BOW Electronic

BOW Electronic

Share

ပစ္စည်းမှန်ဈေးတန် Electronic ပစ္စည်းတွေကိုရောင်းချပေးနေတဲ့ BOW Electronic

01/05/2026

Happy May Day.👷‍♂️👷‍♀️🛠️⚒️
Celebrating the hands that build our future. Wishing everyone a restful and wonderful Labour Day.💪✨💛

22/03/2026

We ‌are pleased to announce that our shop will resume it's regular operation hours from 9:00 AM to 8:00 PM, starting from March 23, 2026.

Photos from BOW Electronic's post 19/03/2026

ဖြူဖြူသန့်သန့်နဲ့ Simple ဖြစ်တဲ့ Design ကိုမှ ကြိုက်နှစ်သက်သူတွေအတွက် iB-3001 TWS Wireless Earbuds

- True Wireless Stereo
- Hi-Res Audio
- Superior Sound Quality
- Hands-free Calling,
- QC Fast Charging,
- ENC Technology
- Dual Channel Low latency
- Active Noise Cancellation
- Rapid Charge
- Noise Cancellation စတဲ့ Specification တွေနဲ့ iB-3001 Wireless Earbuds

မေး - ဒီနားကြပ်မှာ App နဲ့ သုံးလို့ရတဲ့ Function ပါလား ?
ဖြေ - iB-3001 မော်ဒယ်သည် App မလိုဘဲ Bluetooth နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုရတဲ့ အမျိုးအစားဖြစ်ပါတယ်။

မေး - ဖုန်းအမျိုးအစား ရွေးလား ?
ဖြေ - iOS (iPhone/iPad) ရော Android ဖုန်းတွေနဲ့ပါ အဆင်ပြေပြေ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

မေး - Bluetooth Version က ဘယ်လောက်လဲ?
ဖြေ - Bluetooth Version 5.4 ကို အသုံးပြုထားပြီး A2DP, AVRCP, HFP, HSP Profiles တွေအားလုံးကို Support ပေးတဲ့အတွက် Connection ပိုငြိမ်ပြီး အသံအရည်အသွေး ပိုကောင်းပါတယ်။

မေး - Wireless Range ဘယ်လောက်ရလဲ ?
ဖြေ - ဖုန်းနဲ့ နားကြပ်ကြား ပုံမှန်အားဖြင့် 10m (ပေ ၃၀) ပတ်လည်အထိရပါသည်။

မေး - Waterproof ရလား ?
ဖြေ - နေ့စဉ်သုံးရင်း ချွေးစိုတာ ဒါမှမဟုတ် ရေစက်အနည်းငယ် စင်တာမျိုးကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားပါတယ်။

မေး - Button လား? Touch Sensor လား?
ဖြေ - iB-3001 မော်ဒယ်ဟာ Touch Control ကို အသုံးပြုထားလို့ ခလုတ်နှိပ်စရာမလိုဘဲ အသာအယာထိရုံနဲ့ သီချင်းဖွင့်/ပိတ်၊ ဖုန်းကိုင်/ချ ပြုလုပ်နိုင်ပါတယ်။

မေး - နားကြပ်အသံနဲ့ပတ်သက်ပြီး ဘယ်လိုရှိလဲ?
ဖြေ - Biological Diaphragm ပါဝင်လို့ Bass သံ ကြွယ်ပြီး ကြည်လင်တဲ့ အသံထွက်ကို ရရှိစေမှာပါ။

မေး - နားကြပ်က Support ပေးတဲ့ Sound System ကို ရှင်းပြပေးပါ ?
ဖြေ - iB-3001 နားကြပ်က Hi-Res Audio နဲ့ Superior Sound Quality ကို Support ပေးပါတယ်။
- Audio Codec: အသံထွက်ကို မူရင်းအတိုင်း ကြည်လင်ပြတ်သားစေမည့် SBC နှင့် AAC Codecs များကို Support ပေးထားပါသည်။
- Sound Mode: အသံကို ပတ်ပတ်လည်မှ စီးမျောနေသကဲ့သို့ ခံစားရစေမည့် Hi-Fi Stereo Sound စနစ်ကို အသုံးပြုထားပါသည်။
- Driver Type: ဒီနားကြပ်မှာ Advanced Biological Diaphragm ပါဝင်သည့် Dynamic Driver အမျိုးအစားကို အသုံးပြုထားပါတယ်။
- Driver Size: Bass သံ ကောင်းကောင်းထွက်အောင် 13mm Driver ကို အသုံးပြုထားပြီး Hi-Res Audio အရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။

