Wine Lab Advisor
Wine Lab Tests
ဝါသနာက ဆရာကြီးလုပ်ချင်တာပါ
ဆရာကြီးလုပ်ချင်ရင် ဆရာလုပ်နိုင်ရလောက်အောင် ကျွမ်းကျင်ရပါမယ်။
စဉ်ဆက်မပြတ်လေ့လာရသလို ပြန်အသုံးချရပါတယ်။
စာတွေ့နဲ့လက်တွေ့ ချိတ်ဆက်ပြီး ဆောင်ရွက်တတ်ရပါတယ်။
ပိုကောင်းတဲ့ အရည်အသွေးမြှင့် product ကို
ဖန်တီးနိုင်ရပါတယ်။
ရလာတဲ့ product ရဲ့ အားနည်းချက် အားသာချက်တွေကို သုတေသန ပြုထားနိုင်ရပါတယ်။
ကိုယ် ရရှိလာတဲ့ Data Analysis ဟာ
ပညာရှင်တွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့
ဘယ်ရွေ့ ဘယ်မျှ ကိုက်ညီသလဲ အမြဲ သုံးသပ်ရပါတယ်။
အဲ့ဒီအတွေ့အကြုံ စာဖတ်အား သုတနဲ့လက်တွေ့
ပေါင်းစပ်ထားတဲ့ ကွန်ချက်ကို ပြန်လည်မျှဝေလိုစိတ်နဲ့ သင်တန်းသင်ပါတယ်။
ကျနော့်အတွက်ရော သင်တန်းသူ/သင်တန်းသားအတွက်ပါ Win-Win Situation ဖြစ်ပါတယ်။
ဝိုင် သင်တန်းလေး ရှိပါမယ်။
ဝိုင်ဖောက်နည်းသီးသန့် သင်တန်းဖြစ်ပြီး
2026 အတွက် နောက်ဆုံးသင်တန်းပါ။
အသီးမရတော့လို့ 2027 မတ်လမှ ပြန်သင်ဖို့ ရှိပါမယ်။
ဝိုင် ဓာတ်ခွဲနည်းပညာ သင်တန်းက စက်တင်ဘာလမှာ ရှိပါမယ်နော်။
#ဟင်းစားမပေးပါ_ကွန်ချက်ပြပါမည်
ဇူလိုင် ၄ ရက် ၅ ရက်မှာ
#ဝိုင်ဖောက်နည်းသီးသန့် သင်တန်းလေး ရှိပါမယ်။
ဒုတိယ အကြိမ် ဖြစ်ပါတယ်။
အောက်က ဓာတ်ပုံမှာ တွေ့ရတဲ့အတိုင်း
၁၄ ရက်နေ့က ဖောက်တဲ့ ပုလင်းကို Racking လုပ်မှာမို့ပါ။
ဝိုင် လက်တွေ့ဖောက်ပြပေးမယ်
အတူတူလိုက်တွက်ရမယ်
အတူတူ လိုက်ဖောက်ရမယ်
တွက်နည်းတွေ သင်ပေးပါမယ်
ရာသီပေါ် အသီးကိုဖောက်
ကိုယ့်ဒေသမှာ ပေါပေါလှိုင်လှိုင် ရတာကိုဖောက်
သယ်ယူစရိတ် မတတ်နိုင်လို့ ပစ်ရမယ့် အသီးကိုဖောက်
ရာသီအချိန်မဟုတ်ရင် ရှားပါးတဲ့ အသီးကို ဖောက်ပါ။
🍷အသီးရွေးချယ်ဝယ်ယူပုံ
🍷ကဇော်ဖောက်ရန် ပြင်ဆင်ပုံ
🍷သကြားတွက်နည်း
🍷တဆေးတွက်နည်း
🍷အချဉ်ဓာတ် တွက်ချက်နည်း /ဖြည့်နည်း
🍷Bacterial Spoilage ထိန်းနည်း
🍷တဆေးတွက်နည်း/ပျိုးနည်း
🍷ကဇော်ဖောက်ဖြစ်စဉ်အား ထိန်းသိမ်းနည်း
🍷အရည်စစ်နည်း ခွဲနည်း
🍷ဝိုင် အရသာမှန်အောင် ချိန်ဆနည်း တွက်နည်း ဖြည့်နည်း
🍷Aging ထားနည်း ထိန်းနည်း စောင့်ကြည့်နည်း
🍷ပုလင်းသွတ်နည်း
အသီးမှသည် ဝိုင်စျေးကွက် တင်သည်အထိ
စာတွေ့ လက်တွေ့ သင်ပါမည်။
ဟင်းစားမပေးပါ
ကွန်ပစ်သင်ပေးမယ်
ကွန်ချက်ပြပါမယ်။
ဝိုင်ဖောက်နည်း သီးသန့်အတန်းတွင်
ဓာတ်ခွဲနည်းပညာ လုံးဝ လုံးဝ မပါဝင်ပါ။
သင်တန်းကြေး ၃ သိန်းကျပ်ပါ
နံနက် ၉:၃၀- ညနေ ၄:၀၀
သင်တန်းနေရာ ရန်ကုန်မြို့ပါ။
အမြဲရှိနေသော အတန်းမျိုး မဟုတ်
ဝိုင်ရာသီအတွင်း ၂၊၃ ကြိမ်သာ သင်မည့် အတန်း ဖြစ်ပါသည်။
ဆက်သွယ်ရန်
09443127884
17/06/2026
စာသင်တာကို စိတ်ရှည်ပေမယ့်
သင်တန်းကြော်ငြာရတာ စိတ်မရှည်ပါဘူး။
ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်လည်း မရေးတတ်ဘူး။
တစ်ခုဘဲ လုပ်ချင်စိတ်နဲ့ တကယ်ကြိုးစားရင်
တတ်အောင် သင်ပေးမယ်လို့တော့ အာမခံပါတယ်။
ဖြတ်လမ်းနည်း မသိပါဘူး
ရေရော သကြားရော စျေးပေါပေါ လုပ်နည်း မသိပါဘူး။
Quality တန်းဝင်အောင် စံနစ်တကျ လုပ်နည်းပဲ သိပါတယ်။
အဲ့ဒီလို စံနစ်တကျ လုပ်နည်းကိုပဲ သင်ပါတယ်။
ဝိုင်ကို ဖောက်ပဲ ဖောက်တတ်ရင် ကိုယ်တိုင် သောက်လို့ရပါပြီ။
ရောင်းချင်တာ ဆိုရင်တော့ #ဝိုင်ဓာတ်ခွဲနည်းပညာ သိကိုသိရပါမယ်။
ဓာတ်ခွဲနည်းပညာ သိမှ ဘေးကင်းတဲ့ ထုတ်ကုန်ကို ရောင်းနိုင်မှာ ဖြစ်ပါတယ်။
လက်မှတ်တွေ ဆာတီဖီကိတ်တွေထက်
လက်တွေ့လုပ်ငန်းခွင်ရဲ့ အဆင့်တိုင်းမှာ
နည်းစံနစ် မှန်ကန်ပြီး စားသုံးသူကို ဘေးကင်း စိတ်ချရတဲ့ ထုတ်ကုန်ကို ပေးချင်တဲ့ စေတနာ ရှိဖို့ လိုအပ်ပါတယ်။
ဝါသနာပါရင် #ဝိုင်ဖောက်နည်းသင်တန်းတက်ပါ။
လုပ်ငန်းလုပ်မယ်ဆိုရင် #ဝိုင်ဓာတ်ခွဲနည်းပညာသင်တန်းတက်ပါ။
ဘာမှ မလုပ်ချင်ပဲ သောက်ချင်ရင် ဝိုင်ဝယ်ပါ
ခေါင်းမစားဘဲ product ထုတ်ချင်ရင် လုပ်ငန်းအပ်ပါ။
ဇူလိုင် ၄၊၅ ရက်မှာ ဝိုင်ဖောက်နည်းသီးသန့်သင်တန်းရှိပါမယ်။
❌ဤအတန်းတွင် ဓာတ်ခွဲနည်းပညာ လုံးဝ လုံးဝ မပါဝင်ပါ။❌
သင်တန်းကြေး ၃ သိန်းကျပ်
သင်တန်းရက် ၄၊၅ ရက်
သင်တန်းချိန် နံနက် ၉:၃၀ ညနေ ၄:၀၀
သင်တန်းနေရာ ရန်ကုန်
ဆက်သွယ်ရန် 09443127884
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
10114