Hello Gambler
ခန့်မှန်းချက်၊ အချက်အလက်၊ သတင်း၊ ဒဏ်ရာပွဲပယ် တင်ဆက်မှုများနဲ့ Football Gamber များအတွက် Hello Gambler
29/05/2026
မန်စီးတီးကနေ ထွက်ခွာလာတဲ့ ဘာနာဒိုဆေးလ်ဗားက သူ့ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာကိုကမ်းလှမ်းထားပါတယ်။
ကတ်တလန်ကလပ်ကလည်း အလွတ်ခေါ်ခွင့်ရမယ့် ပေါ်တူဂီသားကို စိတ်ဝင်စားနေပါတယ်။
ဒါပေမဲ့ တီကိုကလည်း ဘာနာဒိုကို စိတ်ဝင်စားနေတာကြောင့် အပြိုင်ကြိုးစားရမယ့် အနေအထားပါ။
ဘာကာနည်းပြ ဟန်စီဖလစ်က ရာသီသစ်မှာ အသင်းကို အတောင့်တင်းဆုံးဖြစ်အောင် တည်ဆောက်နေပြီး လတ်တလောမှာ နယူးကာဆယ်တောင်ပံကစားသမား ဂေါ်ဒွန်ကို ခေါ်ယူထားပါတယ်။
ဒါ့အပြင် သူက ကွင်းလယ်နေရာစုံမှာ အသုံးတည့်တဲ့ ဘာနာဒိုကိုလည်း ခေါ်ယူနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ စပိန်အားကစားသတင်းစာ Diario Sport က ဖော်ပြပါတယ်။
28/05/2026
၂၀၂၆ ဇန်နဝါရီတုန်းက မာတီတာဟာ ပဲလေ့စ်က စွန့်ခွာကာ အေစီမီလန်ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လန်ဒန်ကလပ်ကလည်း ပြင်သစ်သားရဲ့ဆုံးဖြတ်ချက်ကိုလက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ဆေးစစ်ရာမှာ ဒူးဒဏ်ရာရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာခြင်းမရှိခဲ့ပါဘူး။
ဒီဒဏ်ရာကြောင့် သူဟာ နှစ်လခန့်အနားယူခဲ့ရပြီး မေလ ၂၇ ရက်ညမှာတော့ ဗယ်လီကာနိုဘက်ကို တလုံးတည်းသော အနိုင်ဂိုးသွင်းကာ ပဲလေ့စ်အတွက် ပထမဆုံးသော ဥရောပအဆင့် ဖလားတလုံး ရယူပေးခဲ့ပါတယ်။
တကယ်လို့ ဒူးဒဏ်ရာသာ မရရှိခဲ့ရင် မာတီတာရဲ့ဥရောပအိပ်မက်က ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပါဘူး။
27/05/2026
Idol ကြီး နေမာနဲ့အတူ ဆန်းတို့စ် - ကျူအန်ကာပွဲကို အားပေးနေတဲ့ ရိုဒရီဂို။
ရီးရဲလ်တောင်ပံကစားသမားဟာ နေမာကို ငယ်စဉ်ကတည်းက အားပေးခဲ့သူပါ။
နှစ်ယောက်စလုံးက ဆန်းတို့စ်အကယ်ဒမီကနေ ထွက်ပေါ်လာသူတွေဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရိုဒရီဂိုဟာ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်လူစာရင်းကပါ ချန်လှပ်ခံခဲ့ရပါတယ်။
Click here to claim your Sponsored Listing.