My Dream Home
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Dream Home, Real Estate, No. 57, Panchan Street, Sanchaung Township, Yangon.
04/05/2025
Bankချိတ် ( Home loan ) အတွက် ဒါတွေလိုပါမယ်။
Bank ချိတ်ဆိုတာကအိမ်၊ တိုက်ခန်းဝယ်ယူဖို့ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးဖြစ်ပါတယ်။
Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ - ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။
တစ်ယောက်ထဲလစာမလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့သူနဲ့ ပေါင်းပြလို့ရပါတယ်။ အိမ်အမျိုးအစားက RCမဟုတ်ရင် BNအိမ် အမျိုးအစားဖြစ်ရပါမယ်။
ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။ မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။
ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
(က)။ လူ၊ပုဂ္ဂိုလ်တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက်လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ (မူရင်းပြရန်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ)
(သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)
(ခ)။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သောစာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)
(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း
(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?
(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက်၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့ မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
အထက်ဖော်ပြပါ စာရွက်စာတမ်းအားလုံးကို မူရင်းပြပေးရပါမည်။
ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။
ပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။
အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။
ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။
လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။
Credit Original # #
22/11/2024
အသီးအနှံလေးတွေစိုက်ပြီးပဲအေးအေးချမ်းချအ်းနေချင်တယ်🍀🍀
Photo-credit
19/11/2024
🌷ဓမ္မစေတီလမ်းပေါ်က ကွနါဒိုအရောင်း
၂၅ ပေ/၇၀ ပေ
၅၅၀၀ သိန်း
ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ် ပြုလုပ်ရာမှာ
သိထားရမယ့် အချက် ( ၆ )ချက်
*******************************
(၁) မြေအရှုပ်အရှင်း ရှိ/မရှိ
+++++++++++++++
ဘိုးဘွားပိုင်မြေလား၊ ဂရံမြေလား။
တစ်ဦးတည်းပိုင်လား၊ အမွေဆိုင်လား။
ဘယ်သူ့နာမည်နဲ့အမည်ပေါက်လဲ။
မိသားစုချင်း အငြင်းပွားနေတာလား၊
အပြင်လူနဲ့ အငြင်းပွားနေတာလား။
ကန်ထရိုက်နဲ့ အရင်ကဆောက်ဘူးလား၊
အပေးအယူပြတ်စဲပြီလား၊
သဘောတူညီချက်ရပြီလား၊
စာချုပ်ကိုတရားဝင်ဖျက်သိမ်းထားတာလား။
ကြိုပွိုင့်တိုက်ခန်းရောင်းမယ့် အဆောက်အဦး တည်ရှိရာမြေကို အဲ့ဒီလို စစ်စစ်ပေါက်ပေါက် စိစစ်ဖို့ လိုအပ်ပါတယ်။
(၂) ကြိုပွိုင့်တိုက်ခန်းရောင်းသူက ဘယ်သူလဲ?
++++++++++++++++++++++++
မြေရှင်က ကန်ထရိုက်တာနဲ့ စာချုပ်ချုပ်တယ်။ အကျိုးစီးပွား ခွဲတယ်။ ကန်ထရိုက်တာကိုယ်တိုင် အဆောက်အဦး ဆောက်တယ်။ ဒါမျိုး ရှိသလို ကန်ထရိုက်တာက Developer နောက်တစ်ဦးကို ထပ်လွှဲတယ်။ စာချုပ်ချုပ်တယ်။ ဒါမျိုးလဲ ဖြစ်နိုင်ပါတယ်။
ကန်ထရိုက်တာက ကြိုပွိုင့်အခန်းကို တိုက်ရိုက် ရောင်းနေတာလား။ Developer က ရောင်းနေတာလား။ ကိုယ်၀ယ်မယ့်အခန်းဟာ မြေရှင်ရမယ့် အကျိုးစီးပွားထဲကလား။ ကန်ထရိုက်တာရမယ့် အကျိုးစီးပွားထဲကလား။ ဒါမှမဟုတ် Developer ရမယ့် အကျိုးစီးပွားထဲကလား။ အဲ့ဒါတွေ သေချာသိဖို့ မြေရှင်နဲ့ကန်ထရိုက်စာချုပ်၊ ကန်ထရိုက်တာနဲ့ Developer ကြားက စာချုပ် တွေကို စိစစ်ဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်ကတော့ အဲ့ဒီ ကန်ထရိုက်တာတွေ၊ Developer တွေဟာ လူပုဂ္ဂိုလ်တွေ ဖြစ်နိုင်သလို ကုမ္ပဏီတွေလဲ ဖြစ်နိုင်တဲ့အတွက် ဘယ်သူတွေလဲ၊ ဘယ်လိုလူတွေ ဦးဆောင်တာလဲ သိရအောင် စုံစမ်းဖို့ လိုပါတယ်။ ကြိုပွိုင့်တိုက်ခန်း ရောင်းသူတွေထံမှာ လူ/ကုမ္ပဏီမှတ်ပုံတင် လက်မှတ်မိတ္တူ၊ ဒါရိုက်တာစာရင်း မိတ္တူနဲ့ စာချုပ်မိတ္တူတွေကို တောင်းခံကြည့်ရှု ရယူဖို့ လိုအပ်ပါတယ်။
(၃) စည်ပင်မှာ ဘယ်အဆင့် ရောက်ပြီလဲ?
