Naing 7 Engineering Group

Naing 7 Engineering Group

Share

Your choice is my responsibility

06/10/2022

ယခု Naing 7 Engineering Group မှ မန္တလေး မှာ အခန်းပေး အခန်းယူ Condo ဆောက်ချင်တယ် အခန်းပေး အခန်းယူ ဆောက်ချင်သူများ ရှိရင် ဆက်သွယ်ပါ အကယ်၍ မြေနေရာအကွက်အကွင်းကောင်းပြီး အခန်းပေး အခန်းယူ မဆောက်ချင်ပဲ အကွက်အပြတ် ရောင်းချင်ပါကလည်း ဝယ်ပါတယ် ဆက်သွယ်ပါ..

စိန်ပန်းတွင် ဆောက်လုပ်လျက်ရှိသော Condo မှ အခန်းများလည်း ရောင်းရန် ရှိပါတယ်..

PAE စနစ်နဲ့ ဆောက်လုပ်လျက်ရှိသော လုံးခြင်းများ လက်စသတ်ပြီးပြီ ဖြစ်၍ PAE စနစ်ဆောက်လုပ်ရေး လုပ်ငန်းသစ်များ ပြန်လည် လက်ခံပါပြီ ခင်ဗျာ

07/02/2022

လူကြီးမင်းတို့ အရာရာ အာမခံမှူ ရှိဖို့

1. ငွေကြေး 💵💵💵
2. အရည်အသွေး 🏯
3. အချိန်📆🗓️
4. အဆောက်အဦး အာမခံမှူ💁‍♂️💁

မင်္ဂလာပါ ခင်ဗျာ။

Naing 7 Engineering Group သည် Civil Engineer များ ကိုယ်တိုင် ဖွဲ့စည်း တည်ထောင်ထားသော ဆောက်လုပ်ရေး လုပ်ငန်းစုဖြစ်ပြီး အရည်အသွေး အာမခံချက် အပြည့်ဖြစ် ရေရှည် အောင်မြင်သော သိက္ခာရှိသော လုပ်ငန်းစုအဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်၍ ကြိုးစားနေသော လုပ်ငန်း ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းစု နဲ့ လက်တွဲ တည်ဆောက်ပါက အထက်ပါ အချက်များ လူကြီးမင်းတို့အတွက် အပြည့်အဝ အာမခံ ချက် ရရှိပါမယ်။ ................................
ရှင်းပြပါရစေ ခင်ဗျာ.....

1. ငွေကြေး အာမခံချက်💸💸

လူကြီးမင်းများ သိသည့်အတိုင်း ဆောက်လုပ်ရေးလောကမှာ ငွေရေးကြေးရေး ပြသနာများ ပေါ်ပေါက်၍ အဆောက်အဦး ဆောက်လုပ်ရာတွင် ပြသနာ မျိုးစုံကြုံတွေ့ ရသည်ကို လူကြီးမင်းများ သိရှိပြီးဖြစ်ပါသည် ။ ကျွန်တော်များ Naing 7 မှ ထို ပြသနာများ မဖြစ်ပေါ်စေရန် မည်သို့သောအခါမှ ငွေကြိုယူခြင်း မရှိပါ။ စာချုပ် ချုပ်ပြီးတာနဲံ ငွေမယူပါ .. စာချုပ်ချုပ်ပြီး ငွေစိုက် ပစ္စည်းဝယ်ပြီးမှ Foundation စမှ first 15% ယူပါတယ်။ အရစ်ချင်းစီတိုင်း ကျွန်တော်တို့ လုပ်ငန်းစုမှ ငွေစိုက်လုပ်ပါတယ် ခင်ဗျာ..လူကြီးမင်းတို့ဘက်မှ အရစ်တိုင်း သတ်မှတ်လုပ်ငန်းအရစ် ပြီးစီးမှ ငွေပေးရတာမျိုးပါ။

