍
"Pride comes before a fall."
(OR)
"Pride goes before a fall."
"မာနကြီးပြီဆိုတာနဲ့ ပြုတ်ကျတာပဲ"လို့ ဆရာကြီးက ဘာသာပြန်ပေးထါးပါတယ်။
အရာရာတိုင်းကတော့ အနိမ့် အမြင့် (ups and downs) ရှိတာမို့ တချိန်ချိန်မှာတော့ လူတိုင်း အနိမ့် သို့မဟုတ် အကျနဲ့ ကြုံဆုံရမှာပါ။ ဒါပေမဲ့ မာန မရှိသူအတွက်တော့ အကျနာမှာ မဟုတ် ဆိုတာလေးကို 'not have a bad fall' ဆိုတဲ့ စကားစုလေးကိုလဲ ရှင်းပြထားပါတယ်။
He had a bad fall. သူအကျနာခဲ့တယ်။
He didn't have a bad fall. သူအကျမနာခဲ့ဘူး။
လေ့လာမိတာလေး အတွက်
"Pride comes before a fall. But, for her, she didn't have a bad fall because she is a humble girl."
"သူမက နှိမ့်ချတတ်တာကြောင့် အကျမနာခဲ့ဘူး"
လို့ ကိုယ်ပိုင်ဝါကျလေး တည်ဆောက်လေ့လာမိပါတယ်။
ခုလို နှစ်သစ်ကူး အခါသမယလေးမှာ စာဖတ်သူများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ လိုအင်ဟူသမျှပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
🙏🙏🙏😇😇😇😍😍😍
TMK Language Classes
07/01/2022
ဒီကနေ့ အတွက် လူတွေရဲ့ Personality ကို ဖော်ပြတဲ့ Idioms လေး နှစ်ခုကို အတူတကွ လေ့လာကြည့်ဖို့ ရွေးချယ်ထားပါတယ်။ 😃😃😃
ဒီ Idiom လေး နှစ်ခုကတော့
Have (one's) feet on the ground 🦆🦆🐦🐦🐥🐥
Have (one's) head in the clouds☁☁🐵🐵🌥🌥🌥
တို့ဖြစ်ပါတယ်။
တစုံတယောက်ရဲ့ ခြေထောက်တွေက မြေကြီးပေါ်မှာရှိနေတယ်။ ပြီးတော့ တစုံတယောက်ရဲ့ ဦးခေါင်းက တိမ်တွေထဲမှာရှိနေတယ်ဆိုတော့ ဘာကိုများဆိုလိုဘာလိမ့်နော်။ 🤔🤔🤔
Have your feet on the ground ရဲ့ အဓိပ္ပာယ် ကတော့ be practical, calm and sensible ဖြစ်ပါတယ်။
တခုခုကို လုပ်ကိုင်ဆောင်ရွက်တဲ့ အခါ၊ ဆုံးဖြတ်ချက် ချတဲ့ အခါ၊ အောင်မြင်ချိန်မှာဖြစ်စေ အခက်အခဲတွေနဲ့ တွေ့တဲ့ အခါဖြစ်စေ လက်တွေ့ကျကျ ကျိုးကြောင်းဆီလျော်စွာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်သူမျိုးကို ဆိုလိုတာလို့ ယူဆမိပါတယ်။ (ဘုရားဟောအရ ဆိုရင်တော့ လောကဓံ ရှစ်ပါး မတုန်မလှုပ် ခံနိုင်ရည် ရှိသူမျိုး ဖြစ်မယ် ထင်ရဲ့။ 😁😁😁)
"We think we can trust Mike with this new position as he has his feet on the ground."
Down-to-earth, level-headed တို့နဲ့ တူညီပါတယ်။
လက်တွေ့မကျတဲ့ အတွေးတွေကို စိတ်ကူးနေသူ (be impratical and daydreaming) ကတော့ 'have your head in the clouds' ဆိုတဲ့ Idiom ကို ကိုယ်စားပြုနေပါတယ်။
"He is not right for this job; he has his head in the clouds."
စာရေးသူကတော့ ဒီ idiom လေးတွေလဲ လေ့လာရင်း
Someone who has my feet on the ground ဖြစ်အောင်ကြိုးစားနေပါတယ်။ စာဖတ်သူများအတွက်လဲ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ရှင်။ 😍😍😍
TMK Language Classes
Click here to claim your Sponsored Listing.