NextGen Impact

NextGen Impact

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NextGen Impact, Yangon.

24/04/2026

❝ ရယ်သောသူသည် အသက်ရှည်၏ ❞ 🔋

မင်္ဂလာပါ Astronauts လေးတို့ရေ 🖐

🤞 မင်မင်တို့ Mental Health team ကနေ Astronauts လေးတို့အတွက် Weekly Content အစီအစဥ်အသစ်လေးနဲ့ ကနဦးစွာ မိတ်ဆက်ပေးပါရစေ 👀

✍️ ဒါလေးကတော့ Mental Health နဲ့သက်ဆိုင်ပြီး ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေကို Fun Facts လေးတွေအဖြစ် ရေးသားပြီး တင်ဆက်ပေးမဲ့ 𝐅𝐮𝐧 𝐅𝐚𝐜𝐭𝐬 𝐅𝐫𝐢𝐝𝐚𝐲 လေးပဲ ဖြစ်ပါတယ် 🧩

1️⃣ ဒီ Project လေးရဲ့ ပထမဆုံး Content လေးကိုတော့ ❝ရယ်သောသူသည် အသက်ရှည်၏❞ ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ပဲ စလိုက်ကြရအောင် 👉

🗣 ရယ်မောခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကို လူတွေယုံကြည်လက်ခံကြတာ အချိန်တော်တော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချက်ကို ထောက်ခံနေတဲ့ ဥပမာတစ်ခုအနေနဲ့ကတော့ Norman Cousins ရဲ့ လေ့လာတွေ့ရှိချက်ကိုပဲ ပြောရပါမယ် 👐

🦠 သူဟာ အလွန်ပြင်းထန်တဲ့ အဖျားဝေဒနာတစ်ခုကို ခံစားခဲ့ရပါတယ်။ အဲ့အချိန်မှာ သူတွေ့ရှိခဲ့တာကတော့ 10 မိနစ်စာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ခြင်းက သူ့ကို နာကျင်မှုမရှိစေဘဲ 2 နာရီကြာ အိပ်စက်နိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာပါပဲ 🛏

🤔 ဒါကိုကြားတော့ ဖြစ်နိုင်ပါ့မလားလို့ Astronauts လေးတို့ သံသယဝင်နေကြပြီမလား။ ထားမသွားဘူး ဆိုတာတောင် ယုံခဲ့ကြသေးတာပဲ... 💔 ( မင်မင်က အလကားနောက်တာပါနော်😅 )

👨‍🔬 ဒီအချက်ကို မှန်ကန်ကြောင်း ထောက်ပြပေးနေတဲ့ သိပ္ပံပညာဆိုင်ရာ သက်သေအထောက်အထားတွေလဲ ရှိပါတယ်။ အဲ့တာကတော့ Astronauts လေးတို့ ရယ်မောနေတဲ့အချိန် ကိုယ်ခန္ဓာအတွင်းမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ် ▶️

▪️ ပထမတစ်ခုကတော့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုး လျော့နည်းသွားပါတယ်။ ဒါကြောင့်ပဲ စိတ်ပင်ပန်းမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်တာပါ။

▪️ နောက်တစ်ခုကတော့ ကိုယ်ခန္ဓာအတွင်းက ပျော်ရွှင်မှုကို ပေးနိုင်တဲ့ သဘာဝဓာတ်တွေကို ထုတ်လွှတ်ပေးပါတယ်။ အဲဒီအရာတွေက နာကျင်မှုကို လျော့နည်းစေပြီး စိတ်ကိုပိုမို သက်သာပျော်ရွှင်စေပါတယ်။

🏨 ဒီဘက်ခေတ်မှာတော့ ဆေးရုံကြီးတွေကဆရာဝန်တွေတောင် ဒီအချက်ကို အသုံးချနေကြပါပြီ။ လူနာတွေ စိတ်သက်သာရာရဖို့၊ စိုးရိမ်ပူပန်မှုတွေ လျော့နည်းစေဖို့ လူပြက်တွေနဲ့ ဟာသတွေကို လူနာတွေရယ်မောပျော်ရွှင်လာဖို့အတွက် အသုံးပြုလာကြပါတယ် 🤹‍♂️

🕊ဒါကြောင့် ရယ်မောခြင်းဆိုတာ သာမန်ပျော်ရွှင်မှုတစ်ခုတင် မဟုတ်ပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်ခန္ဓာကို တကယ်ကူညီပေးနိုင်တဲ့ အရေးပါတဲ့ အရာတစ်ခုပါ။ မရှိတော့တဲ့ လူတစ်ယောက်ကို လွမ်းပြီး နာကျင်ခံစားနေမဲ့အစား ကိုယ့်ကိုယ်ကိုယ်ချစ်ကြောင်း သက်သေပြဖို့ ဒီနေ့ကစပြီး များများရယ်လိုက်ကြရအောင်နော် Astronauts လေးတို့ရေ ✨

See you in next contents 🙇‍♂️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00