LLL - Life Long Learning Japanese Language Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LLL - Life Long Learning Japanese Language Centre, School, Yangon.
N5 Old Question ပညာဒါန
မနက်ဖြန် N5 Old Question Practice စမှာပါ
၆လပိုင်း တစ်လလုံး အနီးကပ်လေ့ကျင့်ပေးမယ့်အတန်းပါ
N5 Revision
Kanji Revision
ဖြေဆိုပုံ ဖြေဆိုနည်း
မေးခွန်းသဘောတရား အားလုံးကို တစ်ခါတည်း လေ့ကျင့်ပေးသွားမယ့်အတန်းပါ
အပတ်စဉ် အင်္ဂါ/ကြာသပတေး (ည ၈နာရီမှ ၉ခွဲ) ပါ
ပညာဒါနအနေနဲ့ ၁၀ယောက်တိတိပေးပါမယ် ...
တက်ရောက်လိုတယ်ဆိုရင်တော့ cmt မှာ ဘာကြောင့်တက်ချင်လဲဆိုတာကို ရေးပြီး မန့်ပေးပါ
အခမဲ့ဖြစ်တဲ့အတွက် သေချာအောင် assignment တွေ old question တွေ လိုက်လုပ်နိုင်မယ် ဖြေနိုင်တယ်ဆိုမှ တက်ဖို့ စာရင်းပေးပေးပါ
မနက်ဖြန် ညနေ၄နာရီမှာ စာရင်းပိတ်ပါမယ်
တက်ရောက်နိုင်တဲ့သူစာရင်းကို မနက်ဖြန် ည၅နာရီမှာ ပြောပြပေးပါမယ်
အတန်းက မနက်ဖြန်ည ၈နာရီမှာ စပါမယ်
တက်ရောက်လိုသူများ စာရင်းပေးလို့ရပါပြီ
24/05/2023
ကျွန်တော်တို့ဟာ နေ့စဥ်ဖြတ်သန်းနေရတဲ့ ဘဝမှာ တစ်ယောက်နဲ့တစ်ယောက်ရှင်သန်ရပုံခြင်း မတူညီပါဘူး ...
ဒါပေမယ့် ပန်းတိုင်ကို ရောက်အောင်သွားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီတိုင်း ပြီးပြီးရော လျှောက်နေလို့တော့ အရာထင်လာမှာ မဟုတ်ပါဘူး
motivation ဆိုတဲ့ အရာက ရဖို့လွယ်ပါတယ် ... အဲ့ motivation ကို အစပြုပြီးတော့ နေ့စဥ်လိုက်လုပ်သွားပြီး Target ကို ရောက်ဖို့ကတော့ အတော်လေးကို ခက်ခဲပါတယ် ...
လူတစ်ယောက်နဲ့တစ်ယောက် အားလပ်ချိန်ရှိပုံခြင်းမတူညီကြတဲ့အတွက် ကိုယ့်ကိုကိုယ်သာ ကိုယ်ပြိုင်ပါ ... တစ်ယောက်နဲ့တစ်ယောက်ရရှိတဲ့ အခြေအနေခြင်း မတူညီတဲ့အတွက် သူက အားနေလို့ စာလုပ်လို့ရလို့ တော်တာ ... ငါကတော့ အလုပ်တစ်ဖက်နဲ့မလို့ သူလိုမလုပ်နိုင်တာ ...
အဲ့လိုအတွေးတွေသည် ကျွန်တော်တို့က ကိုယ့်ကိုကိုယ်နှစ်သိမ့်နေတာ တစ်နည်းအားဖြင့် ပြောရရင် ညှာနေတာပါ
"No Pain,No Gain" ဆိုသလိုပဲ ဘယ်အရာမှ လွယ်လွယ်မရပါဘူး ... ကိုယ်သွားချင်တဲ့နေရာက မြင့်လေ ပိုကြိုးစားရလေပါပဲ ...အမြင့်ကိုရောက်ဖို့ဆိုရင် စိတ်ရော လူရောကြံ့ခိုင်ဖို့ လိုအပ်တဲ့အပြင် ဇွဲ၊လုံ့လ၊ဝီရိယလည်း အမြဲရှိနေဖို့လိုအပ်ပါတယ်
ကျွန်တော်ကလေးတိုင်းကို အမြဲ အတန်းထဲမှာဆို ပြောလေ့ရှိတာသည် တစ်ယောက်ယောက်ကစရနေလို့ ကိုယ်က စာမရခဲ့ရင် မသိမ်ငယ်ပါနဲ့ ... တာထွက်ချင်း အတူတူမှာ ငါဘာအားနည်းလို့ နောက်ကျခဲ့တာလည်းဆိုတာကို ပြန်ဆန်းစစ်ပါ ... ပြီးရင်တော့ ကိုယ့်ရဲ့ တစ်နေ့တာ schedule ကို fix ပြန်လုပ်ပါ ... အဲ့မှာ ကိုယ်ဘယ်အချိန် ဘယ်လောက်အားလဲဆိုတာထွက်လာပါလိမ့်မယ် ... အဲ့ကျရင် ကိုယ်စာမရတဲ့အချိန်မှာ သူများစာရနေတာကို motivation ယူပြီးတော့ ကိုယ့်အချိန်လေးနဲ့ကိုယ် ပုံမှန်လေး ပြန်လေ့လာပါ ... ပြီးရင် တစ်ပတ်နဲ့ တစ်ပတ်၊ တစ်လနဲ့ တစ်လ ဒီလိုမျိုးကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါ ... မနေ့ကထက် ဒီနေ့က ပိုဆိုးနေတယ်ဆိုရင်တော့ ဒါဘယ်သူ့အမှားမှ မဟုတ်ပါဘူး ... ကိုယ့်ကိုကိုယ် ညှာနေသေးလို့ပါ .... ကောင်းတဲ့နေရာတွေကို သွားချင်တယ် ကောင်းမွန်တဲ့ ဘဝတွေကို ခံစားချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က ပိုကြိုးစားဖို့လိုပါတယ် ... It all depends on you ပါ
ဒါ့ကြောင့် ဘယ်နေရာမှ ဘယ်လိုပဲ motivation ရခဲ့ပါစေ ... အဲ့ motivation ကို အစဆွဲယူလာခဲ့ပါ .... ပြီးရော ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပြီး လိုချင်တဲ့ အရာကို တစိုက်မက်မက်သွားပါ ... ရပ်လိုက် နားလိုက် သွားလိုက် လုပ်ရုံနဲ့ ပန်းတိုင်ကို မရောက်နိုင်ပါဘူး
အခုလည်း အချိန်ရှိပါသေးတယ် စာမေးပွဲအတွက် သွင်းထားရတဲ့ ပိုက်ဆံတွေနဲ့ ဒီစာမေးပွဲဖြေဖို့ ပေးထားရတဲ့ အချိန်တွေ အလကားမဖြစ်ရအောင် စာကို လုပ်ကြပါ ... တစ်လဆိုတဲ့အချိန်ဟာ စိတ်အားပြင်းထန်ရင် ပြင်းထန်သလောက် ခရီးအတော်ပေါက်နိုင်ပါတယ်
အားလုံးပဲ ကောင်းမွန်တဲ့ နေ့လေးဖြစ်ပါစေ။
Click here to claim your Sponsored Listing.