+++++++++++++++++++++
ကြိုပွိုင့်တိုက်ခန်း ရောင်းမယ့် အဆောက်အဦးကို တည်ဆောက်ဖို့ မြေပုံကူးပြီးပြီလား။ မြေတိုင်းပြီးပြီလား။
အများပိုင်မြေ၊ နောက်ဖေးလမ်းကြားမြေ၊ ဘေးချင်းကပ်လျက်မြေတွေနဲ့ ငြိစွန်းမှု ရှိလား၊ မရှိဘူးလား။
ဆောက်လုပ်မယ့် အဆောက်အဦး ပုံစံငယ် (Plan Drawing) ကို တင်ပြပြီးပြီလား၊ အတည်ပြုပြီးပြီလား။ ဆောက်လုပ်ခွင့်ပါမစ်ကြီး လျောက်ထားပြီးပြီလား၊ ခွင့်ပြုချက် ရပြီးပြီလား။
အဆောက်အဦးဟောင်းကို ဖျက်သိမ်းခွင့် ရပြီလား၊ အဆောက်အဦးဟောင်းကို ဖျက်သိမ်းပြီးပြီလား။
ခွင့်ပြုချက်ရရှိပြီး တစ်ဆင့်ချင်းစီ အကြားမှာ ကန်ထရိုက်တာ/Developer က ဘယ်လောက်ကြာအောင် အချိန်ယူနေသလဲ၊ ချက်ချင်းဆောင်ရွက်တာလား၊ အကြာကြီးနေမှ ဆောင်ရွက်တာလား? တကယ်လို့ သိပ်ကြာမြင့်နေမယ်ဆိုရင် ငွေအရင်းအနှီးလုံလောက်မှု မရှိတာလား၊ အခန်းရောင်းထွက်မှ ဆောက်နိုင်မယ့် အခြေအနေလား။ တကယ်ရော ဆောက်ဖြစ်နိုင်မှာလား။ အဲ့ဒါတွေ စိစစ်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် စည်ပင်က ခွင့်ပြုထားပြီးသား ခွင့်ပြုမိန့်တွေကို သတ်မှတ်ကာလအတွင်း ကန်ထရိုက်တာ/Developer က အကောင်အထည်မဖော်လို့ စည်ပင်ရုံးက ပြန်ရုပ်သိမ်းထားပြီလား။ မြေရှင်ကိုယ်တိုင်က ဆက်မစောင့်ချင်လို့ စည်ပင်ရုံးမှာ ကန့်ကွက်စာ တင်ထားသလား၊ ခွင့်ပြုမိန့်ကိုပြန် ရုပ်သိမ်းဖို့ လျှောက်ထားတာမျိုး ရှိသလား။ ဒီအချက်တွေလဲ လေ့လာစီစစ်ဖို့ လိုအပ်ပါတယ်။
(၄) ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ်စာချုပ် တရား၀င်/မ၀င်
+++++++++++++++++++++++++++++++++
မြေရှင်နဲ့ ကန်ထရိုက်တာ စာချုပ်ပြီးရုံ ရှိသေးတယ်၊ စည်ပင်မှာလည်း ဘာဆောက်လုပ်ခွင့်မှ ခွင့်ပြုချက် မရသေးပဲ ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ်တွေ ၀ယ်သင့်လား၊ ၀ယ်လို့ရလား။ တရား၀င်လား။
ဥပဒေမှာတော့ မသေချာ မရောရာတဲ့ အနာဂတ်မှာ ဆောင်ရွက်ဖို့၊ မဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ပြုလုပ်တာဟာ တရားမ၀င်ဘူး၊ ပြုလုပ်လို့ မရဘူးလို့ ဆိုပါတယ်။ (၁၈၇၂ ခုနှစ် ပဋိညာဉ်ဥပဒေ ပုဒ်မ ၃၂-၃၆)