မေး - အားသွင်းကြိုး အမျိုးအစားက ဘာလဲ?
ဖြေ - ဘူးထဲမှာ အားသွင်းကြိုး တစ်ခါတည်း ပါဝင်ပြီး Type-C အမျိုးအစားနဲ့ အားသွင်းရမှာ ဖြစ်ပါတယ်။

မေး - တခြားအားသွင်းကြိုးနဲ့ သွင်းလို့ရလား?
ဖြေ - နားကြပ်ဘူးမှာပါတဲ့ကြိုးရဲ့ Ampere ကတခြားကြိုးတွေနဲ့မတူတဲ့ အတွက် နားကြပ် Case ကို တခြားအားသွင်းကြိုးနဲ့မသွင်းသင့်ပါဘူး။

မေး - Wireless Charging ရလား ?
ဖြေ - ဒီ Model ကတော့ Wireless Charging ကို Support မလုပ်ပါဘူး၊ ကြိုးနဲ့ပဲ အားသွင်းရမှာ ဖြစ်ပါတယ်။

မေး - ဈေးနှုန်းက ဘယ်လောက်လဲ?
ဖြေ - ဈေးနှုန်းလေးက ၄၁၄၀၀ ကျပ်ပါ။

မေး - နားကြပ် အာမခံ ဘယ်လောက်ပေးလဲ ?
ဖြေ - နားကြပ်ကို အာမခံ (၁) နှစ်ပေးပါတယ်။

မေး - အာမခံ ဘယ်အပိုင်းတေကိုပေးတာလဲ ?
ဖြေ - User Fault ကြောင့်မဟုတ်ဘဲ Factory Fault Error အားလုံးအာမခံအကျုံး၀င်ပါတယ်။
Factory Fault များမှာ နားကြပ်နှစ်ဖက်နဲ့ပတ်သက်ပြီး အသံမကြားရတာမျိုး၊ Touch Sensor ရပြီး နားကြပ်သံမကြားရတာ၊ နားကြပ်အသံထောက်ခြင်း၊ အသံထစ်ခြင်း၊ Mic Error၊ နားကြပ်နှင့် Case Battery အားမခံခြင်းတို့ဖြစ်ပါတယ်။

မေး - အာမခံအတွက် ဘာတွေသိမ်းထားရမလဲ ?
ဖြေ - အာမခံကာလအတွင်း နားကြပ်ဘူးပစ္စည်းအပြည့်အစုံ၊ Warranty ကဒ်နဲ့ဆိုင်ဘောင်ချာကိုသိမ်းထားပေးရပါမယ်။

မေး - Battery Capacity က ဘယ်လောက်လဲ?
ဖြေ - နားကြပ်တစ်ဖက်ချင်းစီအတွက် 40mAh
Battery Capacity ပါပါတယ်။

မေး - နားကြပ်တစ်ဖက်စီ အားဘယ်လောက်ခံလဲ?
ဖြေ - နားကြပ်တစ်ဖက်စီကိုအဆက်မပြတ်နားထောင်အသုံးပြုမယ်ဆိုရင် (5-6) နာရီဝန်းကျင်နားထောင်အသုံးပြုနိုင်ပါတယ်။

မေး - နားကြပ် Case မှာ Battery Capacity ဘယ်လောက်ပါလဲ?
ဖြေ - နားကြပ် Case မှာ 320 mAh Battery Capacity ပါ၀င်ပြီးတော့ နားကြပ်တစ်ဖက်စီကို (၃-၄)ကြိမ်ခန့်ပြန်လည် အားသွင်းအသုံးပြုနိုင်ပါတယ်။

မေး - နားကြပ် Case ကို အားဘယ်လောက်ကြာအောင်အားသွင်းသင့်လဲ?
ဖြေ - နားကြပ် Case ကို ဘူးမှာပါတဲ့ ကြိုးနဲ့ (၁) နာရီ၀န်းကျင်သာ အားသွင်းသင့်ပါတယ်။ QC Fast Charging စနစ်ကြောင့် အားသွင်းရတာ အလွန်မြန်ဆန်ပါတယ်

