4UAC Accounting Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 4UAC Accounting Service, Business service, Room 402, 3rd Fl, Building 14, MICT Park, Hlaing Township, Yangon.
08/12/2020
အမျိုးသားနေ့အကြောင်း သိကောင်းစရာ
_________________________________________________
တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် အမျိုးသားနေ့ဖြစ်ပါသည်။
အမျိုးသားနေ့ဟူသည်ကား
____________________________________
ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်( ယုဒသန်)ကောလိပ် ကျောင်းသားများသည် ကန့်ကွက် သပိတ်မှောက်ဆန္ဒပြခဲ့သော နေ့ကြီးဖြစ်ပါသည်။
နယ်ချဲ့ဗြိတိသျှ အစိုးရသည် ၎င်းတို့နယ်ကို ချဲ့ရာ၌ အကောင်းဆုံး လက်နက်အဖြစ် ပညာရေးစနစ် တက္ကသိုလ် အက်ဥပဒေကြမ်းကြီးကို ၁၉၂၀ ဇူလိုင်လ ၁၂ ရက် ဘုရင်ခံ၏ ကောင်စီအစည်းအဝေးတွင် တင်သွင်း၍ အဆိုပြုခဲ့ရာ တစ်ပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ကြသည်။
ထို့နောက် ဇူလိုင်လ ၁၈ရက်နေ့ မြန်မာနိုင်ငံပြုပြင်ရေး အသင်းကြီးသည် အစည်းအဝေးကို ချက်ချင်းခေါ်ယူကာ
ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ခဲ့ကြလေသည်။မန္တလေးမြို့တွင်လည်း လူထုအစည်းအဝေးကြီးက နယ်ချဲ့အစိုးရ မတ်ဟန်းတား၏ ခေတ်နောက်ပြန်ဆွဲသောလုပ်ဆောင်ချက်များနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆို ဆန္ဒပြလာကြသည်။
သြဂုတ်လ ၁ ရက်နေ့တွင် YMBA ခေါ် ဗုဒ္ဓကလျဏယုဝအသင်းကြီးက ကြီးမှူး၍ ဂျူဗလီဟောတွင်
ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးကို ကျင်းပကာ-
(၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အများပြည်သူများ မကြိုက်ကြသောကြောင့် ၁၉၂၀ သြဂုတ်လတွင် ကျင်းပမည့် ဥပဒေပြုအဖွဲ့က ဒိုင်အာခီအုပ်ချုပ်ရေးစနစ် စတင်မည့် ၁၉၂၃ အထိ ဆိုင်းငံ့ထားရန်။
(၂)နောင်အခါ ပညာတတ်များနည်းပါးစေရန် ရည်စူးပြီး ထိုဥပဒေကို ထုတ်ခဲ့သော ဗြိတိသျှမင်းကြီး မတ်ဟန်းတားအား မြန်မာနိုင်ငံမှာ ပြောင်းရွေ့ပေးရန်
တောင်းဆို ခဲ့ကြပါသည်။
ထိုသို့ အမျိုးမျိုးကန့်ကွက်နေသည့် ကြားကပင် ၁၉၂၀ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်
မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်အက်ဥပဒေကို ထောက်ခံခဲ့သည်။တဖန် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အိန္ဒိယဘုရင်ခံ ချမ်းစဖို့ဒ်က အတည်ပြုရန် ထုတ်ပြန်ကြေညာခဲ့ပြန်သည်။
အနည်းငယ် စကားပလ္လင်ခံတာများသွားတယ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကား အဘယ်သို့နည်းဟု သိချင်ကြပေလိမ့်မည်။ဤသို့တည်း။
ရန်ကုန်တက္ကသိုလ် အက်ဥပဒေကား-
(၁)မြန်မာနိုင်ငံ၌ ဤတက္ကသိုလ် တစ်ခုတည်းသာ ရှိရမည်။
တက္ကသိုလ်အောက်တွင် ကောလိပ်ကောင်းတစ်ကျောင်းသာရှိရမည်။
(၂)ကောလိပ်ကျောင်း၌ ပညာသင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစား နေနိုင်သူများသာ ဖြစ်ရမည်။
(၃)တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော High School Final ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။English စာနှင့်အခြားဘာသာရပ်တစ်ခုခုကို ထူးချွန်အောင်မြင်မှ အဆိုပါတက္ကသိုလ်ကို တက်ခွင့်ရမည်။
(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာတန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု။
