Students Festival Myanmar
Students Festival Myanmar 2020.
Click here to claim your Sponsored Listing.
ပွဲတော်ကျင်းပခြင်း ရည်ရွယ်ချက်
တစ်နိုင်ငံလုံးရှိအစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ အင်တာနေရှင်နယ်ကျောင်းများ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ကျောင်းသားများ အချင်းချင်း တစ်နေရာတည်းတွင် တွေ့ဆုံစေပြီး ပညာရေးနှင့်ဆက်သွယ်သော လှုပ်ရှားမှုများကို ပူးပေါင်းလုပ်ဆောင်စေခြင်းဖြင့် ကျောင်းသူကျောင်းသားများ အချင်းချင်းအသိပညာဖလှယ်ကြပြီး ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်။
ကျောင်းသား ကျောင်းသူများ၏ လေ့လာသင်ယူမှု အားကောင်းစေပြီး အချင်းချင်း ပြောဆိုညှိနှိုင်းဆက်ဆံမှု စွမ်းရည်များ တိုးတက်လာစေရန်။
အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများတိုးတက်လာစေပြီး လေ့လာတွေ့ရှိသည့် ဗဟုသုတအသိပညာများအား ထိရောက် အကျိုးရှိစွာ မျှဝေ တက်စေရန်။
ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ ပညာရေး၏အနှစ်သာရများ သိရှိနားလည် သက်ဝင် ယုံကြည်မှုမှတစ်ဆင့် မှန်ကန်သော သဘောထားအမြင်ဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်တံင် ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။