2. အရည်အသွေး အာမခံချက် 🏯🏯

ကျွန်တော်တို့ လုပ်ငန်းစုသည့် ရည်ရွယ်ချက် ရည်မှန်ချက် ကောင်းများဖြင့် လုပ်ကိုင်သော လုပ်ငန်းစုဖြစ်သည့်အလျောက်.. အရည်အသွေးပိုင်းအတွက် နာမည် အပျက်မခံ နိုင်ပါ.. ထို့ကြောင့် ကျွန်တော်တို့ ဆောက်လုပ်သော Site တစ် Site တွင် လုပ်ငန်းစချိန်မှ လုပ်ငန်းပြီးဆုံးချိန်ထိ Engineer ၂ ယောက် အမြဲ စောင့်ကြည့်ကြပ်မတ်နေပြီး .. လူကြီးမင်းတို့ဘက်မှလည်း လုပ်ငန်းချိန်အတွင်း အချိန်မရွေး အပြင်က မိမိကြိုက်နှစ်ရာ Engineer ခေါ်၍ အရည်အသွေးကို လာစစ်နိုင်ပါတယ် ခင်ဗျာ။

3. အချိန် အာမခံချက် 📆🗓️

ကျွန်တော်တို့ လုပ်ငန်းစုသည် အချိန်ကို အလွန်တန်ဖိုးထားသောလုပ်ငန်းစုဖြစ်၍ လူကြီးမင်းတို့သည်လည်း အချိန်ကို တန်ဖိုးထားမည်မှာ အသေအချာဖြစ်သောကြောင့် အဆောက်အဦး တစ်ခုအတွက် သတ်မှတ်ကာလ ပေး၍ အတိအကျ ထိုသတ်မှတ်အချိန်ကာလအတွင်း အလုံးစုံ ပြီးစီးရန် ကြိုးစားတည်ဆောက်ပါသည်။ ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်မှူမှ မလိုလာအပ်သော Error တစ်ခုခုကြောင့် သတ်မှတ်ကာလကို ရက်ပိုင်း ကျော်ပါက လူကြီးမင်းတို့ နစ်နာမှူအတွက် ကျွန်တော်များလုပ်ငန်းစုမှ ၁၀ ရက်ကို ၁ သိန်းနှုန်း နစ်နာကြေး ပြန်လည် ပေးဆောင်ပါတယ် ခင်ဗျာ။

4. အဆောက်အဦး အာမခံမှူ💁‍♂️💁

ကျွန်တော်တို့ လုပ်ငန်းစုသည် အရည်အသွေးကို ဦးစားပေးသည့် အလျောက် အရည်အသွေး ကောင်းမွန်သော ပစ္စည်းများကိုသာ သုံးပါသည်။ လုပ်ငန်း ပြီးစီး၍ အပ်နှံပြီး ၆ လ အတွင်း ပျက်ရွင်းမှူဖြစ်ပေါ်ပါက ပစ္စည်းဖိုး လက်ခ FREE ပြန်လည်ပြုပြင်ခြင်း အာမခံမှူ ၊ ၃နှစ်အတွင်း ဆိုပါက လက်ခ FREE အာမခံမှူ ၊ STRUCTURE ပေါ်မူတည်၍ နှစ်ရှည်အာမခံ ပေးပါသည်။ ထို့ပြင် လုပ်ငန်း ပြီးစီး၍ အပ်နှံချိန်၌ ငွေ 3% ကို ချန်ထားပြီး ၆ လ ပြည့်မှ ယူပါတယ် ခင်ဗျာ။

ထို့ပြင်........

Naing 7 လုပ်ငန်းစုဘက်မှ အောက်ပါအချက်အများကို လည်း လုပ်ငန်းအပ်နှံသူများထံသို့ FOC ဆောက်ရွက်ပေးပါတယ်..

1. ဆောက်လုပ်ခွင် ပြင်ဆင်ခွင့် ကူညီ ဆောင်ရွက်ပေးခြင်း
2. Drawing & Structure and Design
3. Structure Calculation
4. Soil test ပြုလုပ်ပေးခြင်း

FREE ဆောင်ရွက် ရေးဆွဲ ပြုလုပ်ပေးပါသည်။

Naing 7 Engineering Group

24/01/2022

ပါခမျာ

🌈Comfortable Stair (လှေကား တည်ဆောက်ခြင်း)

➡လှေကားတွေ တည်ဆောက်ရာမှာ အတက်အဆင်းသက်သောင့်သက်သာရှိစေဖို့ စဉ်းစားရပါမယ်

#⃣နိုင်ငံတကာစံနှုန်းသက်မှတ်ချက်တွေမှာ

➡ခြေနင်း Tread~10" (အနည်းဆုံး)

➡ခြေကျော် Rise~7-3/4" (အများဆုံး)