(၅) High School Final အောင်၍ တက္ကသိုလ်ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေနိုင်ရမည်။
(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်တွင် တက္ကသိုလ်ပညာရပ်များကို လိုက်နာရန်
အရည်အချင်းမရှိသေးဟု သတ်မှတ်လျှင် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားခွင့်ရမည်မဟုတ်
စသည်တို့ဖြစ်ကြပါသည်။ ရင်နာစရာပါပေ။
ထို့ကြောင့် ၁၉၂၀ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်ကောလိပ်ကျောင်းသားများ ဖြစ်ကြသည့် ကိုဘခင်၊ကိုဘိုးကွန်း၊ကိုဘဦး၊ကိုအောင်ဒင်၊ကိုထွန်းဝင်း၊ကိုဖေသိန်း၊ကိုဘရှင်(သံတွဲ)၊ကေညီပိတ်၊ကိုဘရှင်(ထားဝယ်)၊ကိုလှတင်နှင့် ကိုမောင်အေးတို့သည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်တွင် စုဝေးပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြသည်။
၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ ၅ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်းသားသပိတ်သည် စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့လေတော့သည်။
၁၉၂၀ပြည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် GCBAဝံသာနုအသင်းချုပ်ကြီးတစ်ရပ် ပြုလုပ်ကာ
အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
(၁)မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်။
(၂) ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်။
(၃)အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားခဲ့သော ကျောင်းများကိုလည်း အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်။
(၄) အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်၊လိုအပ်သော စီစဉ်ညွှန်ကြားချက်များကို ပြုလုပ်နိုင်ရေးအတွက် အမျိုးသားပညာရေးတစ်ခု ဖွဲ့စည်းထားရှိရန်။
အထက်ပါဆုံးဖြတ်ချက်များကို ဦးမောင်ကြီး(M.A)ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၃၂ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်။
ဤသို့ဖြင့် ၁၉၂၁ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာ များမကြာမီ နယ်မြို့ကြီးများတွင် အမျိုးသားကျောင်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
အမျိုးသားနေ့ကို သတ်မှတ်ရန် အချို့က သီပေါမင်းပါတော်မူသော တန်ဆောင်မုန်းလဆုတ်
၈ ရက်နေ့ကို အကြံပြု၍ အချို့က ဦးဥတ္တမထောင်ကျခဲ့သော
၁၂၈၃ ခု နယုန်လကွယ်ကို အစွဲပြု၍လည်း အကြံပြုကြရာ
သပိတ်မှောက်ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့သည် မင်္ဂလာမရှိ၍ နယ်ချဲ့ဗြိတိသျှ ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုနါးလဆုတ် ၁၀ရက် နေ့ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူညီထောက်ခံခဲ့ကြ၍ အမျိုးသားနေ့ကို စတင်သတ်မှတ်ခဲ့လေတော့သည်။
ဤသို့ဖြင့် ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်း၊မျိုးချစ်ကျောင်းသားကြီးများမှ အသက်သွေးချွေး ပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သောအမိမြေ၊အမိနန်း၊အမိကြငှန်း၊အမိစာပေ၊အမိယဉ်ကျေးမှု စသည်တို့ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ လက်ရှိ လူငယ်ခေါင်းဆောင်များပင်ဖြစ်ပါကြောင်း အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုဖော်ပြပေးလိုက်ပါသည်။
ယဉ်မင်း
Photo crd Khaing Oo
လေးစားစွာဖြင့် # ပါ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:00 |