မေး - နားကြပ် Case ကို အားသွင်းထားရင်ဘယ်လိုပေါ်လဲ ?
ဖြေ - အားသွင်းနေစဉ်မှာ အချက်ပြမီး မှိတ်တုတ်မှိတ်တုတ်ပြနေမှာဖြစ်ပြီး အားပြည့်ရင်တော့ မီးရပ်သွားပါမယ်။

မေး - ဘူးထဲမှာ အပိုဘာတွေပါသေးလဲ?
ဖြေ - Type-C အားသွင်းကြိုးနဲ့ User Manual တို့ ပါဝင်ပါတယ်။

မေး - နားကြပ်နာမည်ပြောင်းလို့ရလား?
ဖြေ - နားကြပ်နာမည်ကို Bluetooth Setting ကနေ ချိန်းလို့ရပါတယ်။

မေး - ကာဗာတပ်သုံးလို့ရလား ?
ဖြေ - iB-3001 နားကြပ် Case ဟာ ကျစ်လျစ်တဲ့ ဒီဇိုင်းဖြစ်လို့ မိမိစိတ်ကြိုက် Silicon Cover ဒါမှမဟုတ် တခြားသော Protection Case တွေကို တပ်ဆင်အသုံးပြုနိုင်ပါတယ်။

မေး - တပ်ထားရင်ရော သက်သောင့်သက်သာရှိလား?
ဖြေ - အလွန်ပေါ့ပါးပြီး Ergonomic Design ဖြစ်လို့ ကြာကြာတပ်ထားရင်တောင် နားမနာဘဲ သက်သောင့်သက်သာ ရှိပါတယ်။

မေး - ချိတ်ဆက်ထားတဲ့ဖုန်းကို ထပ်ချိတ်ဖို့လိုလား?
ဖြေ - မလိုပါဘူး။ တစ်ခါချိတ်ပြီးသားဖုန်းဆိုရင် Case အဖုံးဖွင့်လိုက်တာနဲ့ Auto ပြန်ချိတ်ပေးမှာပါ။

မေး - Touch Sensor က ဘယ်နားမှာလဲ ?
ဖြေ - နားကြပ်တစ်ဖက်စီ၏ အပေါ်မျက်နှာပြင်ပိုင်းမှာရှိပါတယ်။

မေး - နားကြပ်ရဲ့ Touch Sensor Function နဲ့ ပတ်သက်ပြီးရှင်းပြပေးပါလား?
ဖြေ - နားကြပ်ရဲ့ Touch Sensor Function နဲ့ ပတ်သက်ပြီးရှင်းပြပေးပါမယ်။

✨ Power On/Off - နားကြပ်ကို ၅ စက္ကန့် ကြာအောင် ဖိထားပါ။

✨ Play/Pause - တစ်ချက်ထိပါ။

✨ Next Track - ညာဘက်ကို နှစ်ချက်ဆက်တိုက် ထိပါ။

✨ Previous Track - ဘယ်ဘက်ကို နှစ်ချက်ဆက်တိုက် ထိပါ။

✨ Volume Up - ဘယ်ဘက် နားကြပ်ကို သုံးချက် ဆက်တိုက်ထိပါ။

✨ Volume Down - ညာဘက် နားကြပ်ကို သုံးချက် ဆက်တိုက်ထိပါ။

✨ Siri / Google Assistant - နားကြပ်ကို ၂ စက္ကန့် ခန့် ဖိထားပါ။

✨ Answer/End Call - တစ်ချက်ထိပါ။

✨ Reject Call - နားကြပ် တစ်ဖက်ဖက်ကို နှစ်ချက် ဆက်တိုက်ထိပါ။

iB-3001 TWS Wireless Earbuds ပတ်သက်၍ ထပ်မံ သိရှိလိုပါက Page CB မှ ဆက်သွယ်နိုင်သလို စကားသံချိုချိုလေးနဲ့ ရှင်းပြတာလေးနားထောင်ချင်ရင်တော့ ဖုန်း နံပါတ် 09778687775 ကိုဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. 513(B), Thein Phyu Road, Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00