Infinity Myanmar Real Estate

Infinity Myanmar Real Estate

Share

We're Real Estate Agent in Yangon. We had some Rooms for show and offer. If you need something, plea

Photos from Infinity Myanmar Real Estate's post 05/10/2022

မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ရေးကူးခွင့် လျှောက်ထားခြင်း

မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ရေးကူးခွင့် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံရပါမည်-

၁။ လျှောက်ထားလိုသူသည် မြေစာရင်း ပုံစံ-၁၀၃ ဖြင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှူးထံ လျှောက်ထားရမည်။

၂။ မြေစာရင်း ပုံစံ-၁၀၃ ၏ အပိုင်း(၁) မြေစာရင်း၊ မြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းကို လျှောက်ထားသူကိုယ်တိုင် ရေးသွင်းဖော်ပြ၍ လက်မှတ်ရေးထိုး ရပါမည်။

၃။ ရေးကူးလိုသည့် မြေကွက်အကြောင်းအရာ အချက်အလက်များကို သက်ဆိုင်ရာစာရင်း၊ မြေပုံဖြင့်တိုက်ဆိုင်၍ မှန်ကန်စွာရေးသွင်းဖော်ပြရပါမည်။

၄။ လျှောက်ထားသူမှ ရေးကူးလိုသည့်အကြောင်းအရာ (ဥပမာ- စာချုပ် စာတမ်းမှတ်ပုံတင် ပြုလုပ်ရန်/တရားရုံး သက်သေခံ တင်ပြရန် စသည်ဖြင့်) ဖော်ပြရပါမည်။

၅။ လျှောက်လွှာတွင် ပိုင်ဆိုင်သူ (သို့မဟုတ်) သက်ဆိုင်သူ ကိုယ်တိုင်လျှောက်ထားလျင် ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တနည်းနည်းဖြင့်သက်ဆိုင်ကြောင်း အထောက်အထားကိုလည်းကောင်း၊ ကိုယ်စားလှယ်က လျှောက်ထားလျှင် တရားဝင်ကိုယ်စားလှယ်လွှဲစာကိုလည်းကောင်း ပူးတွဲတင်ပြရပါမည်။

၆။ မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ရေးကူးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ (၆.၃.၂၀၁၇) ရက်စွဲပါစာအမှတ်၊ ၁၈၆၃ / မပ (စီမံ) - ၁၆ (၁၇) ညွှန်ကြားချက်အရ“ လျှောက်ထားသူမှ မြေစာရင်းပုံစံ (၁၀၃) ဖြင့် စတင်လျှောက် ထားသည့်နေ့မှစ၍ အငြင်းပွားမှုမရှိသည့် သာမန်ကိစ္စရပ်များတွင် ကွင်းဆင်းစိစစ်ခြင်း၊ မြေပုံမြေရာဇ၀င်များနှင့် တိုက်ဆိုင်စိစစ်ပြီး မြေပုံရေးကူးခြင်းကိစ္စရပ်အပါအ၀င် လျှောက်လွှာ စတင်လက်ခံရရှိသည့်နေ့မှစ၍ မြေပုံမြေရာဇ၀င်များ ပြန်လည်ထုတ်ပေးသည့် နေ့အထိ အနည်းဆုံး (၁၅) ရက်ခန့် ကြာနိုင်ပါသည်။

mandalay gov website မှ ရယူတင်ပြခြင်းဖြစ်ပါသည်။

ပူးတွဲ - မြေစာရင်း ပုံစံ ၁၀၃

CRD to ဆရာ မျိုးမင်းထွန်း

Photos from Infinity Myanmar Real Estate's post 17/09/2022

၂၀၂၂ - ၂၀၂၃ ခုနှစ် အိမ်ခြံမြေ အခွန်စည်းကြပ်နှုန်းထားများ

ရန်ကုန်တိုင်းဒေသကြီး ( ကာလတန်ဖိုး စီစစ်ရေး ရာဖြတ်နှုန်းထားများ)

12/07/2022

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဆိုတဲ့ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဟာ ဘုရားလောင်း

စတင်သန္ဓေတည်တဲ့နေ့
တောထွက်တော်မူတဲ့နေ့
စမ္မစကြာတရားထူး တရားမြတ် ဟောတော်မူတဲ့နေ့
ရေမီး အစုံစုံနဲ့ တန်ခိုး ပြာဋိဟာ ပြတော်မူတဲ့နေ့ ဟူ၍

ဗုဒ္ဓသာသနာမှာ သမိုင်းတွင်ခဲ့တဲ့ ဖြစ်ရပ် ၄ ရပ် ဖြစ်ပွားခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။

အဲ့လို နေ့ထူးနေ့မြတ်မှ စတင်၍ ကမ္ဘာသူ ကမ္ဘာသား အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ကြပါစေလို့ ကျွန်တော်တို့ Infinity Myanmar Real Estate မှ ဆုတောင်း ပေးလိုက်ပါတယ်။

လူကြီးမင်းတို့ရဲ့ လိုအပ်နေတဲ့ (သို့) ပိုလျှံနေတဲ့ အိမ်ခြံ‌ေမြ များကို ရောင်း၊ ငှား ပြုလုပ်နိုင်ရန် ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon