Vibe Clothing Brand

Vibe Clothing Brand

Share

Match Your Mood

05/06/2026

📱⚠️ အသက် ၁၀ နှစ်ကျော် ကလေးတွေ Online ပေါ်မှာ ဘာတွေလုပ်နေကြလဲ

ဒီနေ့ခေတ် ကလေးတွေဟာ TikTok ကြည့်တာ၊ Online Game ဆော့တာ၊ Chatting လုပ်တာနဲ့ Content ဖန်တီးတာတွေကို နေ့စဉ် လုပ်ဆောင်နေကြပါတယ်။

⚠️ဒါပေမယ့် Cyberbullying၊ Online လူလိမ်များ၊ မသင့်တော်တဲ့ Content တွေနဲ့ ဖုန်းစွဲလမ်းမှုလို အန္တရာယ်တွေလည်း ရှိနေပါတယ်။

📵ဖုန်းကို လုံးဝမသုံးခိုင်းဘဲ ပိတ်ပင်တာထက် အသုံးဝင်ပြီး လုံခြုံတဲ့ Website တွေကို ညွှန်ပြပေးတာက ပိုကောင်းပါတယ်။

🌍 ကလေးတွေအတွက် အသုံးဝင်တဲ့ Website (၇) ခု

1️⃣ National Geographic Kids – သဘာဝ၊ တိရစ္ဆာန်နဲ့ သိပ္ပံဗဟုသုတများ
2️⃣ Code.org – Coding အခြေခံကို ဂိမ်းဆော့ရင်း လေ့လာနိုင်ပါတယ်။
3️⃣ NASA Kids' Club – အာကာသနှင့် စကြဝဠာအကြောင်း စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါတယ်။
4️⃣ Duolingo – ဘာသာစကားမျိုးစုံကို ပျော်ရွှင်စွာ သင်ယူနိုင်ပါတယ်။
5️⃣ PBS KIDS – ပညာပေးဂိမ်းများနှင့် ဗီဒီယိုများ
6️⃣ BrainPOP – ကျောင်းသင်ခန်းစာများကို Animation များဖြင့် နားလည်လွယ်အောင် သင်ကြားပေးပါတယ်။
7️⃣ Highlights Kids – ပဟေဠိများ၊ Crafts များဖြင့် တီထွင်ဖန်တီးနိုင်စွမ်း မြှင့်တင်ပေးပါတယ်။

✨ မေမေတို့အတွက် အကြံပြုချက်

✔ Google Family Link ကဲ့သို့သော Parental Control App များ အသုံးပြုပါ။
✔ Privacy Settings များကို စနစ်တကျ ချိန်ညှိပေးပါ။
✔ "ဒီနေ့ Online ပေါ်မှာ ဘာအသစ်တွေ တွေ့ခဲ့လဲ" ဆိုတဲ့ မေးခွန်းလေးနဲ့ ကလေးတွေနဲ့ ပုံမှန် စကားပြောပေးပါ။
ကလေးတွေကို စစ်ဆေးတာထက် နားထောင်ပေးပြီး လမ်းညွှန်ပေးတာက Digital ခေတ်မှာ အကောင်းဆုံး Parenting နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 💕 မင်မင်တို့ရဲ့စာလေးတွေသဘောကျတယ်ဆိုရင် Like and Share လေးလုပ်သွားပေးပါဦး။ 🩷💕

01/06/2026

Style Pant ကတော့ တကယ့် Best Seller လေးပါပဲ။ ဝယ်ယူအားပေးကြတဲ့ ၁ ယောက်ချင်းစီကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်။

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kant Kaw Street
Yangon
11441