ဒီတော့ စည်ပင်က အဆောက်အဦး ဆောက်လုပ်ခွင့်လည်း မကျသေး၊ မြေပေါ်မှာလည်း ဘာမှ ဆောက်လုပ်အခြေချထားတာလည်း မရှိတဲ့အခြေအနေမှာ ကြိုပွိုင့်တိုက်ခန်းအရောင်းအ၀ယ် စာချုပ်တွေ ချုပ်ဆိုတာဟာ တရား၀င်တယ်လို့ မဆိုနိုင်ပါဘူး။ ဒီ ပဋိညာဉ်စာချုပ်ဟာ မူလကတည်းက ပျက်ပြယ်တဲ့ ပဋိညာဉ်စာချုပ် ဖြစ်ပါတယ်။ (ဒါကို ဘယ်လို ကုစားမလဲ ဆိုတာတော့ အခြားဆောင်းပါးတစ်ခုအနေနဲ့ သီးခြား ဆွေးနွေးဖော်ပြပေးပါမယ်။)
(၅) အရောင်းအ၀ယ် ပဋိညာဉ် မြောက်/မမြောက်
+++++++++++++++++++++++++++
ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ် ပြုလုပ်ခြင်းဆိုတာ ဥပဒေအရ အရောင်းအ၀ယ်ပြုလုပ်ဖို့ နှစ်ဦးသဘောတူ ပဋိညာဉ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အရောင်းအ၀ယ် စာချုပ်စာတမ်းဟာ ဥပဒေအရ သဘောတူညီချက် ပဋိညာဉ် ဖြစ်ပါတယ်။ တည်မြဲ ခိုင်မာတဲ့ ပဋိညာဉ် ဖြစ်ပါတယ်။ အရောင်းအ၀ယ် ပြုလုပ်ရာမှာ တိုက်ခန်းဖိုး (အဖိုးစားနား) ပါ၀င်ထည့်သွင်းသတ်မှတ်ထားတာ ဖြစ်လို့ တံဆိပ်ခေါင်းခွန် (၃၀၀)ကျပ် ထမ်းဆောင်ရပါတယ်။
- မြေရှင်နဲ့ အရှုပ်အရှင်းလည်း မရှိ
- စည်ပင်ခွင့်ပြုချက်လဲရ
- မြေပေါ်မှာလည်း ပိုင်ရိုက်ပြီးလောက်တဲ့အထိ အဆောက်အဦး ဆောက်လုပ်နေပြီ ဆိုရင်တော့ ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ်စာချုပ်ဟာ တည်မြဲခိုင်မာတဲ့ ပဋိညာဉ်လို့ ဆိုနိုင်ပါတယ်။
(၆) စာချုပ် ပယ်ဖျက်နိုင်တဲ့ အခြေအနေ
+++++++++++++++++++++
ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ် စာချုပ်မှာ
(၁) လိမ်လည်ထားတဲ့ အချက်တစ်ခုခု
(၂) အလွဲတင်ပြထားတဲ့ အချက်တစ်ခုခု
(၃) မှားယွင်းနေတာ တစ်ခုခု
(၄) မလျော်သြဇာသုံးတာ တစ်ခုခု
(၅) အနိုင့်အထက်ပြုတာ တစ်ခုခု
ရှိခဲ့မယ်ဆိုရင်တော့ စာချုပ်ကို ပယ်ဖျက်နိုင်ပါတယ်။ ပျက်ပြယ်တဲ့ ပဋိညာဉ်ဖြစ်ပါတယ်။ (၁၈၇၂ ခုနှစ် ပဋိညာဉ်ဥပဒေ ပုဒ်မ ၁၅-၁၉)
ဒါ့အပြင် ကန်ထရိုက်တာ/Developer က တိုက်မဆောက်ဘူး၊ အကောင်အထည်မဖော်ဘူး ဆိုရင်လည်း စာချုပ်ကို ဖျက်သိမ်းနိုင်ပါတယ်။ (၁၈၇၂ ခုနှစ် ပဋိညာဉ်ဥပဒေ ပုဒ်မ ၅၅) တစ်ဆက်တည်းမှာပဲ ပဋိညာဉ်ဖောက်ဖျက်မှုအတွက် နစ်နာကြေး၊ လျော်ကြေးကိုလည်း တောင်းဆိုနိုင်ပါတယ်။
တကယ်လို့ စာချုပ်ကို ပယ်ဖျက်ဖို့ မလိုအပ်ဘူးဆိုရင်တော့ ပြင်ဆင်-ဖြည့်စွက်-ချုပ်ဆိုနိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။
လေးစားစွာဖြင့်
U Phoe Phyu
Credit # # #
Click here to claim your Sponsored Listing.
Category
Website
Address
Yangon