Winner Sports

Winner Sports

Share

Your trusted iBet789 agent, since 2023. Reliable,secure and perfect betting experience.

28/06/2026

တောင်အာဖရိက 0:1 ကနေဒါ

ကနေဒါရဲ့ခြေစွမ်းက နိူင်ခဲ့တာတောင် ဒီ့ထက်ပိုပြီး နောက်တစ်ဆင့်တက်ပါ့မလားရင်လေးစရာပါ။ တောင်အာဖရိက,ကတော့ ဒီလောက်ပဲတတ်နိုင်ခဲ့ပုံရပါတယ်။ နောက်ဆုံး မိနစ်မှ အသည်းခွဲခံလိုက်ရတာထက် တစ်ပွဲလုံးလည်း ဘာမှလုပ်ပြနိုင်ခဲ့တာမရှိပါဘူး။ ပိုကောင်းတဲ့အသင်းနိုင်သွားတယ်ပဲပြောရမယ်။

ကနေဒါက နယ်သာလန်/မော်ရိုကို နှစ်သင်းထဲကတစ်သင်းနဲ့ကစားရမှာပါ။ တော်အာဖရိကကိုတောင် ဒီလောက်ထိကန်နေရတဲ့အသင်းအတွက် Chance မရှိပါဘူး။ အိမ်ရှင်အသင်းတွေထဲ အရင်ဆုံးထွက်ခွာရတဲ့အသင်းက ကနေဒါဖြစ်လာမယ်ဆိုလည်းမထူးဆန်းတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကနေဒါလိုအသင်းအတွက် ဒီအဆင့်အထိရောက်နိုင်ခဲ့တာကိုက ဂုဏ်ယူစရာဖြစ်ပါတယ်။

28/06/2026

ခြေစွမ်းနဲ့တန်တာကိုပဲရခဲ့တဲ့ ဥရုဂွေး

ဥရုဂွေးအတွက် ဒီကမ္ဘာ့ဖလားဟာ အဆင်မပြေခဲ့ပါဘူး။ နိုင်ပွဲတစ်ပွဲမှမရပဲ အုပ်စုအဆင့်ကနေအိမ်ပြန်ခဲ့ရတယ်။ နည်းပြဘီယယ်ဆာရဲ့ အသင်းသားတွေကြားမှာလည်း ပြသာနာတွေရှိခဲ့ကြောင်းသိရပါတယ်။

အခုလို ပြသာနာပေါင်းသောင်းခြောက်ထောင်နဲ့ဥရုဂွေးဟာခြေစွမ်းအရလည်း စိတ်ပျက်စရာဖြစ်ခဲ့တာပါ။ ဒါကြောင့်သူတို့အတွက် စီစဥ်ပေးထားတဲ့သီးသန့်ဂျက်လေယာဥ်ကို ပယ်ဖျက်လိုက်ပြီး ကစားသမားတွေအားလုံး ကိုယ့်စားရိတ်နဲ့ကိုယ်အိမ်ပြန်ရတော့မှာဖြစ်ပါတယ်။ ဥရုဂွေးပရိသတ်တွေကတော့ ဒီအချက်ကိုသဘောကျနေပြီး ခြေစွမ်းနဲ့တန်တာကိုပဲရတာဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Photos from Winner Sports's post 27/06/2026

ဗင်နီဇွဲလားမှာ လှုပ်ခတ်ခဲ့တဲ့ ၇.၅ အင်အားပြင်းငလျင် လူပေါင်း ၁၀၀၀ လောက်သေဆုံးစာရင်း ရှိနေပြီး ကယ်ဆယ်ရေးဆောင်ရွက်နေရဆဲ ဖြစ်ပါတယ် ။

မနေ့ညက ကမ္ဘာ့ဖလားပြိုင်ပွဲက ပြိုင်ပွဲဝင်အသင်းတွေဟာလည်း ပွဲမစတင်ခင်မှာ ဝမ်းနည်းခြင်း ဆုတောင်းခြင်း ခေတ္တငြိမ်သက်ပေးခဲ့ကြပါတယ်၊

လောကကြီးပျက်စီးပုံ သေကြေကြရပုံက အင်မတန် တရားရစရာကောင်းလှပါတယ်၊ စစ်တွေဖြစ်ပြီး လူအချင်းချင်း သတ်လို့သေကြသလို ငလျင် ရေကြီး မုန်တိုင်းနဲ့ ကပ်ရောဂါတွေကြောင့်လည်း အမှုန်မွှားတွေပမာ ပျက်စီးပျောက်ဆုံးနေကြတာ အချိန်နဲ့အမျှပါပဲ ။

Winner Sports

27/06/2026

ကိပ်ဗာဒီအသင်း နောက်တစ်ဆင့်တက်ပြီ 👏

မနေ့ညက ဥရုဂွေးအသင်း စပိန်ကိုရှုံးပြီးနောက်မှာ ကိပ်ဗာဒီအသင်းဟာ 32သင်းအဆင့်ကို တက်ရောက်နိုင်သွားခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ဒီကျွန်းနိုင်ငံငယ်လေးအတွက် တကယ့်ကို ဂုဏ်ယူစရာ ကောင်းနေလှပါပြီ 💙

ရှုံးထွက်အဆင့် လာမယ့် ဇူလိုင် ၄ရက်နေ့မှာတော့ အာဂျင်တီးနားအသင်းနဲ့ တွေ့မှာဖြစ်ပါတယ် ။

Winner Sports

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon