Hello ECON
Sharing for the people who love Business and Economics subjects---
25/02/2026
🧩 Game Theory is the study of how people or firms make decisions when their results depend on what others choose. Each person tries to maximize their own benefit.
🧩 Game Theory ဆိုတာ လူတွေ (သို့) စီးပွားရေးလုပ်ငန်းတွေဟာ တခြားသူရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ကိုယ်အတွက် အကောင်းဆုံးရလဒ်ရဖို့ ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာကို လေ့လာတဲ့ သီအိုရီ ဖြစ်ပါတယ်။
👤👤Two prisoners (A and B are kept in separate cells and cannot communicate.
Each has two choices:
👉Stay Silent (Cooperate)
👉Confess (Betray)
Results:
🎭 If both stay silent → both get small punishment (best overall result).
🎭 If one confesses and the other stays silent → confessor goes free, the other gets heavy punishment.
🎭 If both confess → both get medium punishment (Nash Equilibrium).
✨Because they don’t trust each other, both usually confess, leading to a worse outcome.
Burmese:
👤👤 အကျဉ်းသား ၂ ယောက် (A နဲ့ B ကို သီးခြားထားပြီး မဆက်သွယ်နိုင်ဘူး။
သူတို့မှာ ရွေးချယ်စရာ ၂ ခုရှိတယ်
👉မဝန်ခံ (Cooperate)
👉ဝန်ခံ (Betray)
🎭 နှစ်ယောက်လုံး မဝန်ခံ → ပြစ်ဒဏ်နည်း (အကောင်းဆုံး result)
🎭တစ်ယောက်ဝန်ခံ၊ တစ်ယောက်မဝန်ခံ → ဝန်ခံသူ လွတ်နိုင်၊ မဝန်ခံသူ ပြင်းထန်ဒဏ်
🎭နှစ်ယောက်လုံး ဝန်ခံ → နှစ်ယောက်လုံး အလယ်အလတ်ဒဏ် (Nash Equilibrium)
👉 ယုံကြည်မှုမရှိတာကြောင့် လူတိုင်း ကိုယ်အကျိုးကိုပဲ စဉ်းစားပြီး အဆုံးမှာ ပိုဆိုးတဲ့ result ဖြစ်တတ်ပါတယ်။
🤗😇 Game Theory__ Prisoner’s Dilemma ကို Business လုပ်ငန်းတွေမှာ ဘယ်လိုအသုံးပြုလဲဆိုတာ ဆက်ရှင်းပြသွားပါမယ်
✅ 1. Price Competition (စျေးနှုန်းယှဉ်ပြိုင်မှု)
Myanmar:
ကုမ္ပဏီ ၂ ခု စျေးလျှော့ပြိုင်ကြရင် —
• နှစ်ဖက်လုံး စျေးမလျှော့ရင် → အမြတ်များ (best result)
• တစ်ဖက်စျေးလျှော့ရင် → တခြားကုမ္ပဏီ အရှုံး
• နှစ်ဖက်လုံး စျေးလျှော့ → အမြတ်လျော့ (Prisoner’s Dilemma result)
👉 ကိုယ်အကျိုးစဉ်းစားပြီး စျေးလျှော့ပြိုင်ရင် နှစ်ဖက်လုံးအတွက် မကောင်းဖြစ်နိုင်ပါတယ်
✅ 2. Quality Improvement (ကုန်ပစ္စည်းအရည်အသွေးပြိုင်မှု)
ကုမ္ပဏီတွေ quality မမြှင့်ဘဲ ကုန်ကျစရိတ်လျှော့ချချင်ပေမယ့် တခြားကုမ္ပဏီ quality မြှင့်ရင် ကိုယ်အရှုံးဖြစ်နိုင်တာကြောင့် နှစ်ဖက်လုံး ကုန်ကျစရိတ်တိုးတတ်တယ်။
✅ 3. Employee Salary Competition (လုပ်ခလစာပြိုင်မှု)
ကုမ္ပဏီတွေ အလုပ်သမားကို ဆွဲဆောင်ဖို့ လစာတိုးပြိုင်ရင် ကုန်ကျစရိတ်တိုးပြီး အမြတ်လျော့နိုင်တယ်။
အဲ့လောက်ဆိုရင် Hello Econ ရဲ့မိတ်ဆွေတွေကလည်း Game Theory ကို Business လုပ်ငန်းအပေါ်မှာ ဘယ်လိုအသုံးပြုကြလဲဆိုတာ နားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်-နောက်နေ့တွေမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ Topic တွေကို sharing လုပ်သွားပေးမှာဖြစ်လို့ Hello Econ Page လေးကို like and Follow လုပ်ထားဖို့ မမေ့ကြမဲ့ဦးနော် -
20/02/2026
ဒီနေ့မှာတော့ Hello Econ Students လေးတွေအတွက် Consumer Surplus နဲ့ Producer Surplus အကြောင်းလေး sharing လုပ်သွားပေးပါမယ်___
👜 Consumer Surplus
👉 ဝယ်သူက ပေးချင်တဲ့ဈေးထက် နည်းတဲ့ဈေးနဲ့ ဝယ်နိုင်တဲ့အခါ ရတဲ့အကျိုး ကို Consumer Surplus လို့ခေါ်တယ်။
✅ Formula
Consumer Surplus = Willingness to Pay − Actual Price
📌 ဥပမာ
• Burger တစ်လုံးကို $10 ပေးဖို့ စိတ်ရှိတယ်
• Market price = $7
👉 Consumer Surplus = $3 (ဝယ်သူအတွက် Benefit)
🏭 Producer Surplus
👉 ရောင်းသူက လက်ခံနိုင်တဲ့အနည်းဆုံးဈေးထက် ပိုမြင့်တဲ့ဈေးနဲ့ ရောင်းနိုင်တဲ့အခါ ရတဲ့အကျိုး ကို Producer Surplus လို့ခေါ်တယ်။
✅ Formula
Producer Surplus = Market Price − Minimum Acceptable Price
📌 ဥပမာ
• Burger တစ်လုံးကို $5 နဲ့ရောင်းလို့ရတယ်လို့ထင်တယ်
• Market price = $7
👉 Producer Surplus = $2 (ရောင်းသူအတွက် Benefit)
နောက်နေ့လေးတွေမှာလည်း Economics နဲ့ပတ်သတ်တဲ့ဗဟုသုတရစရာလေးတွေ sharing လုပ်သွားပေးမှာဖြစ်တဲ့အတွက် Like and follow လုပ်ထားဖို့ မမေ့ကြနံဦးနော် - 🤗😇
Click here to claim your Sponsored Listing.