➡လှေကားခွင် အကျယ်~3' (အနည်းဆုံး) (လက်ရန်းမပါ)

➡ခေါင်းလွတ်အမြင့် Head Room ~ 6'-8" (အနည်းဆုံး) (ပစ္စည်းဘာညာ သယ်ယူရအဆင်ပြေဖို့)

➡လှေကား အစောင်း~26°(အနည်းဆုံး)
~30° (average)
~45° (အများဆုံး)
ဖြစ်သင့်တယ်လို့ အကြံပြုထားပါတယ်
(အနည်းဆုံးဆိုတာ အဲ့ထက်မနည်းသင့်ဖူးလို့ပြောတာပါ အဲ့ထက်များယူလို့ရပါတယ်)

#⃣Comfortable stair တစ်ခုဖြစ်ဖို့ စဉ်းစားရာမှာ
2R+T=23~25 လို့ယူစဉ်းစားပါတယ် (R=Rise..T=Tread)

➡Riseကိုတည်ပြီးတော့ အရင်စဉ်းစားပါမယ်

💠Eg.{ Floor to Floor Height=11'
Consider.. Rise 6.5"

Rise=(11'×12)/6.5"
=132"/6.5"
= 20.31
(Round Down as 20)

Rise=132/20
=6.6"
Rise6.6"နဲ့ဆို Riserအကျော်အခု 20ပေါ့

Landing ကို Heightရဲ့တစ်၀က်မှာ ထားမယ်လို့ စဉ်းစားကြည့်မယ်ဆိုရင် 10ထစ်မှာ တစ်ဖြတ်ပေါ့

အထစ် 10ထစ်မှာ ခြေနင်း 9ခု ရှိတယ် ( Tread No= Riser-1)

Treadရဲ့ အကျယ်ကို စဉ်းစားကြည့်ရင်
2R+T = 23~25
(2×6.6)+T= 23~25
13.2+T =23 ~25
T =9.8~11.8 လောက်ရှိမယ်ပေါ့

Consider..
ိုTotal Horizontal Distance=9' (Not Including landing width)

Tread=(9'×12)/9
=108"/9
=12" (Ok)
Rise=6.6" Tread=12" }
(Height နဲ့ Horizontal distanceကို stair caseအတွက်ရာထားတဲ့နေရာက ယူပါ )

➡ရလာတဲ့ Rise & Treadကို ကျင်တွယ်ကျ ပုံစံတစ်ခုဖော်ပြီး ကျန်တဲ့ အထစ်တွေအတွက်လည်း အဲ့အတိုင်းပဲ ဆက်သွားပါမယ် (လိုအပ်တဲ့ Treadအကျယ်မရနိုင်တဲ့အခါ Nosing ထည့်ပါ)

➡Landingမထည့်ပဲ လှေကားတစ်ဖြောင့်တည်းပြေးမယ်ဆိုရင်လည်း Tread 15ထစ်ထပ် မပိုသင့်ပါဖူး

➡stair caseနေရာဟာ အတက်အဆင်းအတွက်ပဲ ဖြစ်တာကြောင့် နေရာအများကြီးပုပ်မသွားအောင် စဉ်းစားသင့်ပါတယ်

➡လှေကားထစ် Riserက 'မ' ဂဏန်းဖြစ်ရမယ်ဆိုတာ မြန်မာအယူအဆပါ
IBCမှာတော့ မသတ်မှတ်ထားပါဖူး

➡Public placeတွေမှာဆို Treadကိုကျယ်ကျယ် Riseကိုနိမ့်နိမ့်နဲ့ သွားသင့်ပါတယ်

➡RC အဆောက်အဦးတွေမှာ RC stair လုပ်ရင် လှေကားအတွက် Floorမှာ starter barတွေ ထုတ်ခဲ့ရပါမယ်

➡Tensionဖြစ်မယ့်နေရာတွေကို ကာမိဖို့ Rebarထည့်တာပါ

➡ပုံတွေမှာလည်း ကြည့်ကြည့်ပါ

Reference~ Stair Construction
~ Comfortable Stair
~ International Building Code (IBC)
(Google)

: James Aye

Photos from Naing 7 Engineering Group's post 12/01/2022

Naing 7 မှ မကြာခင် အပ်​​တော့မည် အလုံး​လေးပါ
From Foundation to landscaping...

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

30 Street . Upper Block .
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00