Zaw Khin Mobile
Online Shop
Yangon, Dawbon Tsp.
23/05/2026
Finance Lock (သို့မဟုတ် Knox Guard / Device Lock) ဆိုတာ......
ဖုန်းတွေကို အရစ်ကျစနစ် (Instalment) နဲ့ ဝယ်ယူတဲ့အခါ သတ်မှတ်ထားတဲ့ လစဉ်ကြေး မပေးသွင်းရင် ဖုန်းကို လှမ်းပိတ် (Lock) လို့ရအောင် ဖုန်းကုမ္ပဏီတွေ ဒါမှမဟုတ် ငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းတွေက ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲလ်လုံခြုံရေးစနစ် ဖြစ်ပါတယ်။
အရစ်ကျစနစ် ခေတ်စားလာတာနဲ့အမျှ ဒီ Finance Lock စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။
၁။ Finance Lock ဘယ်လိုအလုပ်လုပ်သလဲ။
စနစ်အတွင်း မြှုပ်နှံထားခြင်း -
ဒီ Lock စနစ်ဟာ သာမန် App တွေလို ဖျက်ပစ်လို့မရပါဘူး။ ဖုန်းရဲ့ Hardware Level သို့မဟုတ် Operating System (OS) ရဲ့ အမြစ်ထဲအထိ Firmware အဆင့်နဲ့ တွဲဆက်ထားတာ ဖြစ်ပါတယ်။
(ဥပမာ - Samsung ဖုန်းတွေမှာဆိုရင် Samsung Knox လုံခြုံရေးစနစ်နဲ့ တွဲထားတာမျိုးပါ)။
အလိုအလျောက် ပိတ်ဆို့ခြင်း - အကြွေးဆပ်ရမယ့်ရက် ကျော်လွန်သွားရင် (သို့မဟုတ်) ဖုန်းကို အင်တာနက်ချိတ်လိုက်တာနဲ့ ကုမ္ပဏီရဲ့ Server ကနေ လှမ်းပြီး ဖုန်းတစ်ခုလုံးကို သုံးမရအောင် Screen ပေါ်မှာ စာတန်းကြီးပေါ်ပြီး ပိတ်ချလိုက်ပါတယ်။ Emergency ဖုန်းခေါ်ဆိုမှုကလွဲရင် ဘာမှလုပ်လို့မရတော့ပါဘူး။
၂။ ဈေးကွက်ထဲမှာ "Finance Lock မိတဲ့အလုံး" ဆိုပြီး ဘာလို့တွေ့နေရလဲ။
အရစ်ကျယူပြီး ပြန်ရောင်းခြင်း -
လူတစ်ယောက်က ဆိုင်တစ်ဆိုင်မှာ မှတ်ပုံတင်ပြ၊ ရှေ့ပြေးငွေ (Down Payment) အနည်းငယ်ပဲပေးပြီး ဖုန်းကို အရစ်ကျစနစ်နဲ့ ယူလိုက်ပါတယ်။
ပြီးရင် လစဉ်ကြေး ဆက်မသွင်းတော့ဘဲ အပြင်ဖုန်းအပွတ်ဆိုင်တွေ ဒါမှမဟုတ် Online ကနေတစ်ဆင့် ကာလပေါက်ဈေးထက် သက်သက်သာသာနဲ့ ပြန်ရောင်းချပစ်လိုက်တာမျိုး ဖြစ်ပါတယ်။
ဒုတိယဝယ်သူ ခံရခြင်း - အဲဒီဖုန်းကို သတိမထားမိဘဲ ဝယ်လိုက်တဲ့ ဒုတိယလူ (သို့မဟုတ်) အဆက်အသွယ်မရှိဘဲ ဝယ်မိတဲ့သူဟာ ရက်ပိုင်း သို့မဟုတ် လပိုင်းနေလို့ အကြွေးဆပ်ရမယ့်ရက်ကျော်သွားတဲ့အခါ မိမိဖုန်းမှာ "Finance Lock" ကျပြီး သုံးမရဖြစ်သွားတတ်ပါတယ်။
၃။ Finance Lock ကျထားတဲ့အလုံးကို Bypass လုပ်လို့ရလား။
ဖုန်းပြင်သမားတွေက Bypass လုပ်နည်းမျိုးစုံ သုံးကြပါတယ်။
Software နဲ့ကျော်ခြင်း (Temporary Bypass) - လောလောဆယ် သုံးလို့ရအောင် လှည့်စားထားတဲ့နည်း ဖြစ်ပါတယ်။ အင်တာနက်ဖွင့်လိုက်တာနဲ့ သို့မဟုတ် ဖုန်းကို Factory Reset ချလိုက်တာနဲ့၊ Software Update တက်လာလို့ Update တင်လိုက်တာနဲ့ ပြန်ပိတ်သွားတတ်ပါတယ်။
Hardware/Firmware ကလိခြင်း (Permanent Bypass) - ဖုန်းရဲ့ CPU နဲ့ IC တွေကို စက်တွေနဲ့ချိတ်ပြီး ဆော့ဖ်ဝဲလ်အမြစ်ကို လိုက်ဖျက်တာမျိုး ရှိပေမယ့် ဖုန်းရဲ့စွမ်းဆောင်ရည် ကျဆင်းသွားတာ၊ Mobile Banking App တွေ သုံးလို့မရတော့တာမျိုး (Knox Tripped / Bootloader Unlocked ပြဿနာ) တွေ ကြုံရတတ်ပါတယ်။
၄။ Finance Lock အလုံး မမိအောင် ဘယ်လိုစစ်ဆေးမလဲ။
Setting ထဲတွင် စစ်ဆေးရန် -
Samsung: Settings -> Security and Privacy -> More Security Settings -> Trust Agents သို့မဟုတ် Device Admin Apps ထဲမှာ Knox Guard သို့မဟုတ် ငွေကြေးကုမ္ပဏီတစ်ခုခုရဲ့ (ဥပမာ- GL AMK, Aeon စသဖြင့်) App ရှိမရှိ စစ်ပါ။
Xiaomi / Redmi / Android အခြား Brand များ: Settings -> Privacy -> Special Apps Access -> Device Admin Apps ထဲမှာ မသင်္ကာဖွယ် ကုမ္ပဏီ Admin အခွင့်အရေး ယူထားတာ ရှိ၊ မရှိ စစ်ဆေးပါ။
Factory Reset ချခိုင်းပါ - ဖုန်းမဝယ်ခင် ပိုင်ရှင်ကို မိမိရှေ့တင် Factory Reset (Hard Reset) ချခိုင်းပါ။
Reset ကျပြီး အင်တာနက် (Wi-Fi သို့မဟုတ် Cellular Data) ချိတ်ပြီး Setup ဆွဲကြည့်ပါ။
Finance Lock ပါရင် အင်တာနက်မိတာနဲ့ ဖုန်းက ရှေ့ဆက်ပေးမသွားဘဲ Lock စာတန်း တန်းပေါ်လာပါလိမ့်မယ်။
CEIR Bypass က ကွန်ရက် (Network) ပဲ ပိတ်တာဖြစ်ပြီး ဖုန်းကို Wi-Fi နဲ့ သုံးလို့ရသေးပေမယ့်၊
Finance Lock ကတော့ ဖုန်းတစ်ခုလုံးကို ပါဝါပွင့်ရုံကလွဲလို့ ဘာမှသုံးမရအောင် ကန့်သတ်ပစ်တာ ဖြစ်လို့ ပိုပြီး အန္တရာယ်ကြီးပါတယ်။
ဈေးကွက်ထဲမှာ Bypass တွေအတွေ့ရများလာတမို့ သေချာစစ်ဆေးပြီးဝယ်ယူကြဖို့လိုအပ်လာပါပြီ
Bypass အလုံးတွေဟာ ပုံမှန် ကာလပေါက်ဈေးထက် ဈေးပိုသက်သာနေတတ်ပါတယ် ...
30/04/2026
Sold Out 🥰
လကုန်ရက်လေး အသစ်တိုင်းရှယ်လေးရအုံးမယ်ဗျာ
အသစ်ဈေး 17သိန်းဘာညာပေးမဝယ်နဲ့ တန်တန်လေးကိုင်လိုက်...2 လုံး ကြိုက်တာရွေးယူဗျာ..
ူးစုံများနဲ့အလဲထပ်ရပါတယ်
ူးစုံတွေပြန်ဝယ်ပါတယ်ဗျ
K80 Ultra 12/256 Gray & White
(6.9", AMOLED 120Hz, 50MP, Dimensity 9400+, 7410mAh, 100W)
All Accessories Box Cover
Accessories မသုံးထား
BT Health 100%
ဖေါက်စစ် Condition 100%
Price _ 1455000 /-
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Warranty 15 Days
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Telegram Channel 🔗 https://t.me/zawkhinmobile
YGN / ဒေါပုံ ဝါဆိုမှတ်တိုင်
09 764514032 / 09 691606979
17/03/2026
Oppo Find X5 Pro 5G Global
Camera Display Design ပိုင်းနဲ့တင်တန်နေတဲ့ဖုန်းတလုံး...
Old Flagship ဖုန်းတစ်လုံးဖြစ်ပေမဲ့ အခုအချိန်အထိ Performance ပိုင်းနဲ့ Camera ပိုင်းမှာ တော်တော်လေး ကောင်းမွန်နေဆဲ ဖုန်းတစ်လုံးဖြစ်ပါတယ်...
ဒီဖုန်းရဲ့ အဓိက အချက်အလက်တွေကို အောက်မှာ အနှစ်ချုပ် ဖော်ပြပေးထားပါတယ်...
Oppo Find X5 Pro 5G ရဲ့ Camera နဲ့ Display အပိုင်းဟာ အခုအချိန်အထိ Flagship အဆင့်အတန်းတစ်ခုကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်...
1. Camera Quality (Hasselblad & MariSilicon X)
ဒီဖုန်းရဲ့ အဓိက ဆွဲဆောင်မှုက Camera ဖြစ်ပြီး Oppo ရဲ့ ကိုယ်ပိုင် Image Processor (NPU) ဖြစ်တဲ့ MariSilicon X ကြောင့် တော်တော်လေး ထူးခြားပါတယ်...
Main Camera (50MP): Sony IMX766 sensor ကို သုံးထားပြီး OIS 5-axis stabilization (Sensor-shift) ပါဝင်တာကြောင့် ဗီဒီယိုရိုက်တဲ့အခါ ဒါမှမဟုတ် လှုပ်ရှားနေရင်း ဓာတ်ပုံရိုက်တဲ့အခါ တော်တော်လေး ငြိမ်ပါတယ်...
Ultrawide (50MP): ပုံမှန်ဖုန်းတွေလို Ultrawide ရိုက်ရင် Quality ကျသွားတာမျိုး မရှိဘဲ Main camera နဲ့ တန်းတူ Sony IMX766 sensor ကိုပဲ သုံးထားပါတယ်။ Free-form Lens ကြောင့် ပုံဘေးစွန်းတွေ ကောက်သွားတာမျိုး (Distortion) နည်းပါတယ်...
Hasselblad Color Calibration: နာမည်ကြီး Hasselblad နဲ့ ပူးပေါင်းထားလို့ ဓာတ်ပုံတွေရဲ့ အရောင်အသွေးဟာ သဘာဝဆန်ပြီး "Cinematic Look" ရပါတယ်...
အထူးသဖြင့် XPAN Mode နဲ့ ရိုက်ရင် 65:24 ratio (Panorama ပုံစံ) အလန်းစားပုံတွေ ရနိုင်ပါတယ်...
Night Video: MariSilicon X chip ကြောင့် ညဘက် 4K Video ရိုက်ရင် Noise (အစက်အပျောက်) နည်းပြီး အလင်းအမှောင် ချိန်ညှိမှု တော်တော်လေး ကောင်းပါတယ်...
2. Display (QHD+ LTPO2 AMOLED)
မျက်နှာပြင်ပိုင်းမှာတော့ အကောင်းဆုံး Panel တွေထဲက တစ်ခုကို သုံးထားတာပါ...
Resolution: QHD+ (3216 x 1440 pixels) ဖြစ်လို့ စာသားတွေ၊ ပုံရိပ်တွေဟာ အလွန်ကြည်လင် ပြတ်သားပါတယ်...
LTPO2 Technology: ဒီနည်းပညာကြောင့် Refresh rate ကို 1Hz ကနေ 120Hz အထိ အလိုအလျောက် ပြောင်းလဲပေးပါတယ်။ (ဥပမာ- စာဖတ်နေရင် 1Hz ပဲ သုံးပြီး ဂိမ်းဆော့ရင် 120Hz သုံးတာမျိုးဖြစ်လို့ Battery သက်သာစေပါတယ်)...
Color Accuracy: 10-bit (1 Billion colors) ကို Support ပေးတာကြောင့် အရောင်အသွေး စုံလင်ပြီး Video ကြည့်တဲ့အခါ အရောင်အကူးအပြောင်းတွေက အလွန် ချောမွေ့ပါတယ်...
Oppo Find Series တွေဟာ Oppo ရဲ့ Flagship lineup ဖြစ်ပြီး လူကြိုက်များပါတယ်
📱Oppo Find X5 Pro 5G Global
♥️Ram 12 GB
♥️Memory 256 GB
♥️Original Box and Cover
♥️Gift ( Oppo 33W Super VOOC Charger)
♥️Condition 97/98%
👉Price _ 1080000/-
To Order _ In stock
Yangon ဒေါပုံ ၊ ဝါဆို
09764514032
09691606979
16/03/2026
ပါဗျ
Game ဆော့မလား 8 Elite နဲ့ဗျာ
Camera လား Tele နဲ့ဘာနဲ့ဗျာ
Compact Size ၊ Flagship feel ရချင်ရင် ဒါလေးမဆိုးဘူး
K90 12/256 White
Original Accessories Box Cover
Charger မသုံးထားဘူး အသစ်
အဝယ်ဘောင်ချာပါမယ် ၊ အာမခံပါတယ်
*ဈေးမလွတ်ဘူး*
Warranty 15 Days
Yangon သာကေတ ဒေါပုံ ဝါဆိုမှတ်တိုင်
09764514032
09691606979
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon