World With Poems
အသက်ရေ...
ကိုယ်လွမ်းရသလောက်
မင်းမုန်းစေချင်
မင်းစိတ်ထဲကိုယ်ရောက်လိမ့်ပေါ့။
#လင်းမြတ်ခေတ်
14/11/2024
ငေး ၁၀။
ချစ်တယ်လို့ ပြောလိုက်တိုင်း
ချစ်ခွင့်ပန်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး
ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး။
တစ်ခါတစ်ရံမှာ
သိနေစေချင်ရုံ သက်သက်နဲ့လည်း
ချစ်တယ်လို့ ပြောခွင့်ရှိပါတယ်။ ။
#မောင်ဆောင်းခ
11/11/2024
ကိုယ်ကသာပြောစရာရှိပြီး
သူကပြောစရာမရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ်
ငါ... စောင့်ခဲ့တယ် ။ ။
#အောင်ချိမ့်
02/11/2024
ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ
နာကျင်မူကိုသာလှုံကြ ။
-ကြည်ဇော်အေး
27/10/2024
"သေနတ်သမားတစ်ဦးသို့ ပေးစာ"
မင်း သေနတ် က
ငါတို့ပိုက်ဆံနဲ့ ဝယ်ထားတာ
ငါတို့သယံဇာတတွေနဲ့
အလဲအထပ်လုပ်ထားတာ
မင်း စားရေးရိက္ခာနဲ့ ဝတ်စုံက
ငါတို့စပါးကျီကနေ ထုတ်ပေးလိုက်တာ
ငါတို့ပိုင်ဆိုင်ခွင့်ရှိတဲ့အထဲက
ထုတ်ဆင်ထားတာ
မင်းက
မင်း သေနတ်ပြောင်းကို
ငါတို့ဘက်လှည့်လို့
မင်း မြေမြှုပ်မိုင်းကို
ငါတို့တောင်ယာမှာ ထောင်လို့
တရားတဲ့စစ်ဆိုတာ
မာရ်နတ်ကို ပစ်သတ်ရတာ
အခု မင်း ပစ်သတ်နေတာ
ပြည်သူ
မင်း မြေမြှုပ်မိုင်းကို နင်းမိသွားတာ
မှိုရှာမျှစ်ချိုးကလေးငယ်
မင်း ပိတ်ဆို့ထားတာ
သက်ကြီးရွယ်အို အမိအဘ
မင်း မီးရှို့လိုက်တာ
လူနေတဲ့ ရွာ
မင်းကျားထိုးပြီးတက်သိမ်းတာ
လူ့ဂုဏ်သိက္ခာတောင်ကုန်း
မင်းဘက်နက်နဲ့ ထိုး ပြီး
ခြေတဖက်တင်ထားတာ
အရှင်လတ်လတ် လူ
မင်း နေရာယူချိန်ရွယ်ထားတာ
ဆွေးမြေ့နေတဲ့ နိုင်ငံတော်
မင်းကျည်ဆံက
မင်းမိသားစုဆီ ပြန်လှည့်လာနေပြီ ။
#ကေဇဝင်း
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
11221